❤️ယုံကြည်မှုတွေ ပျက်သုန်းသော်အခါ❤️
ကားပေါ်ရောက်တော့ ငယ်လဲ ကိုကြီးကို အရေးမလုပ်ချင်တာနဲ့ ..ဖုန်းကိုထုတ်..Headphones ကိုနားမှာတပ်ပြီး..သီချင်းနားထောင်နေလိုက်တယ်။
ငယ် သီချင်းသံကို volume အပြည့်ဖွင့်ထားတာကြောင့်..ဘေးမှာ ကားမောင်းနေတဲ့ ဦးတိမ်တိုက်တောင်မှ ငယ် နားထောင်နေတဲ့ သီချင်းသံ သဲ့သဲ့ကို ကြားနေရတယ်လေ..။
""ငယ်..သီချင်းနားထောင်တာ အသံလျော့ဦး..""
ငယ်မကြားပါ..။
ဦးတိမ်တိုက် တစ်ယောက် စိတ်မရှည်ဟန်နဲ့ .ငယ်နားမှာ တပ်ဆင်ထားသည့်
Headphones တစ်ဖက်ကို လှမ်းဆွဲဖြုတ်လိုက်ပြီး..""သီချင်းသံ လျော့ပြီးမှ
နားထောင်..ငယ်..မင်းနားတွေ ထိခိုက်ကုန်လိမ့်မယ်...""""ထိခိုက်လဲ.ထိခိုက်ပေါ့..ကိုကြီးနဲ့ မဆိုင်ဘူး.""
ငယ်က ဂျစ်ကန်ကန်ဆိုရင်း..Headphones ကိုပြန်တပ်သည်။
ဦးတိမ်တိုက်တစ်ယောက် တကယ့်ကိုမှ စိတ်တိုသွားပြီး..ကားကို လမ်းဘေးမှာ ထိုးရပ်လိုက်၏။
နောက်တော့ ငယ် နားမှာတပ်ထားတဲ့..
Headphones တွေနှစ်ဖက်ကို ဆွဲဖြုတ်လိုက်ပြီး..""ငယ်..မင်းရွဲ့မနေနဲ့..ကိုယ်က မင်းကို စိတ်ပူလို့ပြောနေတာကွ..""
""ကျစ်...ကိုကြီးက..ဘာလဲကွာ..ငယ်အခု သီချင်းတောင်..ငယ်စိတ်ကြိုက် နားထောင်လို့တောင်မရတော့ဘူးလား..ကိုကြီးက..ငယ့်ကို တကယ်စိတ်ပူတာရော..ဟုတ်ရဲ့လား..စိတ်ပူတာကို ခုတုံးလုပ်ပြီး..ငယ့်ကို လိုက်ပြီးချုပ်ချယ်နေတာ မဟုတ်ဘူးလား..""
""ဟား.ငယ်..ဘယ်အချိန်ထိ..ကိုယ့်ကို ပြန်ခံပြောပြီး..ရန်တွေ့နေဦးမှာလဲ..ဘယ်အချိန်ထိ .ကိုယ်ပြောတဲ့စကားတွေကို မင်းအဓိပ္ပာယ်ကောက်လွဲနေဦးမှာလဲ .ငယ် .""
'"အဲ့ဒါကိုတော့ .ငယ်မသိဘူး..ငယ်ပြန်လဲမဖြေတတ်ဘူး..ငယ်နဲ့ကိုကြီးတို့နှစ်ယောက်ကြားမှာ..ဘယ်နေရာက မှားနေမှန်းကို..ငယ်လဲ မသိတော့ဘူး..""
"အဲ့ဒါဆိုရင်လဲ .ကိုယ်တို့တွေ အသစ်ကနေ ပြန်စကြမယ်လေ..အတိတ်ကိုမေ့ပြီး..ကိုယ်နဲ့ငယ်..တစ်ကနေ ပြန်စရအောင်နော်..""
VOCÊ ESTÁ LENDO
❤️Love and sex ❤️20+
Romance21++++++++++ အရင်ကအပျော်သဘောမျိုးနဲ့ရေးထားတာလေးပါ..။ ရေးပြီးမှ မတင်ရဲလို့ ဒီအတိုင်းထားထားခဲ့တာပါ အခုတော့ ချေရဲ့စာဖတ်သူလေးတွေ အပျင်းပြေဖတ်ရအောင်..တင်ပေးလိုက်တာပါ.. အသက်18နှစ်အောက်နင့် မိန်းကလေးများမဖတ်ကြဖို့ရန် ကြိုတင်ပြီး အသိပေးအပ်ပါသည်။ ဇာတ်ကူးယဥ...