စေ့စပ်ပွဲတဲ့။ မြန်လိုက်တာလို့ပြောချင်ပေမယ့် တကယ်တမ်းကြ နောက်ကျနေတာ။ ချန်းယောလ်က ဘာတွေကြောင့်ဒီအချိန်မှာတောင်စေ့စပ်ပွဲအဆင့်ကိုပဲပြုလုပ်သလဲသူမစဉ်းစားတတ်ဘူး။ သူ့ရဲ့ဖန်တီးရာလေးကတော့ အစနိဒန်းကို လှလှပပ စတင်နိုင်ခဲ့ပြီ ထပ်တူပဲ သူ့ဘဝရဲ့အက်ကွဲရာအဖြစ်လည်း ချန်းယောလ်စေ့စပ်ပွဲကစတော့မယ်။လက်ထပ်တာထက်စာရင် စေ့စပ်တာက ခံသာတယ်ဆိုပေမယ့် ဘယ်လိုနေနေသူနာကျင်ရတာပါပဲ ကြည့်ပါ့လား အခုတောင်သူမြတ်နိုးရာလေးက သူ့ကိုစေ့စပ်ပွဲအတွက် အစဆုံး ကူလိုက်ခိုင်းနေတာ။
Sunshine protector and his sunshine ဆိုတဲ့ ပုံလေးမြင်တော့ ဘတ်ဟျွန်း စိတ်ထဲ တက္ကသိုလ်တတိယနှစ်က အမှတ်တရလေးကိုပြေးသတိရမိတယ်။ အဲ့တုန်းက ဒီပုံလေးကို ချန်းယောလ်ကဘတ်ဟျွန်းစီလာပြရင်းသူက sunshine protector ပါ ဆိုပြီး မော်မော်ကြွားကြွားလုပ်ခဲ့တာလေ သူ့ကိုတော့ သူ့ရဲ့နေရောင်ခြည်လေးလို့ပြောမသွားခဲ့တာတော့ချွင်းချက်ပေါ့။ အချစ်ဆုံးသူငယ်ချင်း တဲ့ အင်း အချစ်ဆုံးသူငယ်ချင်း။
" ဘတ်ဟျွန်းနီး! ညောင်းနေပြီလား ။ ဒီခန်းမ ကြည့်ပြီးရင် ညစာစားကြမယ်နော် "
" အင်း ..မြန်မြန်လုပ် ! ငါပင်ပန်းနေတာသိတယ်မလား "
ချန်းယောလ်ကခေါင်းသာငြိမ့်ပြပြီး ခန်းမကိုတစ်ခေါက်ထက်လှည့်ကြည့်ဖို့ ထွက်သွားပြန်သည်။
တစ်နေကုန် အကျီဆိုင်၊ပန်းစည်းဆိုင်၊ကုန်တိုက်တွေပတ်ကြည့်ပြီးတဲ့နောက်တော့ ခန်းမ စီဘူတာစိုက်လေသည်။ တကယ်ဆို ဒါတွေက ကိုယ်တိုင်မစီစဉ်လည်းရပေမယ့် ချန်းယောလ်ကတော့သူ့မူအတိုင်းသူ့စိတ်တိုင်းကျဖြစ်စေရန်သူကိုယ်တိုင်သာစီစဉ်စေသည်။" ဟဲ့ ဒီတစ်ခေါက်ပွဲက ဒီအကိုချောချောလေးနှစ်ယောက်ထင်တယ် ..ချောလိုက်တာ နှစ်ယောက်လုံး"
" ဟုတ်ပ နှစ်ယောက်သားက chemistry မိချက်ပဲ မနာလိုလိုက်တာ "
" ခိခိ လာ လာ မနက်ဖြန်ပွဲအတွက်လိုအပ်တာကြည့်မယ် မဟုတ်ရင် ဒီနားကမခွာတာနဲ့အလုပ်မပြီးဘဲနေမှာ "
တီးတိုးပြောသွားတဲ့ ဝန်ထမ်းကောင်မလေးနှစ်ယောက်စကားကြောင့် ဘတ်ဟျွန်းရဲ့ညစ်နွမ်းနေတဲ့စိတ်တောင်ပျောက်သွားတယ်။ လူတွေက သူတို့အမြင်အတိုင်းကောက်ချက်ချတတ်ကြတာပဲ တကယ့်အစစ်အမှန်ထက်သူတို့အမြင်ကိုပဲပိုယုံကြည်ကြတယ်။
အဲ့လိုယုံကြည်ချက်တွေက ခြတွေလိုပဲ တမြှေ့မြှေ့နဲ့ တိုက်စားလာပြီးအချိန်တစ်ခုမှာတော့ပျက်စီးသွားတာ။
သူတို့အမြင်တွေယုံကြည်ချက်တွေကြောင့်လူတစ်ယောက်ရဲ့ဘဝကြီးကသေသွားတာပဲ။
YOU ARE READING
𝖶𝖱𝖮𝖭𝖦 𝖫𝖮𝖸𝖠𝖫𝖳𝖸 - ( 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 )
Fanfic𝐋𝐎𝐘𝐀𝐋𝐓𝐘 𝒊𝒔 𝒕𝒉𝒆 𝒔𝒕𝒓𝒐𝒏𝒈𝒆𝒔𝒕 𝒈𝒍𝒖𝒆 𝒘𝒉𝒊𝒄𝒉 𝒎𝒂𝒌𝒆𝒔 𝒂 𝑹𝒆𝒍𝒂𝒕𝒊𝒐𝒏𝒔𝒉𝒊𝒑 𝒍𝒂𝒔𝒕 𝒇𝒐𝒓 𝒂 𝒍𝒊𝒇𝒆 𝒕𝒊𝒎𝒆.