Part-9

827 98 8
                                    

ဂျူအွန်းနဲ့ကားတူတူစီးရတဲ့အချိန်တွေက ဘတ်ဟျွန်းအတွက် အခက်ခဲဆုံးအချိန်ပါပဲ။
စဉ်းစားကြည့်လေ ကိုယ်ချစ်ပါတယ်ဆိုတဲ့သူနဲ့ သူချစ်နေရတဲ့တခြားတစ်ယောက်အတူရှိနေတာက ကိုယ့်ရှေ့မှာ။သူကတော့ပြုံးပျော်နေပေမယ့် ကိုယ်ကတော့ အပိုလူလိုပဲ အပိုလူထက်တောင်ဆိုးသေး မသိရင်ကိုယ်ကပဲ သူတို့ကြည်နူးပြတာထိုင်ကြည့်ဖို့ ဝဋ်ရှိနေသလို...။

" ဘတ်ဟျွန်းရှီ! သိလား .. ယောလ်ကလေ ကျွန်မကို ဘတ်ဟျွန်းရှီအကြောင်းခနခနပြောပြတယ် ..စကားတစ်ခါပြောတိုင်း ဘတ်ဟျွန်းမပါတာ မရှိသလောက်ပဲ "

" အာ~ ဟုတ်လား ဒီကောင် ကျွန်တော့်မကောင်းကြောင်းတွေလျှောက်ပြောထားတယ်ထင်တယ် ဟားဟား "

ကိုယ့်ပါကိုယ်အတွေးထဲမျောနေတုန်း ဂျူအွန်းက ဘတ်ဟျွန်းကို စကားစပြောလာတာမလို့
ဘတ်ဟျွန်းမဖြေချင်လည်း ဖြေနေရတယ်။

" မဟုတ်တာ .. ယောလ်က ကျွန်မထက်တောင် ဘတ်ဟျွန်းကိုပိုချစ်သေးတယ် "

‌ချန်းယောလ်ပုခုံးကိုမှီရင်း ပြောလိုက်တဲ့ဂျူအွန်းစကားကြောင့်ဘတ်ဟျွန်းရင်ထဲသိမ့်ခနဲ..

" မနောက်ပါနဲ့ ..သူလားကျွန်တော့်ကိုချစ်မှာ
ဂျူအွန်းရှေ့မလို့နေမှာပါ .."

" ယောလ်..ဟုတ်လား အွန်းကိုအချစ်ဆုံးမလား "

‌ကားမောင်းနေတဲ့ချန်းယောလ်ကိုအဖော်စပ်ရင်းလှမ်းပြောလိုက်တဲ့သူမ

" ဒါပေါ့ အွန်းကို ကိုယ်က အချစ်ဆုံးလေ "

ရင်ခုန်တဲ့ခံစားချက်ဆိုတာရှာလို့တောင်မရတော့ဘူး။ မျက်နှာမပျက်အောင်ထိန်းထားရတာမလို့ ရောရောယောင်ယောင်လိုက်ရယ်ပေးလိုက်ပြီး လမ်းမ‌ကိုသာငေးနေလိုက်တော့တယ်။
အပြင်ပန်းမှာသန်မာချင်ယောင်ဆောင်ရရင်တော်ရောပေါ့ အတွင်းစိတ်ထဲတော့ အများကြီးပြိုလဲပစ်လည်းဖြစ်တယ်မလား?

" ဘတ်ဟျွန်း ..အရှေ့လာထိုင်လေ
ဂျူအွန်းက သူ့အိမ်ထဲဝင်သွားပြီ ထ..ထ "

ကြည်နူးနေတဲ့မြင်ကွင်းကိုမကြည့်နိုင်လို့မျက်စိခနမှိတ်လိုက်တာကနေ အိပ်ပျော်သွားခဲ့တာပဲ။

𝖶𝖱𝖮𝖭𝖦 𝖫𝖮𝖸𝖠𝖫𝖳𝖸 - ( 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 )Where stories live. Discover now