Ep-8...💝

507 75 2
                                    

Zawgyi

"ချက်...ချက်...ချက်"

တစ်ချက်ချက်နှင့် သွားနေသည့် တိုင်ကပ်နာရီလေးကို လီလီမော့ကြည့်လိုက်တော့ ၆နာရီသာရှိသေးသည်။ ကျောင်းသွားဖို့ စောနေသေးတာကြောင့် ပြတင်းပေါက်နားမှာ ထိုင်လိုက်သည်။ မနက်ခင်းစောစောဖြစ်တာကြောင့် လေနုအေးလေးတွေ တိုက်ခတ်နေသည်။ လေနုအေးတွေ ဘယ်လောက်အေးအေး လီလီ့ရင်ထဲက အပူတွေကိုတော့ ငြိမ်းအောင် လုပ်မပေးနိုင်ပါ။

လီလီ ယောင်းဘက်ကို လှမ်းကြည့်လိုက်သည်။ အိပ်နေလိုက်တာများ အပူအပင်ကင်းမဲ့နေတဲ့ ကလေးလေးလို။ ယောင်းကို ကြည့်ပြီး လီလီပြုံးမိသွားသည်။ ဒါပေမဲ့ လီလီ့အပြုံးတွေ ကြာရှည်မခံခဲ့ပါ။ အတွေးပေါင်းစုံလီလီ့ခေါင်းထဲ ၀င်လာပြန်သည်။ ထိုအတွေးတွေက လီလီ့အား အိမ်မက်ဆိုးသကဲ့သို့ နှိပ်စက်နေသည်။

ပြတင်းပေါက်ဘက်သို့ ပြန်လည်မျက်နှာမူကာ မတ်တပ်ရပ်ပြီး ငှက်လေးတွေရဲ့ တေးဆိုသံ၊ နာရီလေးရဲ့ တစ်ချက်ချက်အလုပ်လုပ်သံတွေကို နားထောင်ရင်း အတွေးနယ်ချဲ့နေသည်။

တစ်ယောက်ထဲ တွေးနေတာ ဘယ်လောက်ကြာသွားပြီလဲ လီလီသူ့ကိုယ်သူတောင် မသိပါ။

လီလီရဲ့ ခါးလေးကို နူးနူးညံ့ညံ့လက်တစ်စုံက ပွေ့ဖက်လိုက်သည်။ လီလီနှုတ်ခမ်းလေး ကွေးညွှတ်သွားမိသည်။ သူမအားဖက်လာတဲ့ နူးညံ့တဲ့ လက်တစ်စုံ လီလီစုပ်ကိုင်လိုက်သည်။ လီလီစုပ်ကိုင်ထားတဲ့လက်ပိုင်ရှင်လေးက လီလီပုခုံးပေါ်ကို သူမခေါင်းလေးတင်လိုက်သည်။

"ဘာတွေတွေးနေတာလဲ လီလီ"

ချိုသာလိုက်တဲ့ အသံလေး။ ထိုအသံလေးကို လီလီသဘောကျမိသည်။ နှုတ်ခမ်းလေးကို ကွေးညွှတ်စွာပြုံးလိုက်ပြီး...

"ဘာမှမဟုတ်ပါဘူး...ဒီလိုပါပဲ"

သူမရယ်လိုက်သည်။ ဒီအဖြေကို သူမသဘောမကျမှန်း လီလီသိပါသည်။

"လီလီ့အကြောင်း ယောင်းသိပါတယ်...ပြောပါ ဘာတွေတွေးနေတာလဲလို့"

လီလီပြုံးကာ...

"ယောင်းသာ အိမ်ပြန်သွားရင် လီလီဘယ်လိုနေခဲ့ရမလဲဆိုတာ တွေးနေတာ"

💓ရင်ခုန်သံခြင်းထပ်တူ💓Where stories live. Discover now