Part -3

845 87 3
                                    

သုံးထပ်သားကင်နဲ့ဆိုဂျူက လိုက်ဖက်သလို ဘီယာအေးအေးလေးနဲ့လိုက်ဖက်နေပြန်တယ်။ချန်းယောလ်ရဲ့အောင်ပွဲခံညလေးက ထွေရာလေးပါးလျှောက်ပြောရင်း ပြီးဆုံးခဲ့တယ်။
ဘတ်ဟျွန်းကအဲ့နေ့ညမှာ အူရွှင်နေသယောင်ပြခဲ့ပေမယ့် မျက်လုံးတွေကတော့အတွေးများနေဟန် အဲ့အချက်ကို ငယ်ပေါင်းကြီးဖော်ချန်းယောလ်က သတိထားမိပေမယ့်ထုတ်မမေးဖြစ်ခဲ့ဘူး။ မေးခဲ့ရင်တောင်ပြောပြမှာမဟုတ်တဲ့ဘတ်ဟျွန်းအကျင့်ကိုသိနေခဲ့လို့။

ချန်းယောလ်ရဲ့အောင်ပွဲခံညအပြီး နောက်ထပ်ရက်သတ္တပတ်တစ်ခုလုံးကို ဘတ်ဟျွန်းအိမ်ထဲမှာပဲစားလိုက်အိပ်လိုက်လုပ်ပြီးဖြတ်သန်းတယ်။ ပြောရရင် ဒါဟာ စာမူတစ်ခုပြီးလို့နားလိုက်ခြင်းပဲ။ သူဘာမှမလုပ်ဘဲ ချန်းယောလ် ချက်ပြုတ်ပေးတာတွေစားလိုက် တီဗီကြည့်လိုက် အိပ်လိုက် စသဖြင့်ဒီအလုပ်သုံးခုကိုလုပ်ရင်းဖြတ်သန်းတယ်။ နောက် အပတ်ထဲတော့ ခရီးတိုထွက်ဖို့သူစဉ်းစားမိသည်။ ဘူချွန်းအိမ်က ဗြောင်လင်မယားစီလည်း တစ်လလောက်သွားဒုက္ခပေးဖို့လည်းကြံနေသေးတယ်။ ခရီးတိုထွက်ရာကအပြန် နှစ်ရက်နားပြီး ဘူချွန်းကိုသွားမယ် အခုတော့ စာအုပ်ထွက်လာပြီမလို့
သူ့စာအုပ်ကို ဝယ်ဖတ်တဲ့သူတွေရဲ့ comments တွေကို လိုက်ဖတ်လိုက်အုန်းမည်။

This user have a bf : စာရေးဆရာဘတ်ဟျွန်းက အခုထိ အရေးအသားမတိုးတက်လာဘူး ဘယ်လို အမှိုက်ကိုဝယ်ဖတ်မိတာလဲ အားးးးးး

Blue Sky : ငါ့ပိုက်ဆံတွေနှ‌မြောလိုက်တာ အရည်မရအဖတ်မရ စာအုပ်ကိုဝယ်မိပြီ

အမှိုက်ဒါပေမယ့်ရွှေ : ဘတ်ဟျွန်းဆိုတဲ့ကောင်ကအခုထိမသေနိုင်သေးဘူးလား မုန်းလို့သေတော့မယ်

Holy shit : ဒီလိုတွေရေးမယ့်အစား အပြာစာရေးတာမှ
သဘောကျအုန်းမယ် ခ်ခ်ခ် အပြာစာတောင်ရေးတတ်ပါ့မလား အမှိုက်လိုကောင်က lol

တက်လာတဲ့ ments တွေက ဒါတွေကြီးပဲ မသေသေးဘူးလား အမှိုက်စာတွေ ..။ ဘာလို့သူ့ကို negative အမြင်တွေရှိနေပြီး အမုန်းခံနေရတာလဲ ။ မုန်းပေးနေတဲ့သူတွေကိုစိတ်မကောင်းပေမယ့် ဘယ်တတ်နိုင်မလဲ ?သူ့အရေးမှမဟုတ်တာ ။

𝖶𝖱𝖮𝖭𝖦 𝖫𝖮𝖸𝖠𝖫𝖳𝖸 - ( 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 )Where stories live. Discover now