မျက်နှာတစ်ခု၊အသွင်ကွဲနှစ်မျိုး (7)

2.2K 360 0
                                    

"ငါမင်းကိုမိပြီ..."

နားနားမှာကပ်ပြောလိုက်သလို ကြားနေရတဲ့အသံတိုးတိုးနဲ့အတူ အေးစက်တဲ့ဓားသွားတစ်လက်က လည်တိုင်ကို ထိကပ်လာတယ်။လင်ကျားချန် နည်းနည်းလေးမှ မလှုပ်ရှားရဲခဲ့ပေ.....

//ဘယ်သူလဲ??ဖန်ရှန်းစယ် လွှတ်လိုက်တဲ့ကြေးစားလူသတ်သမားလား??//

"ဘယ်သူလဲ??"

လင်ကျားချန် အသံတိုးတိုးနဲ့မေးလိုက်တယ်။သူ့လည်ပင်းကိုဓားနဲ့ထောက်ထားတဲ့သူကို နည်းနည်းလေးမှ မဆန့်ကျင့်ဝံ့ဘူးလေ....

လွန်ခဲ့တဲ့ ခြောက်နာရီခန့်က.....

ခြံဝင်းထဲမှာ ခွေးလေးနဲ့အတူ ကစားနေခဲ့သေးတယ်။ဒီနေ့တစ်နေ့လုံး မော့ရန်သူ့အနားမှာ စောင့်ကြည့်မနေနိုင်တာကိုအခွင့်ကောင်းယူပြီး သူ့အတွက် ချက်ပြုတ်ပေးထားတဲ့အသားဟင်းတွေကို အစေခံတွေကို စားခိုင်းလိုက်တယ်။သက်သက်လွတ်သမားဖြစ်တဲ့ သူ့ကို တစ်နေ့သုံးနပ် အသားတွေကြီးပဲစွတ်ကျွေးနေတယ်...ပြီးတော့ wheelchair ပေါ်မှာတစ်နေကုန်ထိုင်နေရတဲ့ သူ့အဖို့တော့ အသားတွေအဲ့လောက်စားလိုက်ရင် အစာမကြေဖြစ်မှာသေချာတယ်။

"စစ်သူကြီး ဘယ်မှာလဲ??"

စားဖိုဆောင်ကိုသွားနေတဲ့အစေခံတစ်ယောက်ကိုလှမ်းမေးလိုက်တယ်။

"မနက်ကတည်းက နန်းတော်ကိုသွားတယ်"

"ပြန်လာမယ်လို့ပြောသွားသေးလား??"

အစေခံက ခေါင်းခါပြလိုက်ပြီး လုပ်စရာရှိတာဆက်လုပ်ဖို့ထွက်သွားခဲ့တယ်။လင်ကျားချန်နဲ့အတူ ပေါင်ပေါ်မှာခွေနေတဲ့ခွေးလေးပဲ ကျန်ရစ်ခဲ့တယ်။သိပ်မကြာခင်မှာ လေတိုက်နှုန်းပြင်းလာတာကြောင့် နဂိုကတည်းက ချူချာသူလေး လင်ကျားချန်တစ်ယောက် မအီမသာဖြစ်လာပါလေရော..သူ့ဘာသာမဆင်မခြင်နေမိလို့ အအေးမိခဲ့ရင် မော့ရန်က အစေခံတွေကို ဂရုမစိုက်ရကောင်းလားဆိုပြီးအပြစ်ပေးနေလိမ့်မယ်....

လေးလေးနက်နက်တွေးတောပြီးတာနဲ့ wheelchairလေးကို ကိုယ့်ဘာသာကို တွန်းပြီးအခန်းထဲကို ပြန်ဝင်လိုက်တယ်။အပြင်မှာလေစိမ်းအတိုက်ခံပြီးနေနေတာထက်စာရင်
မူလခန္ဓာကိုယ်ပိုင်ရှင် ကျင်းရှောင် ပိုင်ဆိုင်တဲ့ဆေးစာအုပ်တွေဖတ်နေလိုက်တာကမှ သူ့အနာဂတ်အတွက် အထောက်အကူဖြစ်စေနိူင်လိမ့်မယ်.....

Semeတစ်ယောက်ကိုပျိုးထောင်ရတာအရမ်းခက်ခဲတယ်Donde viven las historias. Descúbrelo ahora