Zawgyi
"Yahhhh....လီနဲ့ Coupleပုဝါလေး ဘယ်ရောက်နေတာလဲ မသိဘူး"
ချယ်ယောင်းတစ်ယောက် Coupleပုဝါလေးရှာမတွေ့တာကြောင့် စိတ်ညစ်ညစ်နဲ့ ညီးတွားနေမိသည်။
နေ့တွေတစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့တာ ဒီနေ့ဆို လီဆာ့၂၄နှစ်ပြည့်ပြီလေ။ ဒါကြောင့် ချယ်ယောင်းနဲ့အတူ ဟိုတစ်ခါက သွားဖူးတဲ့ နေကြာပန်းခင်းနဲ့ နှင်းဆီပန်းခင်းနှစ်ကို ဆက်ထားတဲ့ ပန်းခင်းကြီးကို သွားဖို့ပြောထားကြသည်။ မွေးနေ့ရှင်ဖြစ်တဲ့ လီဆာကတော့ မသိ။ ချယ်ယောင်းမှာတော့ စိတ်လှုပ်ရှားနေရသည်။
"ဟူးးးးတော်သေးတယ် ပြန်တွေ့လို့"
ဗီရိုထဲက ထောင့်နေရာမှာ ရှိနေတဲ့ ပုဝါလေးကို ကိုင်ယူလိုက်ရင်း ပြောနေလိုက်သည်။ ပုဝါလေးကို လည်ပင်းမှာ ချည်နှောင်လိုက်သည်။
လီဆာအတွက် ရည်မှန်းပြီး ၀ယ်ထားတဲ့ မွေးနေ့လက်ဆောင်ဘူးလေးကို အိတ်ကပ်ထဲထည့်လိုက်ပြီး ပြည့်စုံပြီဆိုတော့မှ အိမ်အောက်ထပ်ကို ဆင်းလာခဲ့သည်။
"အရမ်းလှတာပဲ ယောင်းရယ်"
အောက်ထပ်က ဧည့်ခန်းထဲမှာ ထိုင်စောင့်နေတဲ့ လီဆာက ချယ်ယောင်းကိုမြင်တော့ မျက်တောင်မခတ်ငေးကြည့်ရင်း ပြောလိုက်သည်။ လီဆာစကားကို ကြားတော့ ချယ်ယောင်းရယ်လိုက်ပြီး.....
"လီကတော့ ကိုယ့်ချစ်သူကို မြှောက်နေပြန်ပြီ ယောင်းဘာမှထူးထူးခြားခြားမပြင်ဆင်ထားပါဘူး"
"ဘာမှပြင်မထားတာကိုက လှနေတာ"
"ဟီး..."
"သွားမယ်လေ ယောင်း ခုတောင်နေစောင်းနေပြီ"
"အော် အင်းပါ ဒါနဲ့ အကုန်အဆင်သင့်ဖြစ်ပြီလား"
"Yes အကုန်အဆင်သင့်ပဲ ပန်းခင်းကိုလဲ ငှားပြီးပြီ လိုအပ်တာတွေလဲ အကုန်ပါပြီ"
"Yahhh...အရမ်းချစ်ဖို့ကောင်းတာပဲ ဘယ်သူ့ချစ်သူလေးပါလိမ့်"
"ဟောဒီက နှင်းဆီပန်းလေးရဲ့ ချစ်သူလေးပါ"
ချယ်ယောင်း ရယ်ပြီး လီဆာရဲ့ ပါးလေးကို တစ်ချက်နမ်းလိုက်ပြီး ကားလေးနဲ့ ပန်းခင်းကြီးဆီကို ဦးတည်ပြီး မောင်းနှင်လိုက်တော့သည်။
YOU ARE READING
💓ရင်ခုန်သံခြင်းထပ်တူ💓
Fanfictionထပ်တူညီစွာခုန်နေတဲ့ ရင်ခုန်သံတွေဟာ တို့နှစ်ယောက်ရဲ့ ချစ်ခြင်းသက်သေတစ်ခု...💓 ...🌹🌻 ထပ်တူညီစွာခုန်နေတဲ့ ရင်ခုန်သံတွေဟာ တို့နှစ်ယောက်ရဲ့ ချစ်ခြင်းသက်သေတစ်ခု...💓 {8/8/2021} - {14/9/2021}