ep.❤️26❤️

14.8K 646 122
                                    


ငယ် နာကျင်စွာဆိုရင်း..လက်ထဲက စာချုပ်အပိုင်းစများကို လေပေါ်သို့ ကျဲချလိုက်ပြီး ထိုနေရာကနေ ထွက်လာခဲ့တော့သည်။

""ငယ်..နေပါဦး..ငယ်..""

ဦးတိမ်တိုက် တွေဝေနေရာကနေ
ထွက်သွားတဲ့ ငယ့်ရဲ့နောက်ကို..လိုက်သွားခဲ့တယ်။

""ငယ် .နေပါဦး..ငယ်..ကိုယ် ပြောတာကို နားထောင်ပါဦး..""

အနောက်ကနေ ဦးတိမ်တိုက် လိုက်လာမှန်းသိတော့..ငယ် နောက်ကို လှည့်မကြည့်တော့ဘဲ .ပြေးထွက်သွားလေတော့သည်။

‌ထွက်ပြေးသွားတဲ့ ငယ်ရဲ့နောက်ကို..ဦးတိမ်တိုက် ကလဲ ပြေးလိုက်လို့သွားခဲ့သည်။

ထိုအခြင်းရာတွေအကုန်လုံးကို အခန်းအပြင်မှာ ရှိနေတဲ့ အဖြူရောင်ဂျူတီကုတ် ၀တ်ဆင်ထားသည့်  ဆရာ၀န်လေးတစ်ယောက်..သက်ပြင်းတစ်ချချနဲ့ ကြည့်နေခဲ့လေသည်။

နောက်တော့ မျိုးသူရှိရာ လူနာခန်းထဲသို့ ၀င်ရောက်သွားပြီး..

""မျိုးသူ..မင်းရဲ့လုပ်ရပ်တွေက..မဟုတ်တော့ဘူးနော်..""

""ဟာ..ဘာလဲကွာ..သုတ..ရာ..ငါဒီမှာ ညစ်နေရတဲ့ ကြားထဲ မင်းကတစ်မှောင့်...""

""မျိုးသူ.မင်းပြောနေတာတွေ အကုန်လုံးကို..ငါ ကြားလိုက်တယ်..
ကိုယ်၀န် ဟုတ်လား..မင်းဆီမှာ..ကိုယ်၀န်ရှိနေပါပြီလို့.ဘာဖြစ်လို့..ဦးတိမ်တိုက် ကို လိမ်ပြောလိုက်ရတာလဲ..ဟမ်..မင်းရူးနေလား..""

""ကျစ်..ငါလဲ..ကြံမိကြံရာ..လျှောက်လိမ်မိတာပါကွာ..ငါ bossကို အရမ်းချစ်တယ်.သုတ..ငါ bossနဲ့ မခွဲနိုင်ဘူး..အဲ့ဒီတော့ မင်းငါ့ကို ကူညီမှ ဖြစ်မယ်..သူငယ်ချင်း..""

""ဘာကွ .မျိုးသူ မင်းတကယ်ဘဲ..ရူးသွားပြီလား.  ငါကိုလဲ..မင်းဆီမှာ ကိုယ်၀န်ရှိနေပါပြီလို့ .လိမ်ပြောခိုင်းနေတာလား..""

""ဟုတ်တယ်..ဒီကိစ္စက မင်းကူညီမှကို ဖြစ်မှာ..သုတ..ရာ..လုပ်ပါ..ငါကို ကူညီပေးပါနော်...‌ဒီကိစ္စ က မင်းအတွက် အပန်းမကြီးပါဘူးကွာ.နောက်ပြီးမင်းရဲ့ဦးလေးကလဲ.ဒီဆေးရုံမှာ ဆေးရုံအုပ်ကြီးဘဲမလား..""

""မျိုးသူ..မင်းလွယ်လွယ်လေးနဲ့ တွေးပြီး လျှောက်လုပ်မနေနဲ့ကွ..မင်းဆီမှာ အခုကိုယ်၀န်ရှိ‌နေပြီလို့ လိမ်လိုက်တာကတော့ ဟုတ်ပါပြီ..နောက်ပိုင်းကျရင် မင်းဘယ်လို ဆက်လုပ်မှာလဲ..ကိုယ်၀န်ဆိုတာ.၄လ၅လ လောက်ဆို..ဗိုက်ကပူထွက်လာမှာဘဲ..အဲ့ခါကျရင်..မင်းရဲ့ ဘယ်ဗိုက်က ပူလာမှာတုန်း..မင်းပြောကြည့်လေ..မင်းရဲ့ ကိုယ်၀န်အတုကိစ္စက အဲ့ခါကျရင်..ဗူးပေါ်သလို ပေါ်သွားမှာဘဲ.မျိုးသူ..""

❤️Love and sex ❤️20+Donde viven las historias. Descúbrelo ahora