Ep-11...💝

500 55 4
                                    

Zawgyi

ပြတင်းပေါက်ကနေ တိုးဝင်နေတဲ့ နေရောင်ဟာ လိုက်ကာစအဖြူရောင်လေးကို ထိုးဖောက်ပြီးကုတင်ပေါ်သို့ကျရောက်လာသည်။ မျက်လုံးတွေဖွင့်ကြည့်လိုက်ရင်း...

နတ်သမီးလေးတစ်ပါးပမာ လှပလွန်းသည့် ယောင်း...။ ဘာမှလိမ်းပြင်ထားခြင်းမရှိ။ သာမာန်ကျောင်းဝတ်စုံလေးနှင့်သာ။ ဆွဲဆောင်မှုအပြည့်ရှိသည့် နှုတ်ခမ်းများနှင့် နူးညံ့စွာပြုံးပြနေတဲ့ ယောင်းလေး...။ ကြင်လင်၊ တောက်ပလွန်းသည့် မျက်ဝန်းတွေနှင့် ကြင်နာစွာစိုက်ကြည့်နေတဲ့...ယောင်းရဲ့ အလှကြောင့် လီလီ့စိတ်တွေလွင့်တော့မည့်အတိုင်း...။

လီလီနဖူးပေါ်သို့ နွေးခနဲရောက်ရှိလာသည့် အနမ်းတစ်ပွင့်ကြောင့် လွင့်တော့မည့ဝ်စိတ်တွေ ပြန်ရောက်လည်ရောက်ရှိလာသည်။

"ထတော့လေ"

တိုးလျလျအသံလေးနှင့် ပြောလာပြီး လီလီကို သူမလက်ကလေးလှမ်းပေးလိုက်တော့ လီလီကလည်း သူမရှေ့ကို ရောက်ရှိလာတဲ့ လက်လေးကို အားပါပါနဲ့ ဆွဲလိုက်ပြီး ယောင်းကို သူမကိုယ်ထဲနစ်နေအောင် ဖက်လိုက်သည်။ ယောင်းကလည်း ငြိမ်နေလိုက်သည်။

ယောင်းအသက်ရှူကျပ်လာလို့ လွှတ်ခိုင်းလိုက်တော့ လွှတ်လိုက်သည်။ လွှတ်ပြီးတော့ ယောင်းရဲ့ ပါးလေးကို နမ်းလိုက်သည်။ နမ်းပြီးတော့ ယောင်းကို စိုက်နေကြည့်နေလိုက်သည်။

ယောင်းတစ်ယောက် လီလီက သူမကိုဖက်လိုက်တာရော၊ ဗရုတ်သုတ်ခခုန်နေတဲ့ နှလုံးခုန်သံတွေကြောင့်ရောကြောင့် ရှက်နေသည်။ ဒါ့အပြင် ပြူးတူးပြဲတဲစိုက်ကြည့်နေတဲ့ လီလီကြောင့် ပိုပြီးရှက်နေရသည်။

"ဘ ဘာတွေစိုက်ကြည့်နေတာလဲ"

မျက်နှာကြီးတစ်ခုလုံး ရဲတွတ်နေပြီး စကားတွေထစ်ထစ်ငေါ့ငေါ့နှင့် ပြောနေတဲ့ ယောင်းကြောင့် ရယ်ချင်စိတ်ကို ထိန်းထားရပေမဲ့ မထိန်းနိုင်ဘဲ ရယ်မိသွားသည်။

"Ha ha ha ha ha"

သူမကို ကြည့်ကာ ဟားတိုက်ရယ်နေတဲ့ လီလီကြောင့် ပိုပြီးရှက်ကိုရှက်ကန်းဖြစ်နေမိသည်။

"ရေသွားချိုးတော့လေ..."

စကားလမ်းကြောင်းလွှဲကာ ပြောလိုက်သည့် ယောင်းကို ကြည့်ပြီး ပြုံးရင်း ခေါင်းငြိမ့်ပြလိုက်သည်။

💓ရင်ခုန်သံခြင်းထပ်တူ💓Where stories live. Discover now