Arc 1 ကလေးထိန်းခြင်း (10)

5.4K 822 24
                                    

"ဘာလဲ?ကိုးနှစ်တောင်ကြာသွားပြီဆို​တော့ ဒီလူအိုကြီးကိုမမှတ်မိတော့ဘူးပေါ့?"

"ခင်ဗျား...."

လင်ကျားချန် Wheelchair ပေါ်ကနေ ခါးကုန်းပြီး ဓားကိုကောက်လိုက်တယ်။ဓားရိုးမှာ ထွင်းထားတဲ့ အမှတ်အသားကို ရင်းရင်းနှီးနှီးသိနေတယ်။သူပြုံးလိုက်မိတယ်။သူ မသန်မစွမ်းဖြစ်နေမှန်းသိတာကြောင့် လုပ်ကြံသူကတောင် ဓားကို ရိုးရိုးတန်းတန်းပဲပစ်လိုက်ပုံရတယ်။သူ့ရဲ့ အသက်ကို တကယ်လိုချင်နေကြတာပဲ။

"ခင်ဗျား တစ်ယောက်ယောက်နဲ့များ ရန်ညိုးဖွဲ့မိထားသလား?ခင်ဗျားဆီကို ဘာလို့ လုပ်ကြံရေးသမားတွေလွှတ်နေတာလဲ?"

"မသိဘူးလေ။သူတို့က ငါ့ကို အရမ်းချစ်လွန်းလို့ လုပ်တာလဲ ဖြစ်နိုင်တာပဲ"

"သူတို့..? ဒါပထမဆုံးအကြိမ် မဟုတ်ဘူးလား?ခင်ဗျားမှာ ရန်သူတွေဘယ်နှယောက်တောင်ရှိနေတာလဲ?"

စံအိမ်မှာရှိတဲ့ အစောင့်တွေရောက်လာတယ်။လုပ်ရိုးလုပ်စဉ်တစ်ခုလိုမျိုး အလောင်းကို ရှင်းလင်နေတယ်။အခန်းထဲကို လှည့်ဝင်သွားတဲ့ လင်ကျားချန် နောက်ကိုမလိုက်ခင် မော့ရန် လုပ်ကြံသူရဲ့အလောင်းကို တစ်ချက်ကြည့်လိုက်တယ်။

"မော့ရန် ငါ့ကို ကူညီပေးပါဉီး... "

"ခင်ဗျား ဘယ်သွားချင်လို့လဲ?"

"ရေချိုးမလို့၊ ငါရေမချိုးဖြစ်တာကြာပြီ၊အရင်က ကူညီပေးနေကြ အားကျန်ကို ခိုင်းထားတာရှိလို့ အခုသူမအားဘူး။တခြားအစေခံတွေကိုလဲ ငါ့အခန်းထဲကို မဝင်စေချင်ဘူး၊သူတို့ကအရမ်း နမော်နမဲ့နိုင်တာကွ၊ငါ့ကန်းအိုးတွေကိုခွဲသွားသေးတယ်လေ။ငါ့ကိုရေချိုးဖို့ ကူညီပေးပါဉီးကွာ"

သူ့ရဲ့မုတ်ဆိတ်မွေးတွေက မော့ရန် ရဲ့မျက်လုံးထဲမှာ အတော်ကို ကိုးလိုးကန့်လန့်ဖြစ်နေတယ်။မော့ရန် ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး နာနာခံခံနဲ့ လင်ကျားချန်ကို ကူညီပေးလိုက်တယ်။မသန်မစွမ်းဖြစ်နေတဲ့ လင်ကျားချန်က ​ခြေတစ်လှမ်း၊တစ်လှမ်းကို မနည်းအားယူပြီးလှမ်းနေရတယ်။လင်ကျားချန် အပေါ်ဝတ်ရုံကိုချွတ်ပြီး ရေချိုးဇလုံထဲကို ဝင်သွားလိုက်တယ်။

Semeတစ်ယောက်ကိုပျိုးထောင်ရတာအရမ်းခက်ခဲတယ်Where stories live. Discover now