/ ငါ့ကိုမင်းဘာမှပြောစရာမရှိဘူးလား /
ဘာကြောင့် ချန်းယောလ်က ဒီလိုမေးရတာလဲ? တကယ်ဆို ဘတ်ဟျွန်းကမေးသင့်တာလေ ။ တိုက်ခန်းကိစ္စကြားသွားတာမလို့ နည်းနည်းတော့စိတ်ညစ်ရသေးသည်။ချန်းယောလ်ဘေးကထွက်သွားမည်မှန်းသာသိသွားလို့ကတော့သူ့ကို ဟစ်တလာထက်ဆိုးတဲ့လူဆိုးအဖြစ်စာတွင်သွားမည့်ဖြစ်ခြင်း။
/ ဘာမှမရှိဘူးလား /
" အဲ့တာကမင်းပြောရမယ့်စကားလား ချန်းယောလ် ! ငါ့အထင်တော့ငါပြောရမယ့်စကားထင်တာပဲ "
/ ချန်းယောလ်တဲ့ ချန်းယောလ်လီတောင်မဟုတ်တော့ဘူး
အင်းပေါ့ အားကိုးရှိတော့ ပြောထွက်နိုင်ပြီပဲ ဟဟ /" မင်းမရစ်နဲ့ တစ်ပတ်လုံးပျောက်ပြီး မင်ဂလာဆောင်ဖိတ်စာလာဖိတ်တာလား "
မကြားချင်ပေမယ့် ဒါကဘယ်လိုနေနေကြုံတွေ့လာရမယ့်ကိစ္စပဲမလို့ထုတ်ပြောမိလိုက်သည်။
/ မဟုတ်ဘူး /
" အဲ့တာဆို ဘာလဲ "
/ တံခါးလာဖွင့်ပေး ! ဖုန်းထဲကစကားနဲ့ပြီးမယ့်ကိစ္စမဟုတ်ဘူး ထင်တယ် /
ချသွားတဲ့ဖုန်းကောလ်ကိုတောင်ပြန်မကြည့်နိုင်။အိမ်ရှေ့ကိုထွက်ကြည့်ရတော့သည် ။ password သိတာတောင်ဘာလို့ဝင်မလာတာလဲ ။ မေးခွန်းများစွာ ခေါင်းထဲအစီအရီဝင်လာပေမယ့် နှုတ်ကထုတ်ဟမေးဖို့ထက် အခန်းတံခါးဖွင့်ပေးဖို့စိတ်ဆောင်နေလေသည်။ချန်းယောလ်ကဘယ်လိုပုံစံဖြစ်နေလို့ သူ့ကိုဒီလိုတွေတောင်စေခိုင်းနေရတာလဲ?
" ချန်းယောလ် "
ပုံမှန်အတိုင်းတီရှပ်တစ်ထည်နဲ့ဒူးတိုဘောင်းဘီနဲ့ချန်းယောလ်က ဘတ်ဟျွန်းကိုအထိတ်တလန့်ဖြစ်အောင်သိပ်လုပ်တာပဲ။
" အိမ်ထဲဝင်လို့ရတယ်မလား "
" မင်းနဲ့ငါက အဲ့လိုစကားတွေပြောရမယ့်သူလား "
ခပ်လေးလေးခြေလှမ်းတွေ။ ဒီကောင်ဘာဖြစ်နေတာလဲဟ!
အပြင်သူခေါ်မေးတောင် ငါမှန်နေတာလေ" ပြောလေ ! မင်းပြောတဲ့ဖုန်းထဲတင်မပြီးမယ့်ကိစ္စ "
တိတ်ဆိတ်နေတဲ့စကားဝိုင်းကိုဖြိုခွဲလိုက်တဲ့ဘတ်ဟျွန်းရဲ့ခပ်စွာစွာအသံ။ နာရီသံတစ်ချက်ချက်တောင်ကြားရတဲ့အထိချန်းယောလ်ကဘာတွေတွေးနေတာလဲ။

YOU ARE READING
𝖶𝖱𝖮𝖭𝖦 𝖫𝖮𝖸𝖠𝖫𝖳𝖸 - ( 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 )
Fiksi Penggemar𝐋𝐎𝐘𝐀𝐋𝐓𝐘 𝒊𝒔 𝒕𝒉𝒆 𝒔𝒕𝒓𝒐𝒏𝒈𝒆𝒔𝒕 𝒈𝒍𝒖𝒆 𝒘𝒉𝒊𝒄𝒉 𝒎𝒂𝒌𝒆𝒔 𝒂 𝑹𝒆𝒍𝒂𝒕𝒊𝒐𝒏𝒔𝒉𝒊𝒑 𝒍𝒂𝒔𝒕 𝒇𝒐𝒓 𝒂 𝒍𝒊𝒇𝒆 𝒕𝒊𝒎𝒆.