ဖုန်းဆက်တုန်းကတော့ ဆောနို တစ်ယောက်ပဲပြောပေမယ့်
တကယ်တမ်းကြ ဘူချွန်းကသူငယ်ချင်းတော်တော်များများရောက်လာခဲ့တာပင်။ ဘတ်ဟျွန်းကတောင်နောက်ကျနေ၍
သူတို့မယ်ဘတ်ဟျွန်းကိုတောင်ပြန်စောင့်နေခဲ့ရသည်။
ဘတ်ဟျွန်း နောက်ကျတယ်ဆိုတာလည်း ပတ်မျိုးရိုး မကောင်းမကန်း အာရွှီးထားတဲ့ ဓာတ်လှေကားသရဲများကြောင့်! ဒင်းဟာ အနားမှာမရှိတာတောင် ဒုက္ခတအားပေးတာပဲချန်းယောလ်ပြောခဲ့တဲ့သရဲပုံပြင်တွေဟာ အိမ်မက်ထဲရောက်ရှိလာတာကြောင့် ဘတ်ဟျွန်းအိပ်ရာထနောက်ကျကာ ကြာသွားခြင်းပင် ..။ မနက်ခင်းနိုးနိုးချင်းဖုန်းထဲကသတင်းကလည်း အာရုံနောက်စရာ စာရေးသူကိုမကြိုက်လို့ anti- fan က အိမ်ထဲတိတ်တဆိတ်သတ်လိုက်ခြင်းတဲ့လေ !
သတင်း website အောက်မှာလည်း သူ့နာမည် mention ထားတဲ့ ကျိန်ဆဲment က အခုတစ်ရာလောက်ရှိသေးသည်။ဘုရားသခင် သူ့ကိုဖန်ဆင်းတုန်းက တစ်ခုခုများစိတ်ဆိုးနေလေသလား?
ဒီလို ကြုံတွေ့ရမယ့်လောကကြီးကိုဖန်တီးပေးရခြင်းအပေါ် အပြစ်အလုံးစုံ ဘုရားသခင်နဲ့ကံကြမ္မာစီသာ တင်ရတော့မည်။
သူနောက်ကျခြင်းအပေါ်တော့ သူငယ်ချင်းတွေက စောဒကတက်ခြင်းမရှိပါဘူး ။အဖြေကလည်းရိုးရိုးရှင်းရှင်းအိပ်ရာထနောက်ကျခြင်းမလို့လေ ..
များသောအားဖြင့် စကားဝိုင်းက social media trending အကြောင်းတွေ ၊ ငယ်ငယ်က ကမြင်းခဲ့တုန်းကအောက်ဖဲတွေ ၊အိမ်ထောင်ပြုရမယ့်အကြောင်းတွေပေါ့။
အသက်ကြီးတဲ့လူတွေရဲ့စကားဝိုင်းမျိုးလို နိုင်ငံရေးအကြောင်းတွေရယ်သားသမီးအကြောင်းရယ်ပဲပြောတဲ့ပျင်းစရာစကားဝိုင်းတော့မဟုတ်ခဲ့တာ တော်သေးသည်။
မဟုတ်ရင် ဘတ်ဟျွန်း ဤစကားဝိုင်းကိုစမိတာပင်နောင်တရသွားလိမ့်မည်။" နောက်လပထမအပတ်ထဲ ငါ Seoul မှာ wedding လုပ်ဖြစ်မယ်ထင်တယ် ... မင်းတို့အကုန်လုံးလာဖြစ်အောင်လာကြကွာ "
ဂျီဝန်း ရဲ့ မဂ်လာသတင်းက suprise တစ်ခုပဲ။ တကယ်ဆို ဒီကောင်က ဘတ်ဟျွန်းတို့ အဖွဲ့ထဲမှာ တုံးတုံးအအနဲ့လက်မသွက်ဆုံးကောင်လေ :3
တဝိုးဝိုးအသံတွေကြား ဂျီဝန်းကတော့ ပြုံးဖြီးဖြီးနဲ့ ကျေနပ်အားရနေပုံ..။ ဒီလိုချိန်ကြ လူလွတ်ကလေးဘတ်ဟျွန်း သိပ်အားငယ်တာပဲ အဖွဲ့ထဲမှာလူခုနစ်ယောက်ရှိပေမယ့် သူတစ်ယောက်ပဲလူလွတ်မလို့စိတ်မသက်မသာဖြစ်သင့်တယ်မလား?

YOU ARE READING
𝖶𝖱𝖮𝖭𝖦 𝖫𝖮𝖸𝖠𝖫𝖳𝖸 - ( 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 )
Fanfiction𝐋𝐎𝐘𝐀𝐋𝐓𝐘 𝒊𝒔 𝒕𝒉𝒆 𝒔𝒕𝒓𝒐𝒏𝒈𝒆𝒔𝒕 𝒈𝒍𝒖𝒆 𝒘𝒉𝒊𝒄𝒉 𝒎𝒂𝒌𝒆𝒔 𝒂 𝑹𝒆𝒍𝒂𝒕𝒊𝒐𝒏𝒔𝒉𝒊𝒑 𝒍𝒂𝒔𝒕 𝒇𝒐𝒓 𝒂 𝒍𝒊𝒇𝒆 𝒕𝒊𝒎𝒆.