မျက်နှာတစ်ခု၊အသွင်ကွဲနှစ်မျိုး (11)

1.9K 297 1
                                    

မော့ရန်ရဲ့အတွေးတွေကို လင်ကျားချန် လိုက်မမှီတော့ပေ ....ဒိီအချိန်မှာ ခြေလက်တွေလှုပ်ရှားနိုင်ပါစေလို့သာ ဆုတောင်းနေမိတယ်.....သူစိမ်းယောက်ကျားတစ်ယောက်ရဲ့ရင်ခွင်ထဲမှာပိတ်မိနေမယ်လို့ ဖို့ ဒီကမ္ဘာကိုလာခဲ့တာမှ မဟုတ်တာ.....

"စစ်သူကြီးမော့....ကျုပ်က ခင်ဗျားလိုပဲ ယောင်္ကျားသားတစ်ယောက်ဆိုတာ ဘယ်နှစ်ခါလောက်ရှင်းပြ နေရဉီးမှာလဲ....ကျုပ်ကို မိန်းမတစ်ယောက်လို သဘောထားနေတာကို ရပ်လိုက်ပါတော့.."

"ဘယ်မိန်းမနဲ့မှ မပတ်သတ်ဘူးတဲ့အတွက် စိတ်ပူမနေနဲ့ "

"......"

တကယ်ကို ပြောစရာမဲ့ခဲ့လေပြီ....ဒါ သူလိုချင်တဲ့အဖြေမျိုးမှမဟုတ်တာ.....

မော့ရန်က လင်ကျားချန်ကို ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်။ပူနွေးနေတဲ့ ပါးပြင်နှစ်ဘက်က လင်ကျားချန် အသက်ရှိနေသေးတယ်ဆိုတာကို ရည်ညွှန်းနေတယ်။ယင်မြူခိုးဆေးလုံးကို နောက်တစ်ကြိမ်သောက်သုံးမိလိုက်တဲ့အတွက် လင်ကျားချန် သေတော့မလိုဖြစ်ခဲ့တယ်....ဒီလူအသက်ရှင်နေ​သေးတယ်ဆိုတဲ့အချက်ကလွဲရင် ဘယ်အရာကများ အရေးကြီးနိူင်ပါဉီးမလဲ???ဘယ်အရာကမှ ဒီလူရဲ့အသက်လောက် အရေးမကြီးဘူး......

"နေရတာ မသက်မသာဖြစ်တယ်....ကျုပ် ခေါင်းအုံး နဲ့ ကျုပ် အိပ်လို့မရဘူးလား??"

"မရဘူး....ဒီအတိုင်း အိပ်တတ်အောင် အိပ်...အတူတူအိပ်တာ ပထမဆုံးအကြိမ်
မှမဟုတ်တော့တာ..."

ရိုးရှင်းတဲ့အ​​ဖြေစကားတစ်ခွန်းက လင်ကျားချန်ရဲ့ ဒေါသတွေကို ပေါက်ကွဲ စေခဲ့တယ်။မော့ရန်ကသာ မျက်လုံးမှိတ်ပြီး အနားယူ နေပေမယ့် ရင်ခွင်ထဲက လင်ကျားချန်ကတော့ မရပ်မနား ရုန်းကန်တွန်းထိုးနေတယ်။

"အိပ်မလား...အရင်တုန်းကအကြောင်းတွေပြောကျမလား??"

"ဘာအကြောင်းလဲ?"

"ဒါမျိုးလေ...."

မော့ရန် ခေါင်းငုံ့လိုက်ပြီး လင်ကျားချန် ကိုနမ်းလိုက်တယ်။ရုတ်တရက် အလစ်တိုက်ခံလိုက်ရတဲ့အတွက် လင်ကျားချန် ရဲ့အာရုံတစ်ခုလုံး ဗလာကျင်းနေခဲ့သလို နဖူးကြောတွေထောင်တက်လာတဲ့အထိဒေါသထွက်လာ ပြန်တယ်။မော့ရန်ကနှုတ်ခမ်းကို လျှာနဲ့ယက်လိုက်ပြီးမှ လွှတ်ပေးလိုက်တယ်။

Semeတစ်ယောက်ကိုပျိုးထောင်ရတာအရမ်းခက်ခဲတယ်Donde viven las historias. Descúbrelo ahora