တညလုံး မိုးရွှာထားလို့
စိမ်းစိုနေတဲ့မြက်ခင်းပြင်ကို ကျတော် ၀ရံတာပေါ်ကနေ ကော်ဖီလေးတခွက်နဲ့ ငေးနေချိန်
Messenger noti လေးတခု၀င်လာတယ်" အချစ်ဆိုတာ ဘာလဲ ညီ "
ကျတော်နဲ့မရင်းနှီးလှသော အကိုတစ်ယောက်
ကြည့်လိုက်တော့ ကျတော်နဲ့Friend
ကျတော်လည်း လျင်လျင်မြန်မြန်ပဲ ဖြေလိုက်တယ်။" ကျတော်မသိဘူး အကို "
" ကျတော် မချစ်ဖူးဘူး "
စကားပြောပုံအရ အသဲကွဲနေတဲ့ပုံစံပါပဲ
ကျတော်ကတော့ ရည်းစားလည်း မထားဖူးတော့
ချစ်တယ် ဆိုတာ ဘာမှန်းမသိခဲ့ဘူး။မကြာပါဘူး သူအသဲကွဲနေတဲ့အကြောင်းရင်ဖွင့်လာတယ် ကျတော်ကတော့ နားမလည်တော့
သူ့ကိုသာနှစ်သိမ့်စကားပြောနေမိခဲ့တယ်။ဒီလိုနဲ့ စကားသာပြောနေတာ အချိန်တွေကုန်နေတာ ရိပ်မမိခဲ့ဘူး။
ကျတော့်ကော်ဖီခွက်လေးအေးနေမှန်းမသိလောက်အောင်ကိုစကားတွေပြောဖစ်ခဲ့ကြတယ်။
ပြီးမှ ဆိုင်သွားရမှာ သတိရပြီး စကားလက်စဖြတ်လိုက်ကာ အိမ်က "ကိုမောင်း "ကို ကားစစ်ထားခိုင်းလိုက်သည်။
ကျတော်က မိဘအမွေပေးတဲ့ ရွှေဆိုင်ကြီးကို ဦးဆောင်နေသူတဦးပါ။
ကျတော့်မိဘတွေကတော့ မရှိတော့ပါဘူး။
အိမ်မှာ ကျတော်ချစ်ရတဲ့ နောက်ဆုံးဆွေမျိုး အဖွားနဲ့ပဲ အတူနေတယ်။ကျတော်က အပေါင်းအသင်းနည်းတယ်။
stateကျောင်းနေခင်လာတဲ့ "ကိုမင်း " ဆိုတဲ့အကိုတစ်ယောက်ပဲရှိတယ်။ဒီလိုနဲ့ ကျတော်နဲ့ အကိုတို့စကားပြောတဲ့ရက်တေကြာလာတော့ သူ့နာမည်က " ထင်လင်း "မှန်း
ကျတော်သိခဲ့ရသည်။
ကျတော်ကတော့ အကိုလို့ပဲခေါ်ဖြစ်တယ်။
မနက်ခင်းဆို ပို့နေကျ
" Morning ညီ " ဆိုတဲ့စာကို ကျတော် ဆိုင်မသွားခင် မျှော်တတ်လာပြီ။ကျတော် အကိုနဲ့chat box မှာသာ စကားပြောဖူးပေမယ့် သူ့ကို သံယောဇဥ်ရှိနေမိတယ်။
သူရဲ့ fb wall ထဲက သူရဲ့ပုံတေထဲ
အသားညိုညို မျက်ခုံးထူထူနဲ့ ရှည်လျားလွန်းတဲ့အရပ် ကျတော်သဘောကျမိတာ မမှားဘူးထင်ပါ့။