Ep-13...💝

464 61 4
                                    

Zawgyi

ဒီနေ့မနက်ခင်းလေးမှာ လီလီနိုးထရတာသိပ်အဆင်မပြေ။ အဲတာကိုလဲ လီလီကောင်းကောင်းသိပါသည်။

ယောင်း...။

ဟုတ်တယ်...သူမပဲ။ ယောင်းဆိုတဲ့ သူမလေး လီလီနားမှာမရှိတာ နေ့တစ်ဝက်ရှိခဲ့ပြီ...။ သူမလေးကို လီလီအရမ်းလွမ်းနေမိသည်။ နေ့တစ်ဝက်ဆိုတဲ့ အချိန်လေးကသိပ်ကြာတာပဲ။ ခုလိုကျောင်းသွားရမယ့်အချိန်ကို စောင့်နေတာ ယောင်းပြန်သွားကတည်းက...။

လီလီတစ်ယောက်အိပ်ရာပေါ်က ကုန်းရုန်းထလိုက်တော့ ခုတင်စောင်းနဲ့ သူမခြေသလုံးတိုက်မိကာ လဲကျသွားသည်။ လီလီမမူဘဲ ရေချိုးခန်းထဲ ပြေးဝင်ပြီး ကျောင်းသွားဖို့ ပြင်ဆင်တော့သည်။

အားလုံးပြီးတော့ အောက်ကိုဆင်းလာကာ မနက်စာကိုအမြန်စားပြီး ခြံထဲဆင်းပြီး စက်ဘီးယူကာ မေမေတို့ကို ကျောင်းသွားတော့မယ်လို့ ပြောခဲ့ပြီး အပြေးနင်းလာခဲ့သည်။

ကျောင်းနဲ့ လီလီတို့အိမ်က နီးတာကြောင့် တစ်ခါတစ်လေမေမေတို့လိုက်မပို့နိုင်ရင် ကိုယ့်ဘာသာပဲ စက်ဘီးနဲ့သွားလေ့ရှိသည်။

ကျောင်းကို ရောက်ရောက်ခြင်း အခန်းထဲလွယ်အိတ်ထားပြီး ကျောင်းတံခါးပေါက်နဲ့ မဝေးမနီးမှာ ယောင်းကို ရပ်စောင့်နေသည်။

ကျောင်းပေါက်ဝမှာ စက်ဘီးရပ်ပြီး လီလီ့ဆီကို အလိုမကျတဲ့ပုံနဲ့ရောက်လာတဲ့ Jisoo Unnie...

"မောလိုက်တာ လာလီဆာရယ်...နင့်နောက်ကျားလိုက်နေလို့ စက်ဘီးကို ဒီလောက်မြန်နင်းရသလား"

Unnieကို လီလီသွားကြီးဖြဲပြီး ရယ်ပြလိုက်သည်။

လီလီ့နောက်လိုက်လာရလို့ ချွေးတွေဆိုနေပြီး၊ မျက်စောင်းတွေထိုးကာ ဆူပုပ်ပြီး
ပြောနေတဲ့Unnieက ရယ်စရာဖြစ်နေသည်။

"အဲလောက်ရယ်မနေနဲ့ သွားတွေအအေးပတ်နေမယ်"

Unnieစကားကြောင့် လီလီပါးစပ်ကို ပြန်ပိတ်လိုက်ပြီး သွားမပေါ်အောင်ရယ်ပြလိုက်သည်။

လီလီ့အပြုအမူကြောင့် ဂျီမျက်နှာက ပိုပြီးဆူပုပ်လာသည်။

"ငါ့ကိုလာရွဲ့မနေနဲ့"

💓ရင်ခုန်သံခြင်းထပ်တူ💓Where stories live. Discover now