Final

1.3K 92 6
                                    

တရုတ်ကိုပြောင်းရွှေ့ဖို့ မားဗြောင်ကိုဖုန်းဆက်ပြောတော့ နင့်ပါနင် ဘယ်ရောက်ရောက် ဆိုပြီးဖုန်းချပစ်သတဲ့။
ကြည့်ပါအုန်း ဒါလား မွေးမေမေ ?
သူ့ကို ပလပ်စတစ်အိတ်ကလေးများမှတ်နေသလား အောက်မေ့ရတယ်။ ဖုန်းထဲမှာမလို့များ ဒီလိုပြောသလား အပြင်မှာဝမ်းနည်းနေမလား မတွေးပါ မားမားသည် ဗြောင်ဦးလေးကြီးနှင့်တစ်တီတူးချစ်ကြည်နူးဖို့သာစိတ်ထဲထားသည်။

ဘတ်ဟျွန်းနှင့်ဆို သူငယ်ချင်းအလား ပေါင်းတတ်တာကြောင့် ဘတ်ဟျွန်းကိုယ့်ခြေထောက်ပေါ်က်ရပ်တက်သွားကတည်းက အရာအားလုံးကိုဝင်မစွက်ဖက်တော့ ။ရွေးချယ်ထားပြီးသည့်ကိစ္စများအားလည်း ကောင်းသည်ဆိုးသည်ပင်မပြောတော့ပါ။ မွေးသဖခင်နဲ့ညားခါစလင်မယားလိုပဲနေတော့သည်။

ချန်းယောလ်ကို မပြောတာကပိုကောင်းသည်မလို့ တိတ်တိတ်နေရပေမယ့် စိတ်ထဲတော့လုံမနေပါ။ ငယ်ငယ်တုန်းကတည်းက စသိပါပြီဆိုကတည်းက အကြောင်းစုံဖောက်သည်ချနေကြပေမို့ မပြောပြဖို့ထိမ်ချန်နေရတာကငရဲတစ်ခုရောက်နေသလို။ အဲ..သူကြိတ်ချစ်တုန်းကလည်းမပြောခဲ့ဘူးလေ အဲ့တော့ အဲ့ကိစ္စလိုပဲစိတ်ထဲသတ်မှတ်ရသည်။

အချစ်ရေ သိသွားရင်ကိုယ့်ကိုစိတ်မဆိုးကြေးကွာ..

ကိုယ့်ကိုကိုယ်စိတ်ထဲကပြောပြီးကြိတ်ခွီရသေးတယ်။ပတ်ချန်းကို ပုစိကွေးသေးသေးလေးလို သုံးနှုန်းပြောမိရင် မျက်စိထဲ အရပ်ခြောက်ပေကျော် ကြီးကပြေးမြင်နေတာပဲ။ရယ်လို့ အားရတော့ သူ့မယ်သက်ပြင်းချရသေးတယ်။ ချန်းယောလ်ကဘယ်လိုပဲလူကောင်းကြီးပါစေ ဘေဘီပူတူးအူကြူး အကြီးစားပဲမလား? ဘတ်ဟျွန်းထက်တောင်စိတ်နှလုံးသားနုနယ်သူမလို့ စိတ်ပူရသေးတယ်လေ။

_________

ပေကျင်းလေဆိပ်ရောက်ရောက်ခြင်း အစ်ကိုရီရှင်းကိုလိုက်ရှာရသည်။ အမိမြေမဟုတ်တာကြောင့် ဇာတ်ကားထဲကလိုကြံဖန်ပြီးအပိုတွေတော့မလုပ်ဖြစ်။ ဖုန်းဆက်တော့ အစ်ကိုရီရှင်းကလည်း လေဆိပ်မှာရောက်နေသည်တဲ့။ ရောက်ရောက်ခြင်းလူပျောက်ရှာသလိုရှာလိုက်ရတာ ခေါင်းတွေမူးလို့ သံပုရာရည်ဝယ်သောက်မှပဲ အစ်ကိုရီရှင်းနဲ့တွေ့တော့တယ်။

𝖶𝖱𝖮𝖭𝖦 𝖫𝖮𝖸𝖠𝖫𝖳𝖸 - ( 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 )Where stories live. Discover now