_13_ {Uni}

5.3K 417 1
                                    


အ​ဆောင်​တော်တစ်ခုအတွင်းတွင် လျန့်စီ၏ဒေါသရိပ်​တွေဖြင့်လွှမ်းမိုးခြင်းခံထားရသည်။ သူမခန္ဓာကိုယ်သည် အားနည်း​နေသလိုခံစား​နေရသည်။ အ​ကြောင်းရင်းမှာည​နေကနန်းတွင်းထဲယူလာသည့်အ​ရိုးစု​ကြောင့်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင်​သူမခြုံထားသည့်အ​ရေခွံ၏အရိုးစု။

သူမခြုံထားသည့်အ​ရေခွံအားမူလအတိုင်းမပုပ်မသိုး​စေဖို့အတွက် ထိုအရိုးစုကိုအောက်လမ်းဖြင့် ထိန်းချုပ်ကာအားမနည်း​စေဖို့ အသုံးပြုခဲ့​ပေမယ့် ယခုထို​အောက်လမ်းနှင့်ထိန်းချုပ်ထားသည့် ကြိုးနီကိုဖျက်လိုက်ကြသည်ထင် သူမအရမ်းအားနည်း​နေသည်။ ရက်နည်းနည်းကြာလျှင် အပုပ်နံ့ထွက်​လာ​တော့မည်။

သူမအခန်းထဲတွင်အိပ်​​ပျော်​နေတာမှန်း အ​စေခံ​တွေသိ​အောင်မီးမှိတ်လိုက်သည်။ ညသန်း​ခေါင်ယံ​ကျော်မှတစ်ကိုယ်လုံးပိတ်စအနက်ဖြင့် လွှမ်းခြုံကာနန်းပြင်ထွက်ဖို့လုပ်ရသည်။

အ​စောင့်တင်းကြပ်လွန်းသည့်နန်းတွင်းမှ သူမလုံးဝမထွက်နိုင်သည်ကြောင့် အ​ရေးအ​ကြောင်းအသုံးပြုရန် ​​ဆောင်ထားသည့်ဓါတ်လုံး​လေးအား ပတ်ဝန်းကျင်အ​ခြေ​နေကြည့်၍မြေကြီး​ပေါ်ပစ်ချလိုက်သည်။

တံခါးပုံစံမျိုး ထွက်​ပေါ်လာသည့်အ​ပေါက်ထဲဝင်လိုက်ချိန်မှာ​တော့ နန်း​တော်၏အ​ဝေးတွင်ရှိသည့်သစ်​တောထဲ​ရောက်သွားသည်။ သွားဖူး​နေကျလမ်းဖြစ်သည်မို့ ဆက်​လျှောက်သွားကာဂူကြီးတစ်လုံးထဲဝင်သွားလိုက်၏။

"အဖွားကြီး!!! လူတစ်​ယောက်လုံးလာ​နေတာ​တောင် နှုတ်ဆက်ရမယ်ဆိုတာ နားမလည်ဘူးလား!!"

ဂူထဲမှမီးပုံ​​ဘေးတွင် ခါးကုန်း​နေသည့်အဖွားအိုတစ်​ယောက်အား​တွေ့ရမည်ဖြစ်သည်။ ထိုအဖွားအိုသည်ရှန့်ယိအာ၏အော်​ပြောသံအားအ​ရေးမလုပ်ဘဲ ​အေး​အေး​ဆေး​ဆေးသာထိုင်​နေသည်။

"ယိအာ..ဘယ်တုန်းက​ရောက်တာလဲ"

ရုတ်ချည်းဆိုသလို ဂူ၏အတွင်းဘက်​နေရာမှ ထွက်လာသည့်ယောက်ျားတစ်​ယောက်သည် ရှန့်ယိအာနာမည်အာ္တရင်းတနှီး​ခေါ်ကာအနား​ရောက်လာသည်။

Lotus Flower [Completed]Where stories live. Discover now