ကျက်သရေရှိတဲ့နံနက်ခင်းလေးမှာ ဘတ်ဟျွန်းတစ်ယောက်ကတော့ စာစီရင်း လက်ချောင်းတွေကိုအလုပ်ပေးရင်းဝရုန်းသုန်းကားဆန်စွာဖြတ်သေးနေရပါတယ်။
ဘာလို့ဆို deadline က နောက်ရက်မှန်းသိရက်နဲ့ မေ့ပြီး မနေ့ညကမိတ်ဆုံစားပွဲမှာအမှောက်သောက်လိုက်မိလို့ပဲ ..." ငါ့ကိုထားမသွားပါနဲ့ ရှင်းအာ
ငါတောင်းပန်ပါတယ်.." ။ အိုခေ ပြီးပြီ စာမူအပ်ဖို့ရေးတာပြီးသွားတာက ဘာနဲ့တူသလဲဆို ကျောပေါ်မှာထမ်းထားတဲ့ကျောက်တုံးကြီး ရွေ့သွားသလိုပဲ။ နဂိုကတည်းက ဘတ်ဟျွန်းရေးပြီးသားဇာတ်လမ်းကို နည်းနည်းမွမ်းမံပြီး စာပြန်စီရတာပဲ ဒါကြောင့် အလောတကြီး ဦးနှောက်ကို အလုပ်မပေးရတော့တာပေါ့ မဟုတ်ရင် လက်တွေတင်အလုပ်ပေးရတာမဟုတ်ဘဲ ဦးနှောက်ပါအလုပ်ပေးစဉ်းစားနေရတာနဲ့ အချိန်ကုန်မှာ။" အား!! ပြီးသွားပြီ "
အကြောဆန့်ရင်း တဝှားဝှားသန်းလိုက်တယ်။အိမ်ကလည်းတဖြည်းဖြည်းနဲ့ဘူချွန်းအိမ်ဘေးက ဝက်ခြံနဲ့တူလာသလိုခံစားရလိုက်တာ နောက်ရက် အိမ်ရှင်းဖို့ ဘတ်ဟျွန်းမှတ်ထားလိုက်တယ်။ နံနက်စာကိုပေါင်မုန့်နဲ့ကော်ဖီ ရောပြီးဖြေရှင်းလိုက်တာမလို့ ပြဿနာမရှိတော့ပေမယ့် နေ့လည်စာနဲ့ညစာအတွက် ချက်ရင်ကောင်းမလား အပြင်ကပဲမှာစားရမလား စဉ်းစားရတယ် ။ဒီလိုချိန်ကြ ရည်းစားလေးရှိနေရင်ကောင်းမယ်လို့တွေးမိသား အရင်ရည်းစားဟောင်းလေးအွန်းဂျီကိုတော့ ပြန်မလိုချင်ပါ သူ့လက်ရာမစားရဘဲ ကိုယ်ကသာသူ့ကိုပြန်ချက်ကျွေးနေရမှာအသေချာ။
" ဘတ်ဟျွန်းနီးး!!"
သေချာပေါက်ဘေးအိမ်ကသာသနာဖျက်လေးအသံပင်။
မနက်စောစောသူ့ကိုဘာတွေများဒုက္ခပေးအုန်းမလို့လဲ
ကျူမီးငှားးးးး" အေးဘာလဲပြော "
အိမ်တံခါးဝနားခေါင်းသာထွက်ပြီး ဘေးအိမ်ကကောင်ရဲ့ဒုက္ခတွေခံစားပေးရမည်။
" ချစ်လှစွာသောပတ်မေမေက သူ့ရဲ့ချစ်လှစွာသောသားတော်လေးဗြောင်ဘတ်ဟျွန်းကို အပို့အကြိုလုပ်ပေးလိုက်ပါလို့မှာကြားထားပါသဖြင့် ကျွန်တော်မျိုးအလုပ်သွားခါနီးလာမေးတာပါခင်ဗျ "
YOU ARE READING
𝖶𝖱𝖮𝖭𝖦 𝖫𝖮𝖸𝖠𝖫𝖳𝖸 - ( 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 )
Fanfiction𝐋𝐎𝐘𝐀𝐋𝐓𝐘 𝒊𝒔 𝒕𝒉𝒆 𝒔𝒕𝒓𝒐𝒏𝒈𝒆𝒔𝒕 𝒈𝒍𝒖𝒆 𝒘𝒉𝒊𝒄𝒉 𝒎𝒂𝒌𝒆𝒔 𝒂 𝑹𝒆𝒍𝒂𝒕𝒊𝒐𝒏𝒔𝒉𝒊𝒑 𝒍𝒂𝒔𝒕 𝒇𝒐𝒓 𝒂 𝒍𝒊𝒇𝒆 𝒕𝒊𝒎𝒆.