Ep-12...💝

462 58 4
                                    

Zawgyi

ဒီနေ့ဖေဖေပြောတဲ့စကားကြောင့် လီလီငိုင်သွားမိသည်။

ယောင်းရဲ့ ဖေဖေတို့ နောက်၃၊ ၄နာရီလောက်ကျရင် လေယာဉ်ဆင်းတော့မယ်တဲ့။ အဲခါကျရင် ဖေဖေတို့က ယောင်းကိုပြန်ပို့ပေးမှာတဲ့လေ။

လီလီနဲ့ ယောင်းကြားမှာအတူရှိမဲ့အချိန်တွေက နာရီပိုင်းသာကျန်တော့သည်။ ယောင်းပြောသလိုအချိန်တွေကို ရပ်တန့်ချင်ပေမဲ့...တကယ်မှမရတာလေ။

လီလီလည်း တစ်ယောက်ထဲခြံထဲထွက်လာပြီး ဒန်းပေါ်မှာသာထိုင်နေပြီး အတွေးနယ်ချဲ့နေသည်။

"ငါ့ညီမလေး ဘာတွေတွေးနေတာလဲ"

ညင်ညင်သာသာအသံလေးနှင့် ပြောလာပြီး နွေးထွေးစွာကြည့်ကာ ပြုံးပြီး အိမ်ထဲကထွက်လာတဲ့Jisoo Unnie...

Unnieကို ပြန်သာပြုံးပြလိုက်ပြီး တိတ်ဆိတ်နေလိုက်သည်။

"ကြိုးတက ကြိုးတွေထဲမှာ သံယောဇဉ်ဆိုတဲ့ ကြိုးက အဆိုးဆုံးပဲ လီလီရဲ့..."

ပြောလက်စ စကားကို ရပ်ပြီး ဒန်းပေါ်မှာ လီလီနဲ့ဘေးချင်းကပ်ထိုင်လိုက်သည်။ ထို့နောက် ဆက်ပြောလိုက်သည်။

"အဲသံယောဇဉ်ဆိုတဲ့ ကြိုးတွေကို အမြန်ဆုံးဖြတ်တောက်နိုင်ရင် အကောင်းဆုံးပဲ..."

Unnieပြောနေတဲ့ စကားကို နားလည်သဘောပေါက်တာကြောင့် စကားကိုဖြတ်ပြီး လီလီက ၀င်ပြောလိုက်သည်။

"ဒါမဲ့ ယောင်းဆိုတဲ့ သံယောဇဉ်ကြိုးလေးက လီလီ့အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အရာမို့...နာကျင်ရမယ်ဆိုရင်လည်း အဲနာကျင်မှုတွေကို လီလီခံယူမှာပါ...ယောင်းနဲ့ လီလီတို့နှစ်ယောက်ကြားမှာတည်ရှိနေတဲ့ အဲသံယောဇဉ်ကြိုးလေးတွေကို မဖြတ်ရက်ပါဘူး...Unnieရယ်...

အဲတာကို Unnieနားလည်ပေးပါနော်..."

လီလီ့စကားကြောင့် ဂျီဂျီအံ့သြမိသွားသည်။

အမြဲတမ်းကလေးတစ်ယောက်လို ပြုမူနေထိုင်နေတဲ့ သူ့ညီမလေးက ဒီလောက်ချစ်တတ်ပြီး သံယောဇဉ်ကြီးတတ်မှန်းမသိခဲ့ဘူး။

လီလီဖြစ်နေတဲ့ခံစားချက်တွေကို ဂျီကောင်းကောင်းနားလည်နိုင်ပါသည်။

💓ရင်ခုန်သံခြင်းထပ်တူ💓Donde viven las historias. Descúbrelo ahora