Part-4

741 87 0
                                    

ဂျပန် ကို အလည်သွားတယ်ဆိုတာလည်းချန်းယောလ်ရဲ့သူငယ်ချင်း ပိုင်တဲ့ Hotel ကနေဘယ်မှမသွားဖြစ်လိုက်။
လမ်းပျောက်တတတ်တဲ့သူမလို့ လမ်းမကျွမ်းကျင်ဘဲလည်းတစ်ကိုယ်တော် ခရီးမနှင်ရဲပါ။ ချန်းယောလ်မျက်နှာနဲ့ Hotel မှာအေးဆေးဖြတ်သန်းခဲ့ရပါသည်။
အိမ်ကလူကြီးတွေအတွက်လက်ဆောင်လည်း Hotel ကပြင်ဆင်ပေးထားတာကြောင့်သူ့အတွက်တကယ်ကို အနားယူရဆုံး ခရီးတိုတစ်ခုပင်ဖြစ်သည်။

ဘူချွန်းအိမ်ကို တန်းမပြန်ဘဲ အိမ်မှာ၂ရက်လောက်နားလိုက်တာမှန်သွားတယ်ပြောရမလား..။ ထည့်စရာရှိတာသိမ်းစရာရှိတာသိမ်းရင်း လက်စွဲတော် Laptop ကိုပါ တစ်ချက်ပြန်စစ်ရသည်။ ဘူချွန်းအိမ်မှာ အားအားယားယားလည်းမနေရအောင် အလုပ်တစ်ခုတော့ လိုရမယ်ရလုပ်ခွင့်ရအောင်ယူလာခြင်းပင်။

" ဟယ်လို မားမားဗြောင်
ကျွန်တော်ပါ ဘတ်ဟျွန်းနီး ! မနက်ဖြန်မနက် ‌ဘူချွန်းကိုဒုက္ခလာပေးမှာမလို့ ကြိုအသိပေးတာပါခမျ  "

" ........ "

" သိပါတယ် အလုပ်တွေအားလို့ပါ မားမားရဲ့။
ဘာလို့လဲ ကျွန်တော်လာမှာကိုငြိုငြင်နေတာလား? အင်းပေါ့လေ သူများလင်မယားတွေတီတီတာတာလုပ်နေမှာ ကို လူပျိုလေးက ဝင်နှောင့်ယှက်သလိုဖြစ်နေမှာပေါ့ "

" .......... "

" ဟားဟား ဟုတ်ပါပြီ အဲ့တာဆို ဒါပဲနော် မားမား "

မားမားစီဖုန်းခေါ်အပြီး နံရံအပေါ်ကနာရီထံမျက်လုံးကစားမိတော့ ညနေခြောက်နာရီထိုးနေပြီ။ ချန်းယောလ်ကခဏနေလောက်ပြန်ရောက်လာမယ်ထင်တယ်။ အဝတ်အစား အထုတ်တွေလည်းဧည့်ခန်းထဲမယ် အဆင်သင့်.. ပြန်ရောက်တဲ့ညကလည်းဖုန်းနဲ့သာလှမ်းပြောလိုက်ရသည် အိမ်ချင်းဖင်ကပ်နေတာတောင်ချန်းယောလ်မလာပါ။ ဒီညပါမလာရင် တကယ်ချန်းယောလ်ကိုသူစိတ်ခုမိတော့မည်။ သူကိုယ်တိုင်သွားတွေ့လိုက်လို့ရပေမယ့် ဒီရက်ပိုင်း ချန်းယောလ်ကောင်မလေးရသွားကတည်းက ချန်းယောလ်ကို အစချီပြောဖို့ အစစအရာရာတွန့်ဆုတ်မိနေတာ ခက်တယ် ။

တိုက်ခန်းတစ်ပတ်လျှောက်ပတ်ကြည့်ပြီး သန့်ရှင်းရေးလုပ်အမှိုက်ရှင်းကာတစ်နာရီလောက်အချိန်ဖြုန်းနေလိုက်သည်။
သို့သော် ချန်းယောလ်ကား ပေါ်မလာ။ အလုပ်က ဂျူနီယာတွေနဲ့သွားသောက်နေသလား ? သူနဲ့ ချန်းယောလ်ရဲ့မတူတဲ့အချက်က ဒီလိုနေရာဆိုတအားသိသာတယ်။ သူက အပြင်ထွက်ရတာတို့သူငယ်ချင်းတွေမိတ်ဆွေတွေနဲ့ ‌စားသောက်သွားလာရတာထက်အိမ်မှာနေရတာပိုကြိုက်တယ်။ ချန်းယောလ်ကမဟုတ်ဘူး အပြင်သွားရတာကြိုက်တယ် တစ်ခုခုအသစ်အဆန်းလုပ်ရမှာ တအားစိတ်ဝင်စားတယ် သူငယ်ချင်းအသစ်တွေရလွယ်တယ် ။

𝖶𝖱𝖮𝖭𝖦 𝖫𝖮𝖸𝖠𝖫𝖳𝖸 - ( 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 )Where stories live. Discover now