"ဘယ်ရောက်နေပြီလဲ"
စံအိမ်ကနေ ထွက်ပြေးလာပြီးကတည်းကရထားလုံးစီးနေတာ အတော်ကြာနေပြီ....ယိမ်းခါနေတဲ့ ရထားလုံးကြောင့် အတော်လေးလဲ မူးဝေနေပါပြီ.....ဝေချင်ရဲ့ ဂဂုစိုက်မှုအောင်မှာနေရပေမယ့် တစ်ယောက်သောသူကိုပဲသတိရမိနေတယ်.....ဝန်မခံချင်ပေမယ့်လဲ သူ့အပေါ်အများကြီး ဂရုစိုက်ခဲ့တဲ့မော့ရန်နဲ့ အတူနေတာကြာလာတော့လဲ သံယောဇဉ််တွယ်မိနေခဲ့ပြီလေ.....
"အရှေ့တိုင်းပြည်ထောင်စုရဲ့ ဌာနချုပ်ကိုရောက်တော့မယ်....ဆရာ မေ့လဲသွားတဲ့နေ့ကတည်းက ခေါင်းဆောင်ယန်နဲ့ ခေါင်းဆောင်ကွမ်တို့က ဆရာ့ကို ပြန်ခေါ်ချင်နေကျတာ....ဌာနချုပ်ရောက်တာနဲ့ ယင်မြူခိုးအဆိပ်ကို ကုပေးလိမ့်မယ်...."
"ကောင်းပြီ....ဒီအတောအတွင်း တိုးတက်လာတဲ့စွမ်းရည်တွေကို ထုတ်ပြချင်နေကျတယ်ထင်တယ်....သူတို့ဘယ်လောက်တိုးတက်လာလဲ ကြည့်ကျတာပေါ့...."
မူလခန္ဓာကိုယ်ပိုင်ရှင် ကျင်းရှောင်က အရှေ့တိုင်းပြည်ထောင်စုပေါင်းစည်းဖို့ မျှော်လင့်ချက်တွေရှိခဲ့တယ်.....အခုတော့နှစ်တွေကြာညောင်းခဲ့ပြီပဲ.....
[Mission ပြီးမြောက်သွားပါပြီ...ချက်ချင်းထွက်ခွာမလား...ဆက်နေဉီးမလား??]
ဆက်နေမယ်....
စိတ်ထဲကနေ System ကိုပြန်ဖြေရင်း ခြေထောက်မှာစာတစ်စောင်ချည်ပေးထားတဲ့ ကျီးနက်တစ်ကောင်ကို အမှောင်ထုထဲစေလွှတ်လိုက်တယ်.......
ကျင်းရှောင်အဖြစ်နဲ့ ဒီကမ္ဘာကို ရောက်နေခဲ့တာ ဆယ်စုနှစ်တစ်ခုကြာမြင့်ခဲ့ပါပြီ....တစ်ချိန်တုန်းက မသန်မစွမ်းဖြစ်ဖူးခဲ့တဲ့ ကျင်းမိသားစု ဒုတိယသခင်လေးက အခုဆို များစွာသောလူအပေါင်းရဲ့ ရှေ့မှာ မိန့်ခွန့်ပြောဖို့အတွက် စင်မြင့်တစ်ခုပေါ်ရောက်နေခဲ့လေပြီ....
ခြေလက်တွေ လှုပ်ရှားနိူင်ပြီဆိုပေမယ့်လဲ နှေးကွေးလေးလံနေသေးတယ်...ဝေချင်က အဖြူရောင် အပေါ်ဝတ်တစ်ထည်က်ို ကိုင်ပြီး လင်ကျားချန်ရဲ့ ညာဘက်မှာရပ်နေတယ်....ဘယ်ဘက်မှာတော့ အနက်ရောင်မျက်နှာဖုံးတပ်ဆင်ထားတဲ့ လူနှစ်ယောက်ရှိနေတယ်။
YOU ARE READING
Semeတစ်ယောက်ကိုပျိုးထောင်ရတာအရမ်းခက်ခဲတယ်
RandomReader လေးတစ်ယောက်တောင်းဆိုထားလို့ပါ ဖတ်ကြည့်ပေးကျပါဉီး Mature ကတော့ Description မှာတင် On ရတော့မယ့်အနေအထားပါရှင်😎