Ep-7...💝

585 76 6
                                    

Zawgyi

စာကလေးငှက်လေးတွေရဲ့ တကျိကျိအော်သံ၊ သစ်တောက်ငှက်ရဲ့ သစ်ပင်ခေါက်သံတွေကြောင့် လီလီအိပ်မရ၍ ထလာခဲ့သည်။ ထထခြင်း အိပ်ပုပ်လေးယောင်းကို မတွေ့တာကြောင့် ရင်ထဲပြောင်းဆန်သွားသည်။ ရေချိုးခန်းထဲတွင်လည်း မတွေ့တာကြောင့် အောက်ဆင်းလာခဲ့သည်။

"ယောင်းရေ...ယောင်း"

"လီလီဘာတွေအော်နေတာလဲ"

"ဖေကြီး ယောင်းရော"

"ယောင်းက သူ့ဖေဖေတို့နဲ့ ဖုန်းပြောနေတယ်"

"အော်"

"သွား မျက်နှာသွားသစ်...ပြီးရင် ဘွားဘွားဆီသွားရအောင်"

"ဘွားဘွားဆီလား ဟေးးးးး ယောင်းကိုရောခေါ်ခဲ့မယ်နော်"

"ခေါ်ရမှာပေါ့"

"Nayeon Unnieတို့ကိုလည်း ခေါ်လို့ရလား"

"အင်း ရတယ်လေ ခေါ်ခဲ့လိုက်...ခုတော့ မျက်နှာသစ် မနက်စာစားပြီးသွားမယ်"

"ဟုတ်"

လီလီတစ်ယောက် ခုန်ပေါက်ကာ အပေါ်တတ်သွားသည်။ အဖေဖြစ်သူမန်နိုဘန်လဲ သမီးလီလီအား မနိုင်သည့်ပုံစံဖြင့် ပြုံးနေမိသည်။

🌸🌸🌸🌸

လီလီတို့ရဲ့ ကားလေး စိမ်းစိမ်းစိုစိနှင့် သာယာလှပနေတဲ့ ခြံအကျယ်ကြီးထဲသို့ ၀င်ရောက်လာခဲ့သည်။ ခြံရဲ့ အလည်လောက်တွင် နှစ်ထပ်ထပ်တိုက်အိမ်လေးတစ်လုံး တည်ရှိနေသည်။

"ဘွားဘွား"

တိုက်အိမ်ရှေ့လေးတွင် ကျောမှီထိုင်ခုံတစ်ခုံပေါ်တွင် လှဲနေသည့် အဘွားMiSooအား လီလီလှမ်းခ်ါလိုက်သည်။

"ဟယ် မြေးလေးတို့ လာလာ...SaeYoon သွားခေါ်လိုက်ဦး"

"ဟုတ်ကဲ့"

"အမေနေကောင်းရဲ့လား"

"ကောင်းပါ့ ကောင်းပါ့...သမီးတို့ရော နေကောင်းကြရဲ့လား"

"ဟုတ် ကောင်းတယ်"

"လီလီနဲ့ ဂျီဂျီတို့ရော"

"ဟုတ် ရှိတယ်...လီလီ ဂျီဂျီလာဦး"

"ဟုတ်"

"နီနီတို့ရော ပါတယ်ပေါ့ ဒါနဲ့ ဒီတစ်ယောက်ကရော"

"ဒါက ပတ်ချယ်ယောင်းတဲ့ မန်နိုရဲ့ သူငယ်ချင်းသမီးလေ အဲဒါသူတို့က USသွားတော့ သမီးတို့ အိမ်မှာထားခဲ့တာ"

💓ရင်ခုန်သံခြင်းထပ်တူ💓Where stories live. Discover now