Arc 1 ​ကလေးထိန်းခြင်း(4)

6.2K 1K 28
                                    

သတိ!!!!!!ဆင်ဆာအနည်းငယ်ပါသည်။ကိုယ့်အသက်ဘယ်လောက်လဲ ကိုယ်တွက်
ကြည့်ပြီးမှဖတ်ကျပါ😏😏😏

တဖြတ်ဖြတ်ခတ်နေတဲ့မျက်ဝန်းတွေရယ်၊ကိုယ်ပေါ်ကနေစီးကျနေတဲ့ရေစက်တွေရယ်၊တဖြည်းဖြည်းခုန်နေတဲ့နှလုံးသားတစ်ရယ် နဲ့အတူ သူ့မျက်ဝန်းတွေက သူ့ရှေ့မှာရှိနေတဲအဝတ်ဗလာနဲ့ယောက်ကျားသားဆီကနေ အကြည့်မလွှဲနိုင်ခဲ့ဘူး။

မော့ရန် ဒါကိုသေချာအပြည့်အဝနားမလည်နိုင်သေးဘူး။ဒီလူကို စက္ကန့်ပိုင်းလောက်ငေးကြည့်လိုက်ရုံနဲ့ကမ္ဘာလောကကြီးတစ်ခုလုံးကိုမေ့သွားတယ်။သူ့အဖေဆိုသူပေါ် တခြားစိတ်တွေရှိနေပြီလား?ဒီလူကိုနောက်တစ်ကြိမ်ပြန်တွေ့ရတဲ့အခါကျမှ ဘာ့ကြောင့်
အခုလို ပုံမှန်မဟုတ်တဲ့ခံစားချက်တွေခံစားနေရတာလဲ?

မော့ရန် ကတော့အောက်ဘက်မှာရှိတဲ့ ရေတွေကိုပဲငုံ့ကြည့်နေလိုက်တော့တယ်။ဒီလူငယ်လေးရဲ့ချစ်စဖွယ်အပြုအမူကို
လင်ကျားချန် တွေ့လိုက်ရတယ်။ရေတစ်ခွက်လောက်ခပ်ပြီး မော့ရန် ကိုခေါင်းကနေလောင်းချပေးလိုက်တယ်။ပြီးတော့ မော့ရန်
ရဲ့ကျောကုန်းကို ကြေးတွန်းပေးလိုက်တယ်။

"ငါတို့ရဲ့ မော့ရန်လေးတောင် အရွယ်ရောက်လာပြီပဲ၊တခြားလူနဲ့ရေအတူတူချိုးရင် ရှက်ရကောင်းမှန်းတောင်သိနေပြီ"

"ကျွန်တော်မရှက်ပါဘူး။ ဘယ်တော့ ထွက်ခွာမှာလဲ?"

မော့ရန် သူ့ကို လင်ကျားချန် ကျီစယ်နေတာကို မကြိုက်တာကြောင့် စကားလမ်းကြောင်းလွှဲလိုက်တယ်။

"ဟင်းးး မင်းအရင်ဆုံး အုပ်ချုပ်ရေးတပ်စခန်းမှာ လေ့ကျင့်လိုက်ပါဉီး။မင်းခန္ဓာကိုယ်ကအရမ်း....ဘယ်လိုပြောရမလဲဆို​တော့။သာမာန်ဆန်တယ်ပေါ့ကွာ။ရန်သူတွေကိုတိုက်ခိုက်ဖို့ လက်နက်ကိုင်မယ်ဆိုရင် မင်းအနေနဲ့တောင့်တင်းသန်မာနေမှရမယ်"

"သာမန်ဆန်တယ်??"

မော့ရန် သူ့ကိုယ်သူငုံ့ကြည့်လိုက်တဲ့အခါ လင်ကျားချန် ရဲ့စကားတွေကအမှန်ပဲဆိုတာနားလည်လိုက်တယ်။လုံးဝကို ကျစ်လျစ်သန်မာမှုရှိမနေဘူး......

Semeတစ်ယောက်ကိုပျိုးထောင်ရတာအရမ်းခက်ခဲတယ်Where stories live. Discover now