မျက်နှာတစ်ခု၊အသွင်ကွဲနှစ်မျိုး(1)

6.2K 672 16
                                    

အချိန်ခရီးသွားတွေရဲ့ ပြသာနာအားလုံးကို တာဝန်ဖူဖြေရှင်းပေးရတဲ့ ဖန်ရှင်း က အဖွားဖုန့်ရဲ့ အတိတ်မေ့ဆေးရည်ကို သုံးပြီး ဒီဇာတ်ကြောင်းမှာ ပါဝင်ပတ်သတ်ခဲ့သူတွေရဲ့ မှတ်ဉဏ်တွေကိုဖျောက်ဖျက်ပစ်ပေးရတယ်။ထို့အပြင်သမိုင်းဆိုင်ရာ အဖြစ်အပျက်တွေရဲ့ယိုပေါက်တွေကိုလဲ လိုက်ပိတ်ပေးရသေးတယ်။

Portal တံခါးကနေ အလင်းတန်းတစ်ခုလင်းလက်လာချိန်မှာ လင်ကျားချန် ပြန်ရောက်လာခဲ့ပြီဖြစ်တယ်။ပထမဆုံးအကြိမ် Portal ကနေ ထွက်ခွယသွားတုန်းကလိုပဲ လူတွေစည်ကားနေတယ်။ဖန်ရှင်းက
သတင်းအချက်လက်တွေ ဝေငှပေးနေတယ်။

"စီနီယာ..ကျွန်တော်ပြန်ရောက်ပြီ...ကျွန်တော်သေသွားပြီလား"

လင်ကျားချန် စိတ်ဓာတ်တွေကြနေတယ်။

"အိုးးး ပြန်ရောက်လာတာကိ ကြိုဆိုပါတယ်ကွာ..မင်းမြင်တဲ့အတိုင်းပဲလေ ငါအလုပ်များနေလို့ပါကွ။ အားပြည့်သွားအောင် ဒါလေးသောက်လိုက်ပါဉီး...ရော့ မင်းအတွက် ဒုတိယMission...မင်းအဆင်သင့်ဖြစ်ပြီဆို Portal ကနေ ထွက်ခွာလို့ရပြီ"

တစ်စုံတစ်ယောက်က ဖန်ရှင်းကို လှမ်းခေါ်နေတာကြောင့် ဖန်ရှင်းပြေးသွားလိုက်တယ်။စိတ်ဆင်းရဲနေရှာတဲ့လင်ကျားချန်က လက်ထဲက ဒုတိယ Mission အကျဉ်းချုပ်ကို တစ်ချက်ဖတ်ကြည့်လိုက်ပြီး စွမ်းအားပြည့်အချိုကို တစ်ကျိုက်တည်း ကုန်အောင် သောက်လိုက်ပြီး Portal ထဲကို ပြန်ဝင်သွားလိုက်တယ်။

"ဟေ့ကောင် ဖန်ရှင်း...နောက်ဆုံးကျန်တဲ့ အတိတ်မေ့ဆေးရေဘူး ဘယ်ရောက်သွားလဲ??"

"ဟမ်...အခုလေးတင် ဒီနားမှာတင်ထားလိုက်တာကို...ဘယ်ကိုခြေထောက်ပေါက်သွားတာလဲ??"

ဖန်ရှင်းတစ်ယောက် မေ့တတ်လွန်းတဲ့ သူ့ကိုယ်သူ အပြစ်တင်လိုက်ပြီး ဟိုဟိုသည်သည် လိုက်ရှာနေလိုက်တယ်။ဖန်ဆင်းရှင်တစ်ပါးက Support system အတွက် လူနာမည်စာရင်းရေးထားတဲ့ စာရွက်တစ်ရွက်ကိုကိုင်ပြီး ဖန်ရှင်းဆီကိုရောက်ချလာတယ်။ စာရင်းရဲ့ ထိပ်ဆုံးမှာ လင်ကျားချန်ရဲ့ နာမည်ကြီးကို အထင်းသားမြင်နေရတယ်။

"လင်ကျားချန်ရဲ့နာမည်က ဘယ်လိုဖြစ်လို့ ဒီထဲမှာ ပါနေရတာလဲ??"

Semeတစ်ယောက်ကိုပျိုးထောင်ရတာအရမ်းခက်ခဲတယ်Où les histoires vivent. Découvrez maintenant