❤️မျိုးသူရဲ့သရုပ်မှန်❤️
(ရှေ့ပိုင်းမှာ ငိုခဲ့ဖူးရင် မျိုးသူကို ဒေါသထွက်ဖူးရင်..ဒီအပိုင်းလေး မဖတ်ခင် အရင်ဦးဆုံး စိတ်ငြိမ်ဆေးလေး သောက်ထားပြီးမှ ဖတ်နော်
🤒နောက်ပြီး ဖြေးဖြေး သက်သာလဲ ဆဲကြဦး)""ငယ်..တို့ဒီမှာ..""
မျိုးသူက ငယ့်ကို အရေးတကြီးကိစ္စပြောစရာတယ်ဆိုပြီး လှမ်းခေါ်လာတာကြောင့်..ငယ် မလာချင် လာချင်နဲ့ မျိုးသူ ချိန်းထားတဲ့ ကော်ဖီဆိုင်လေးဆီကို ထွက်လာခဲ့လိုက်တယ်။ ချိန်းထားတဲ့ ကော်ဖီဆိုင်ထဲကို ငယ် ၀င်လိုက်တော့..ထောင့်ကျကျ စားပွဲဝိုင်းမှာ ထိုင်နေတဲ့ မျိုးသူက..ငယ်ကို လှမ်းခေါ်ရင်း နုတ်ဆက်လာခဲ့တယ်။
ငယ် စိတ်ပျက်စွာနဲ့ မျိုးသူရှိရာ စားပွဲဝိုင်းဆီကို လျှောက်သွားလိုက်တယ်။
""ပြော..ငယ်ကို ဘာပြောမလို့..ခေါ်လိုက်တာလဲ.."
""ထိုင်ပါဦး.ငယ်ရဲ့..ငယ် ဘာစားချင်လဲ တို့ တစ်ခုခုမှာပေးရမလား.."'
""နေပါစေ..ငယ် ဘာမှမစားချင်ဘူး..""
"ကော်ဖီလေးတစ်ခွက်လောက်တော့သောက်ပါဦးလား..ငယ်ရယ်..တို့ မင်းကို..ကိုက်မစားပါဘူးကွ..""
ဟု အရွှန်းဖောက်ကာ ပြောဆိုနေတဲ့ မျိုးသူကို ငယ် ကြောင်အစွာ ငေးကြည့်နေမိတယ်။ ဒီလူ..တော်တော်လေးဘဲ အရှက်မရှိတာလား..။
ဒါမှမဟုတ်..သူ့ရဲ့မျက်နှာက အတော်လေးဘဲ အရေထူနေတာများလား...။ငယ်နဲ့သူရဲ့ ပတ်သက်မှုက..အခုလို တစ်ယောက်နဲ့တစ်ယောက် ပြုံးပြုံးရွှင်ရွှင်နဲ့ စကားထိုင်ပြောနေမဲ့ ပတ်သက်မှုမျိုးမှ မဟုတ်တာ..။
မျက်နှာချင်းဆိုင် တွေ့လာခဲ့မယ်ဆိုရင် မျက်နှာပူပူနဲ့ ရှောင်ထွက်သွားရမဲ့..ပတ်သက်မှုမျိုး မဟုတ်ဘူးလား..။
""တို့ .မင်းအတွက်..ကော်ဖီအေးတစ်ခွက်ဘဲ..မှာလိုက်တော့မယ်နော်..""
ဟု သူကဘဲ ဆုံးဖြတ်ချက်လိုက်ပြီး..Waiter လေးကိုခေါ်ပြီး..ကော်ဖီအေးတစ်ခွက် မှာနေလေရဲ့..။
ငယ် အံ့ဩလွန်းလို့ .မျိုးသူကို..ဒီအတိုင်းဘဲ ငေးကြည့်နေမိတော့တယ်။။
ŞİMDİ OKUDUĞUN
❤️Love and sex ❤️20+
Romantizm21++++++++++ အရင်ကအပျော်သဘောမျိုးနဲ့ရေးထားတာလေးပါ..။ ရေးပြီးမှ မတင်ရဲလို့ ဒီအတိုင်းထားထားခဲ့တာပါ အခုတော့ ချေရဲ့စာဖတ်သူလေးတွေ အပျင်းပြေဖတ်ရအောင်..တင်ပေးလိုက်တာပါ.. အသက်18နှစ်အောက်နင့် မိန်းကလေးများမဖတ်ကြဖို့ရန် ကြိုတင်ပြီး အသိပေးအပ်ပါသည်။ ဇာတ်ကူးယဥ...