“ရှေးခေတ်တုန်းက လူတွေဟာ ကိုယ့်ကိုကိုယ် တိုးတက်အောင် လေ့လာကြတယ်။ အခုခေါတ်ကျတော့ သူများတွေ အထင်ကြီးအောင် လေ့လာကြတယ်။ ဒါပေမယ့် အမှားအမှန်ကို သိအောင် လေ့လာသင့်တယ်လို့ ငါယုံကြည်တယ်။ ဘဝတစ်လျှောက်လုံး စာသင်နေတဲ့ ပညာရှင်ကြီးတောင်မှ ပိုကြောက်စရာကောင်းတဲ့ အမှားတွေ ထပ်လုပ်လာနိုင်တယ်။စာပေလေ့လာသင်ကြားတယ်ဆိုတာ ကိုယ့်ထက်နိမ့်ပါးသူတွေကို နိမ့်ချဆက်ဆံပြီးကြွားလုံးထုတ်ဖို့မဟုတ်ဘူး....ကိုယ့်ကိုကိုယ်ပိုပြီးတိုးတက်ကောင်းမွန်လာအောင် အဆင့်မြှင့်တင်ဖို့ပဲ.....ဒါတွေကိုသေချာမှတ်ခါးရမယ်နော်...."
လင်ကျားချန်က သူ့ကိုယ်သူ ဆရာတစ်ယောက်သဖွယ်မှတ်ယူထားလိုက်တယ်။သူပြေသမျှကို သေချာအာရုံစိုက်နားထောင်နေတဲ့ မော့ဟေးယွမ်လေးကို လင်ကျားချန်က ဖတ်ဖူးသမျှပုံတိုပတ်စတွေ ပြောပြပြီးသေချာသင်ကြားပေးနေတယ်။
ဒါတွေကိုမြင်ရတော့ အခန်းထောင့်မှာ "စစ်ပွဲနှင့်တိုင်းပြည်"ဆိုတဲ့စာအုပ်ကိုဖတ်ရှုနေတဲ့
မော့ရန်တစ်ယောက်ငယ်ရွယ်စဉ်ကျောင်းတက်တုန်းက အချိန်ကာလတွေကို သတိရမိသွားခဲ့တယ်။ကျင်းရှောင်ရဲ့လေယူလေသိမ်းအပြုမူတိုင်းက ကျောင်းတော်သားစာပေ ပညာရှင်တစ်ယောက်နဲ့တူနေပြီး စစ်ပွဲပြန် စစ်သားကြီး လင်ကျားချန်နဲ့ အလုံးစုံကွဲပြားခြားနားနေတယ်။ထိုအချိန်မှာ အစေခံတစ်ယောက်က မော့ကျင်းနဲ့အတူ အခန်းထဲကို ဝင်လာခဲ့တယ်။ရွှေရောင်မွှေးပွခွေးပေါက်လေးကို မြင်တော့ မော့ဟေးယွမ်ရဲ့ မျက်ဝန်းတွေ တဖျတ်ဖျတ်လက်လာတယ်။
"စစ်သူကြီးမော့ကို စစ်သူကြီးဟန်က ဧည့်ခန်းမထဲမှာ စောင့်နေပါတယ်"
မော့ရန်က ထိုင်ခုံပေါ်ကနေ ထလိုက်ပြီး မော့ဟေးယွမ်လေးရဲ့ ခေါင်းကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်ပြီး.....
"ကျင်းလေးနဲ့ သွားဆော့နေလိုက်ဉီး....မင်းရဲ့ပါးပါးရှောင် ခဏလောက်အနားယူပါစေဉီး"
"ဟုတ်ကဲ့ပါ..ဖေဖေ"
မေယ့ဟေးယွမ်လေးက မော့ရန်ရဲ့ ပြောစကားကိုသေချာနားထောင်တတ်တယ်။မော့ရန်နဲ့ လင်ကျားချန်ကို သေချာအရိုသေပြုပြီးတော့မှ ခွေးပေါက်လေးနဲ့ကစားဖို့ခြံထဲကိုပြေးဆင်းသွားခဲ့တယ်။
DU LIEST GERADE
Semeတစ်ယောက်ကိုပျိုးထောင်ရတာအရမ်းခက်ခဲတယ်
SonstigesReader လေးတစ်ယောက်တောင်းဆိုထားလို့ပါ ဖတ်ကြည့်ပေးကျပါဉီး Mature ကတော့ Description မှာတင် On ရတော့မယ့်အနေအထားပါရှင်😎