Zawgyi
မနက်ခင်းရဲ့နေရောင်ခြည်လေးတွေ လီလီမျက်နှာပေါ်ထိုးကျလာသည်။ ငှက်ကလေးတွေရဲ့ သီချင်းဆိုသံလေးကို လီလီနားဆင်ပြီး အိပ်ရာထခဲ့သည်။ ပြက္ခဒိန်ကို လှမ်းကြည့်လိုက်တော့ စနေနေ့ဖြစ်တာကြောင့် အေးအေးဆေးဆေးပဲ ရေးချိုးပြီး ပြန်ထွက်လာခဲ့သည်။ အိပ်နေတာတောင် ချစ်ဖို့ကောင်းနေတဲ့ ယောင်းနားကို ရောက်လာမိသည်။ ယောင်းနားလေးကို ကပ်ပြီးကြည့်နေမိသည်။ အိပ်နေတာတောင် မျက်လုံး၊ မျက်ခုံး၊ နှာတံလေးနဲ့ နှုတ်ခမ်းလေးတွေက ဆွဲဆောင်မှုအပြည့်ရှိနေတုန်းပဲ။ ယောင်းရဲ့ ပန်းနုရောင်နှုတ်ခမ်းလေးက လီလီအား ဆွဲဆောင်နေသည်။ လီလီသူ့စိတ်ကိုယ်သူ ထိန်းနေရသည်။
"ယောင်းရယ် အရမ်းတွေလှနေတာပဲကွာ...ကျေးဇူးပြုပြီး မလှပါနဲ့တော့လားကွာ..."
တိုးတိုးတိတ်တိတ်အသံလေးနဲ့ ပြောလိုက်မိသည်။ လီလီ ယောင်းရဲ့ ပန်းနုရောင် နှုတ်ခမ်းလေးကို နမ်းချင်နေမိသည်။
"ယောင်း ယောင်း"
ယောင်းကို အသာလေးလှုပ်ကာ နှိုးကြည့်နေသည်။
"အိပ်နေတာပဲ မသိလောက်ပါဘူးလေ"
အိပ်နေတယ်လို့ ထင်ရပေမဲ့ အိပ်ချင်ယောင်ဆောင်နေတဲ့ လူတစ်ယောက်ကိုတော့ လီလီမသိပါ။
ယောင်းနှုတ်ခမ်းလေးနဲ့ သူမနှုတ်ခမ်းလေးကို ထိကပ်လိုက်သည်။ တော်တော်ကြာတဲ့ အထိ ထိကပ်ပြီး နမ်းနေမိသည်။
နမ်းနေတာကို လွှတ်လိုက်ပြီး အခန်းထဲကထွက်ဖို့ ပြင်တုန်း...
"Li~"
💭ဟာ ယောင်းက နိုးနေပြီလား...ဟာ မဖြစ်နိုင်တာ ခုနတုန်းက အိပ်နေတာပါ...ခုမှနိုးတာဖြစ်မှာပါလေ💭
"နိုးပြီလား"
"အင်း...ဒါနဲ့ ယောင်းနှုတ်ခမ်းက ဘာလို့ စေးကပ်ကပ်ဖြစ်နေတာလဲ"
"ဟင်...ဟာ ယောင်း ယောင်းကလဲ ချွေးပြန်လို့နေမှာပေါ့"
လီလီစကားတွေပင်ထစ်နေသည်။
"ဟုတ်လား ဘာလို့ ချွေးပြန်နေတာလဲ"
"အဲ အဲဒါကတော့ ဘယ်သိမလဲ"

BINABASA MO ANG
💓ရင်ခုန်သံခြင်းထပ်တူ💓
Fanfictionထပ်တူညီစွာခုန်နေတဲ့ ရင်ခုန်သံတွေဟာ တို့နှစ်ယောက်ရဲ့ ချစ်ခြင်းသက်သေတစ်ခု...💓 ...🌹🌻 ထပ်တူညီစွာခုန်နေတဲ့ ရင်ခုန်သံတွေဟာ တို့နှစ်ယောက်ရဲ့ ချစ်ခြင်းသက်သေတစ်ခု...💓 {8/8/2021} - {14/9/2021}