ငယ်နဲ့ ဦးတိမ်တိုက်တို့ .Accident ဖြစ်တယ်ဆိုတဲ့..သတင်းကို ရန်နိုင်ရှင်း ကြားကြားချင်းဘဲ..ငယ်တို့ကို ပို့လိုက်သည့် ဆေးရုံဆီသို့..အမြန်ဆုံးဘဲ..လိုက်သွားခဲ့လေသည်။
""ငယ်.""
အရေးပေါ် ခွဲစိတ်ခန်းရှေ့မှာ..တုန်တုန်ယင်ယင်လေးနဲ့..ရပ်ေနရှာသည့် ငယ့်ကို ကြည့်ရင်း..ရန်နိုင်ရှင်းရင်ထဲမေကာင်း..။
""ငယ်...""
""ဟင်..ကိုကို..""
""ငယ် ဘာတွေ ဖြစ်ကြတာလဲ..""
""ငယ်လဲ..သေချာမသိဘူး..ကိုကို..
ငယ်လမ်းဖြတ်ကူးနေတုန်း..ကားတစ်စီးက..ငယ့်ကို တိုက်ဖို့ကြိုးစားခဲ့တယ်..ကိုကြီးကငယ့်ကို..၀င်ကယ်ရင်းနဲ့..ထိခိုက်မိသွားတာ..ငယ် အရမ်းကြောက်တယ်..ကိုကို..ကိုကြီး..ဘာမှမဖြစ်လောက်ပါဘူးနော်..""ငယ်က..တုန်ယင်စွာနဲ့..ရန်နိုင်ရှင်း၏လက်ကို ဆုပ်ကိုင်ထားရင်းနဲ့ ဆိုသည်။
"""ဘာမှမဖြစ်ပါဘူး..ငယ်..အရမ်းကြီး စိတ်မပူနဲ့နော်..ဒါနဲ့..ငယ်ရော.ထိခိုက်မိထားတာလား..""
ငယ် အင်္ကျီပေါ်က သွေးစများကို ကြည့်ရင်း..ရန်နိုင်ရှင်း ထိတ်လန့်တကြားနဲ့မေးလိုက်သည်။
""ဟင့်အင်း..ငယ်ဘာမှမဖြစ်ဘူး...ငယ်အင်္ကျီပေါ်က..သွေးတွေက..ငယ်သွေးတွေမဟုတ်ဘူး..ကိုကြီးရဲ့သွေးတွေ..""
ငယ်က ငိုမဲ့မဲ့လေးနဲ့ဆိုသည်။ ရန်နိုင်ရှင်း ငယ်အားသနားလွန်းလို့..အသာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး..ဖက်ထားလိုက်မိသည်။
ရန်နိုင်ရှင်း ရင်ခွင်ထဲ ရောက်သွားတော့..ငယ်ခဗျာ..ကလေးငယ်တစ်ဦးလို..ရှိုက်ကြီးတငင်နဲ့..ငိုကြွေးလေတော့သည်။
၂နာရီကျော်လောက်ကြာတော့..ခွဲစိတ်ခန်းထဲကနေ ဆရာ၀န်များ..ထွက်လာခဲ့လေသည်။
""ဒေါက်တာ..ငယ့်ရဲ့ကိုကြီး..ဘာမှမဖြစ်ဘူးမလား..""
ငယ်က မျှော်လင့်တကြီးနဲ့ မေးလိုက်သည်။
""ဟုတ်ကဲ့..လူနာက.အသက်အန္တရာယ်စိုးရိမ်ရတဲ့..အခြေနေမျိုးတော့..မရှိတော့ပါဘူး..""
""တော်ပါသေးတယ်..""
နောက်ဆုံး..ဦးတိမ်တိုက်အနေနဲ့..သိပ်ပြီး စိုးရိမ်စရာအခြေနေမျိုး မရှိတော့တာကြောင့်..ငယ် စိတ်အေးသွားပြီး..
တင်းထားသည့် စိတ်တို့ကို လျော့ချလိုက်တော့..ပုံခနဲ့..ကြမ်းပြင်ထက်ပေါ်သို့.မေ့လဲကျသွားတော့သည်။
BINABASA MO ANG
❤️Love and sex ❤️20+
Romance21++++++++++ အရင်ကအပျော်သဘောမျိုးနဲ့ရေးထားတာလေးပါ..။ ရေးပြီးမှ မတင်ရဲလို့ ဒီအတိုင်းထားထားခဲ့တာပါ အခုတော့ ချေရဲ့စာဖတ်သူလေးတွေ အပျင်းပြေဖတ်ရအောင်..တင်ပေးလိုက်တာပါ.. အသက်18နှစ်အောက်နင့် မိန်းကလေးများမဖတ်ကြဖို့ရန် ကြိုတင်ပြီး အသိပေးအပ်ပါသည်။ ဇာတ်ကူးယဥ...