Zawgyi
သာသာယာယာကျောင်းဝန်းကြီးတွင် ကျောင်းသူ၊ ကျောင်းသားများ ပြေးလွှားကစားလို့နေကြသည်။
လီဆာတို့လည်း ကြိုးခုန်တိုင်းကစားနေကြသည်။
"Minaငါ့လှည့်နင်ခုန်ထားလိုက်ဦး"
ပြောပြီး သူမတို့ဆီကိုဦးတည်ပြီးလာနေတဲ့ ယောင်းလေးနားကို ပြေးသွားပြီး သူမရင်ခွင်ထဲကိုထည့်ပြီး ဖက်ထားလိုက်သည်။
အချို့ကျောင်းသား၊ ကျောင်းသူတွေကတော့ သူမတို့နှစ်ဦးရဲ့ သူငယ်ချင်းထက်ပိုတဲ့ဆက်ဆံရေးကို နားမလည်သလိုဖြင့် ကြည့်နေကြသည်။ သူမတို့ကတော့ ဂရုမစိုက်။
"လွမ်းလိုက်တာ ယောင်းလေးရယ်..."
ယောင်းရဲ့ကျောပြင်လေးကို ပွတ်သပ်ပြီး နူးညံ့ညင်သာစွာပြောဆိုနေတဲ့ လီလီကြောင့် ယောင်းရဲ့နှုတ်ခမ်းထက်မှာအပြုံးတို့ဟာ ဆင်မြန်းလျက်။
"ယောင်းရောပဲ...လီလီ့ရဲ့ယောင်းလေးကို အရမ်းတွေလွမ်းနေတာ..."
အခြားသူတွေသိရင် ပိုတယ်ပြောဦးမှာသေချာသည်။ သို့ပေမဲ့ ရင်ဘက်ထဲကလာတဲ့ အစစ်အမှန်စကားတွေဆိုတာ ကာယကံရှင်သူမတို့နှစ်ဦးသာ အသိဆုံးဖြစ်လိမ့်မည်။
"လီ...လွှတ်ပါဦး"
လီလီလည်း လွှတ်လိုက်ပြီး ယောင်းရဲ့ပါးဖောင်းဖောင်းလေးကို အသာလေးဆွဲညှစ်လိုက်သည်။
"လီလီက ကစားနေတာမလား"
"ဟုတ်တယ်လေ ယောင်းရဲ့...ဘာဖြစ်လို့လဲ"
"ကစားတာအပျက်ခံပြီး ယောင်းဆီဘာလို့လာတာလဲ"
"ကစားတာက ယောင်းလောက်မှအရေးမပါတာ"
ကလေးလေးလို ချွဲနွဲ့ပြီးပြောနေတဲ့ လီလီလေးကို ယောင်းအရမ်းအူယားနေမိသည်။
"လီလီရယ် အရမ်းတွေစကားတတ်တာပဲ"
"Hee...Minaတို့နားသွားရအောင်..."
လီလီရဲ့ မျက်ခုံးတွေဟာ အလိုမကျသလိုတွန့်သွားသည်။ ဘာဖြစ်တယ်ဆိုတာ ယောင်းသိလိုက်ပါသည်။
"စိတ်ကောက်သွားတာလား လီလီလေး..."
"မဟုတ်ပါဘူး"
YOU ARE READING
💓ရင်ခုန်သံခြင်းထပ်တူ💓
Fanfictionထပ်တူညီစွာခုန်နေတဲ့ ရင်ခုန်သံတွေဟာ တို့နှစ်ယောက်ရဲ့ ချစ်ခြင်းသက်သေတစ်ခု...💓 ...🌹🌻 ထပ်တူညီစွာခုန်နေတဲ့ ရင်ခုန်သံတွေဟာ တို့နှစ်ယောက်ရဲ့ ချစ်ခြင်းသက်သေတစ်ခု...💓 {8/8/2021} - {14/9/2021}