စာစရေးမယ်လို့စဉ်းစားမိတော့ နိဒါန်းကိုငယ်ဘဝကနေအစပျိုးဖို့တွေးမိတယ်။ တကယ်တော့ ဘတ်ဟျွန်းရဲ့ငယ်ဘဝကပျင်းဖို့ကောင်းလွန်းတယ်။အကြီးတွေကိုသိတတ်စေချင်ပြီးလူကြီးလေးလိုနေတတ်ဖို့ ဖွားဖွားကသင်ပေးတာမလို့ ကလေးသဘာဝ ဆော့ဖူးတယ်ဆိုတာ သူလူမှန်းသိတတ်စအရွယ်ကနေစပြီးမရှိခဲ့ဘူး။
ချန်းယောလ်ကတော့သူနဲ့ဆန့်ကျင်ဘက်ပဲ!
ရပ်ကွက်တစ်ခုလုံးလည်းကလေးအစခွေးအဆုံးသူငယ်ချင်းလုပ်တဲ့သူ၊ ရပ်ကွက်ကျော်ပြီးကျောင်းတက်ကြတော့လည်းသူငယ်ချင်းတရုံးရုံးနဲ့ ဘတ်ဟျွန်းကတော့ အိမ်ထဲမှာပဲ တိတ်တိတ်လေးဆော့ခဲ့ရတာ ..
အာ ~ ဆော့တာထက်ဖွားဖွားကဆူတာမကြိုက်လို့ အဖိုးဝယ်ပေးတဲ့ ကာတွန်းစာစောင်တွေပဲဖတ်ခဲ့ရတာပေါ့။သူလည်း ဆော့ခဲ့ဖူးချင်တယ် အမြဲတန်းဘေးအိမ်ကချန်းယောလ်ကိုဆော့ကစားဖို့ရပ်ကွက်ထဲကအဖော်တွေလာခေါ်တိုင်း သူပါ ကစားချင်ခဲ့တာလေ .. ရပ်ကွက်ထဲကအဖော်ကလေးတွေက လာမခေါ်ခဲ့တာတော့မဟုတ်ပါဘူး ကစားဖို့လာခေါ်ခဲ့ပေမယ့် အဖွားဖြစ်သူက မျက်နှာရိပ်နဲ့သဘောမကျကြောင်းမလိုက်ရကြောင်းပြတာမလို့ ကစားဖို့မလိုက်ရဲခဲ့ဘူး။ ဒါဟာငယ်ဘဝမှာသူဖြစ်ချင်ခဲ့တဲ့အရာတစ်ခုပဲ..!အခုဒီအရာလေးကိုသူကနိဒါန်းအဖြစ်ရေးတော့မယ်။ သူဖြစ်ချင်ခဲ့တာလေးတွေကိုတော့စာထဲမှာဖြစ်ခွင့်ရစေချင်မိတယ်လေ။
အဖွားက ဘတ်ဟျွန်းဆယ်နှစ်အထိအတူတူနေခဲ့တာမလို့ ဘတ်ဟျွန်းရဲ့ဆယ်နှစ်တာ ဟာ အလိုက်သိခဲ့တဲ့ကလေးအဖြစ်ချီးကျူးခံခဲ့ရသလို၊ အဖွားကလည်းမျက်နှာပန်းပွင့်ခဲ့တယ်။ တကယ်တမ်းသူ့စိတ်ကလေးကတော့ လှောင်အိမ်လေးထဲမှာပဲရှိနေခဲ့တာပေါ့။
ဒီလိုလှောင်အိမ်လေးထဲမှာပဲ ချန်းယောလ်နဲ့သူငယ်ချင်းဖြစ်ခွင့်ရခဲ့တာတော့ ကံကောင်းမှုလေးတစ်ခုဖြစ်ခဲ့တယ်။ အခုလိုချိန်မှာ သူကချန်းယောလ်ကိုမချစ်နေခဲ့ရင်ပိုကံကောင်းနေအုန်းမှာ။" မျက်ရိုးတွေကိုက်လိုက်တာ.."
တော်ရုံဆို အသံထွက်မညည်းညူတတ်ပေမယ့် မျက်ရည်ပူတွေပါ တဆက်တည်းစီးကျလာတာမလို့ သူအလိုလိုကို ထုတ်ညည်းမိရတယ်။ ဒီအလုပ်ကိုသူရပ်ပစ်ချင်တာဒါတွေကြောင့်လေ ! နဂိုအခံကရောမျက်စိအားမကောင်းတဲ့သူမလို့ ဒါကို life career အဖြစ်မထားချင်တာ။ အခန်းအလွတ်တစ်ခုဖြစ်နေတာမလို့ laptop ကိုပိတ်ပြီး ပြတင်းကနေတဆင့်ဝရံတာဘက်ကိုငေးရတယ်။ စာလုံးရေကဘယ်လောက်မှမရောက်သေးပေမယ့်သူကတော့ စပင်ပန်းနေပြီ ဘယ်လောက်ပဲ ဝါသနာကိုချစ်ပါစေ ကိုယ့်ချို့ယွင်းချက်ကိုတော့လက်ခံရတာပေါ့။
![](https://img.wattpad.com/cover/281026801-288-k509261.jpg)
YOU ARE READING
𝖶𝖱𝖮𝖭𝖦 𝖫𝖮𝖸𝖠𝖫𝖳𝖸 - ( 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 )
Fanfiction𝐋𝐎𝐘𝐀𝐋𝐓𝐘 𝒊𝒔 𝒕𝒉𝒆 𝒔𝒕𝒓𝒐𝒏𝒈𝒆𝒔𝒕 𝒈𝒍𝒖𝒆 𝒘𝒉𝒊𝒄𝒉 𝒎𝒂𝒌𝒆𝒔 𝒂 𝑹𝒆𝒍𝒂𝒕𝒊𝒐𝒏𝒔𝒉𝒊𝒑 𝒍𝒂𝒔𝒕 𝒇𝒐𝒓 𝒂 𝒍𝒊𝒇𝒆 𝒕𝒊𝒎𝒆.