မော့ရန်က လင်ကျားချန်အတွက် အရသာရှိတဲ့ဟင်းလျာတွေကို ပြင်ဆင်ပေးခိုင်းလိုက်တယ်။သူတို့နှစ်ယောက်တည်းရှိတဲ့ ဒီစံအိမ်မှာ အစေခံတွေပေါများလွန်းတယ်။တစ်နေ့ စာ ထမင်းသုံးနပ်အပြင် အဆာပြေမုန့်တွေအလျှံအပယ်စီစဉ်ပေးထားတာကြောင့် လင်ကျားချန်တစ်ယောက် အချိန်တိုင်း အဆီရစ်ပြီးငိုက်မြည်းနေတယ်......
ဘာကိုမှကန့်သတ်ချုပ်ချယ်ထားခြင်းမရှိပေမယ့် ဒါဟာ စစ်သူကြီးမော့ရဲ့ရည်ရွယ်ချက်အစစ်အမှန် ဟုတ်မဟုတ်ကို လင်ကျားချန်သံသယဝင်နေဆဲပါပဲ.....
အချိန်ဆယ်နှစ်ဆိုတာ လင်ကျားချန်အတွက် ပျင်းရိဖွယ်ကောင်းအောင်ရှည်ကြာလွန်းပေမယ့် သာမာန်လူတွေအတွက်ကတော့ မျက်စိတစ်မှိတ်စာ တိုတောင်းနေပြန်တယ်။
အချိန်သုံးပတ်တာကာလကုန်လွန်သွားခဲ့ပြီ.....
မော့ရန်ရဲ့ရှေ့မှာထိုင်ပြီး လင်ကျားချန် ငှက်လိိုလို၊မွန်းစတားလိုလိုအကောင်တစ်ကောင်ပုံကိုရေးဆွဲနေတယ်။လင်းယန်ဉီးခေါင်း၊ခြသေ့ကိုယ်လုံးနဲ့ အမြီးဖွားဖွားလေးတွေရှိတဲ့ထိုသတ္တဝါရုပ်ပုံကို မော့ရန် ခိုးကြည့်လိုက်တယ်။
"ဘာပုံတွေဆွဲနေတာလဲ??"
"ပျင်းလို့ စိတ်ကူးပေါက်ရာလျှောက်ဆွဲနေတာ"
မော့ရန် ရယ်လိုက်မိတယ်။
"ဒါဆို အပြင်သွားကြမလား....မြစ်ကမ်းနားမှာစျေးတစ်ခုရှိတယ်...အပျင်းပြေလမ်းလျှောက်ထွက်ကြမယ်လေ...."
"အင်း...သွားကြမယ်....ဘာမှမလုပ်ချင်မကိုင်ချင်အောင် ပျင်းနေပြီ...."
အစောင့်နှစ်ယောက်ကိုခေါ်ပြီး မော့ရန်တို့တွေရထားလုံးစီးပြီး စျေးကိုသွားခဲ့ကြတယ်။လင်ကျားချန် လှည်းအတက်အဆင်းတိုင်း မော့ရန်က ဂရုတစိုက်နဲ့ကူညီပေးတယ်။ဒီလူကိုကြည့်ရတာ အမြဲတမ်းဖြူဖျော့နေတာပဲ...ကျန်းမာနေပေမယ့်လဲ ပိန်နေသေးတယ်လို့ မော့ရန်တွေးနေမိတယ်။
ညနေခင်းအလင်းရောင်တွေက လင်ကျားချန်ရဲ့မျက်ဝန်းတွေလို အေးမြငြိမ်းချမ်းပါတယ်။မော့ရန်က လင်ကျားချန်ရဲ့wheelchair ကိုတွန်းပေးပြီး စျေးဆိုင်တန်းတွေကို လိုက်ပြပေးတယ်။အစားအသောက်တွေ၊အခြားသောကုန်ပစ္စည်းတွေ တွေ့ပေမယ့် လင်ကျားချန်ရဲ့အာရုံကိုဖမ်းစားနိုင်လောက်တဲ့အထိတော့မဟုတ်သေးဘူး....ကျင်းရှောင် ဘယ်အရာကိုစိတ်ဝင်စားလောက်မယ်ဆိုတာ မော့ရန်တွေးတောနေမိတယ်။
YOU ARE READING
Semeတစ်ယောက်ကိုပျိုးထောင်ရတာအရမ်းခက်ခဲတယ်
RandomReader လေးတစ်ယောက်တောင်းဆိုထားလို့ပါ ဖတ်ကြည့်ပေးကျပါဉီး Mature ကတော့ Description မှာတင် On ရတော့မယ့်အနေအထားပါရှင်😎