Zawgyi
မနက်ခင်းရဲ့ နွေးထွေးလှတဲ့ နေရောင်ခြည်လေးတွေ ဖြာလင်းနေသည်။ သိပ်နောက်မကျသေးသောကြောင့် လေနုအေးလေးတွေ တိုက်ခတ်နေသည်။ ကျောင်းဝန်းထဲတွင် သစ်ပင်ကြီးများနှင့် ပန်းပင်ငယ်လေးများ စိုက်ပျိုးထားသည်။ လေနုအေးလေးတွေ တိုက်ခတ်မှုကြောင့် သစ်ရွက်များမှာ လှုပ်လှုပ်ရွရွနှင့်သာ။ လေအေးအေးလေးတွေရဲ့ တိုက်ခတ်မှု၊ နေရောင်ခြည်မနွေးမအေးလေးနှင့် သာယာမှုအပြည့်။ ကျောင်းဝန်းထဲတွင် ကျောင်းသူ၊ကျောင်းသားများမှာ လမ်းလျှောက်သူက လျှောက်၊ ကစားသူက ကစားနှင့် ပျော်ရွှင်မြူးတူးနေကြသည်။
Lisa,Chaeနဲ့ Jisooတို့ကလည်း ဟိုကြည့် ဒီကြည့်နှင့် စကားပြောကာ လမ်းလျှောက်ပြီး ကျောင်းဝန်းထဲသို့ ၀င်လာကြသည်။
"ဟိတ်...အတွဲတွေ...နောက်ကျလှချေလား"
Minaမှ အနောက်ကရောက်လာပြီး ပြောလိုက်သည်။
"Yaaa...Minaဘာတွေလျှောက်ပြောနေတာလဲ...နောက်ပြီး ငါတို့က နောက်မကျပါဘူး...နင်ကသာ ကောင်လေးတွေငမ်းဖို့ အစောကြီးရောက်နေတာမလား"
"Arr...Yaaa...Lalisaနင်နော်"
"ဘာလဲ မဟုတ်လို့လား"
"ဟာ ဒီေ×ွးမ ငါနဲ့တွေ့မယ်"
"အရူးမ ငါ့ကိုဆဲတယ်ပေါ့...Ha ha...လိုက်ဖမ်းလေ"
"အေးပါ အေးပါ ဖမ်းမှာပါ...နင်သာ လွတ်အောင်ပြေး"
"ကိုယ့်ကိုယ်ကို သိပ်ပြီးအထင်မကြီးပါနဲ့...Ha ha ha"
Lisaက စိတ်ဆိုးအောင် စပြီး ပြေးသည်။ Minaကလည်း လိုက်လုပ်နေသည်။ Chaeနဲ့ Jisooကလည်း ရယ်ကာ လိုက်တားနေရသည်။
"Myoui Mina!!!"
အသံကို ဟစ်ကာအော်လိုက်သည့် Jihyoကြောင့် Lisaတို့ အပြင် ကျောင်းသူ၊ကျောင်းသား တစ်ချို့တောင် Jihyoကို လှည့်ကြည့်လာသည်။ Jihyoကတော့ သတိမထားမိ။
"ပင်ကွင်းမ Toiletသွားမယ်ဆိုပြီး ငါ့ကိုညာသွားတယ်ပေါ့...ဟုတ်လား"
"ဟိုလေ...Ji Jihyo...အဲ...အဲတာကလေ...အော်...ငါက Toiletသွားပြီး ပြန်လာတာ သူ...သူတို့နဲ့ တွေ့လို့ စကားပြောနေတာပါ"
"အရူးမ...ငါနင့်နောက်ကို တစ်လျှောက်လုံးလိုက်လာတာ...ဘယ်Toiletမှာ မ၀င်ဘူး"

YOU ARE READING
💓ရင်ခုန်သံခြင်းထပ်တူ💓
Fanfictionထပ်တူညီစွာခုန်နေတဲ့ ရင်ခုန်သံတွေဟာ တို့နှစ်ယောက်ရဲ့ ချစ်ခြင်းသက်သေတစ်ခု...💓 ...🌹🌻 ထပ်တူညီစွာခုန်နေတဲ့ ရင်ခုန်သံတွေဟာ တို့နှစ်ယောက်ရဲ့ ချစ်ခြင်းသက်သေတစ်ခု...💓 {8/8/2021} - {14/9/2021}