ဒီနေ့မှာ....ကျင်းမိသားစုရဲ့အခက်အခဲကို
လူစွမ်းကောင်းဝင်လုပ်ပြီး ကူညီဖြေရှင်းပေးမယ့် ဖန်းရှန်းစယ်ရဲ့အကြံအစည်တွေအကုန်လုံး မော့ရန်ကြောင့် ရေစုန်မျှောသွားခဲ့ပြီ......စစ်သူကြီးရဲ့အကြည့်တစ်ချက်နဲ့တင် ဒူးတွေပျော့ခွေကုန်ပြီလေ.....
"စစ်...စစ်သူကြီးက ဒီမှာဘာလုပ်နေတာလဲ??"
"ဘယ်လိုထင်လဲ??"
ကြမ်းပြင်ပေါ်ကျကွဲနေတဲ့ ရေနွေးအိုးကို မော့ရန် လက်ညိုးထိုးပြလိုက်တယ်။ကျကွနေတဲ့ရေနွေအိုးနဲ့ တင်းမာနေတဲ့မော့ရန်ရဲ့မျက်နှာထားကို တလှည့်စီကြည့်ပြီးတာနဲ့ သားအဖနှစ်ယောက်အကြည့်ချင်းဖလှယ်ပြီး လိမ်ညာဖို့ကြိုးစားလိုက်နေကြတယ်။
"စစ်သူကြီးအထင်လွဲနေတာပါ...တကယ်တော့ ကျင်းမိသားစုက ကျွန်တော်မျိုးတို့ကို လူသတ်သမားတွေဖြစ်အောင် လုပ်ကြံချင်နေကြတာ....ဒါတွေအကုန်လုံး ကျင်းမိသားစုကြံစည်ထားတာတွေပါ...."
"ကျင်းမိသားစု???"
"ဟုတ်ပါတယ် စစ်သူကြီး...."
မော့ရန် ထိုင်နေရာကနေ မတ်တပ်ထရပ်လိုက်ပြီး ဖန်းသားအဖနှစ်ယောက်ကို ခြိမ်းခြောက်တဲ့အကြည့်တွေနဲ့ အုပ်မိုးပြီးကြည့်လိုက်တယ်။
"ကျင်းမိသားစုက ဒီရေနွေးအိုးကြောင်းလုံးဝမသိတဲ့အပြင် ကျုပ်ကလဲဒီရေနွေးအိုးထဲမှာ အဆိပ်ခတ်ထားတယ်လို့ တစ်ခွန်းမှထုတ်မပြောကသေးဘူးနော်....ပြောစမ်းပါဉီး သမားတော်ဖန်းရဲ့အမြင်မှာ ဒီစစ်သူကြီးက ငတုံးတစ်ယောက်ဖြစ်နေတာများလား???"
"စစ်...စစ်သူကြီး ကျေးဇူးပြုပြီးသက်ညှာပေးပါ....ကျွန်တော်မျိုးတို့ဒီအတိုင်း အပျော်အပျက်လေးတွေလုပ်မိရုံလေးပါ....တကယ်ပါ!!!ပြီးတော့ ကျင်းသားအမိကို မသေစေချင်ပါဘူး...."
သားအဖနှစ်ယောက်စလုံး ဒူးထောက်ပြီး သက်ညှာပေးဖို့တောင်းပန်နေကြတယ်။
"ဒီနေ့မှာဘယ်သူမှ မသေခဲ့ပေမယ့်.. မနက်ဖြန်ဆိုတာရှိသေးတာပဲ....ခင်ဗျားတို့တွေနောက်တစ်ကြိမ်ထပ်ပြီးမကြံစည်ဘူးလို့ တပ်အပ်ပြောနိုင်ပါ့မလား??"
YOU ARE READING
Semeတစ်ယောက်ကိုပျိုးထောင်ရတာအရမ်းခက်ခဲတယ်
RandomReader လေးတစ်ယောက်တောင်းဆိုထားလို့ပါ ဖတ်ကြည့်ပေးကျပါဉီး Mature ကတော့ Description မှာတင် On ရတော့မယ့်အနေအထားပါရှင်😎