part 2

5.7K 170 0
                                    

နောက်တနေ့မနက်တွင်...

ရှိန်းတေဇတစ်ယောက် နှိုးစက်သံကြောင့်နှိုးထလာခဲ့သည်
နာရီကိုကြည့်လိုက်တော့ မနက် ၆နာရီ

ဘေးကမြတ်နှိုးမောင်၏နှဖူးကိုစမ်းကြည့်တော့ အဖျားကျသွားပြီး ပုံမှန်အတိုင်းဖြစ်နေပြီမို့
စိတ်အေးသွားရသည်

သူ့နှဖူးကို ကိုင်လိုက်လို့လားလို့လားမသိ
အင်း...အဲ့နဲ့ ငြီးကာ မျက်လူံးကိုဖွင့်ကြည့်သည်

"မြတ်နိုးလေး အစောကြီးပဲရှိသေးတယ် ပြန်အိပ်လိုက်အုံးလေ
ဒီနေ့ကျောင်းမသွားနဲ့တော့ ကိုကိုဒီနေ့ dutyမရှိဘူး တနေကုန်အဖော်လုပ်ပေးမယ်"

'ဟင့်အင်း..ညကသားအိပ်တာစောတော့ အိပ်ရေးဝနေပါပြီကိုကိုရဲ့
သားကျောင်းမှာ ဒီနေ့ presentationလုပ်ရမှာ
မသွားလို့မရဘူး
ဟင့် '

"ဘယ်အချိန်လဲ ကိုကိုလိုက်ပို့မယ်
ပြီးတော့ တခါတည်းပဲ စောင့်နေပေးမယ်"

'၉ခွဲမှပါကိုကိုရဲ့ လိုပါသေးတယ်'

"အဲ့တာဆို ရေချိုးလိုက်နော်
ကိုကိုလည်း ကိုကို့အခန်းပြန်ပြီး လုပ်စရာရှိတာလုပ်မယ်
၈နာရီလောက်မှကျောင်းလိုက်ပို့ရင်း
မြတ်နိုးရဲ့ကျောင်းကန်တင်းမှာပဲ အတူတူမနက်စာစားကြမယ် ဟုတ်ပြီလား"

'ဟုတ်ကဲ့ ကိုကို'

"မြတ်နိုးရေ ...ကိုကိုအောက်မှာစောင့်နေတယ်နော် မပြီးသေးဘူးလာ နောက်ကျနေမယ် "

'လာပြီလာပြီ ကိုကိုရေ စာအုပ်တွေထည့်နေလို့ပါ'

ကိုကိုက အလုပ်များသူမို့ ကိုကို တခါတလေလေး ကျောင်းလိုက်ပို့ရင်ကို ကျွန်တော်မှာအပျော်ကြီးပျော်နေရတာ
ကိုကိုဂရုစိုက်ပေးတာကို ကျွန်တော်သာယာမိနေတယ်ထင်ပါတယ်
ကိုကို့ဘက်က ရိုးရိုးသားသားနဲ့ညီတစ်ယောက်လိုဂရုစိုက်ပေးတာလားမသိပေမယ့်
ကျွန်တော့်ဘက်က မရိုးသားတော့တာကိုတော့
ကျွန်တော်ကိုယ့်ကိုကိုယ်သတိထားမိနေတာကြာပြီ

"မြတ်နိုး ..ကျောင်းရောက်ပြီလေ ဘာတွေတွေးနေတာလဲ "

ကိုကို့အသံကြားမှ အသိပြန်ဝင်သွားကာ

'ဟီး..ဘားမှဟုတ်ဖူး presentation ကိုစိတ်ထဲကနေလေ့ကျင့်နေလို့ '

"ကဲပါ ဘာမှစိတ်ပူမနေနဲ့ ချောချောမွေ့မွေ့ပဲပြီးသွားမှာ လာ အရင် ဗိုက်သွားဖြည့်ကြစို့
အခုမှ ၈ခွဲဆိုတော့ နာရီဝက်လောက်အချိန်ရသေးတယ် "

'ဟုတ်'

ကိုကိုနဲ့ကျွန်တော်တွဲလျှောက်လာတော့
ခါတိုင်းကျွန်တော့်ကို ငမ်းနေကြကောင်မလေးတွေတောင် မျက်လူံးက ကိုကို့စီကနေမခွာနိုင်ကြပါ
ကိုကိုက အခုမှ ဆရာဝန်ပေါက်စ အသက်၂၆ဆိုပေမယ့်
ဝတ်တာစားတာ လူကြီးဆန်ကာ သပ်သပ်ရပ်ရပ်ရှိလှသည်
ခန္ဓာကိုယ်ကလည်း အသင့်အတင့်ကြည့်ကောင်းပြီး အရပ်က ၆ပေကျော်မို့
ဆေးကျောင်းသားဘဝထဲက သူ့ကျောင်းမှာတင်မက တခြားကျောင်းတွေအထိပါ သူ့ဂုဏ်သတင်းက မွှေးကြောင်း ကိုကို့သူငယ်ချင်းပြောပြတာကိုကြားဖူးသည်
ကျွန်ဝော့မသိစိတ်ကနေ သဝန်တိုလာသောကြောင့် ကိုကို့လက်ကို တွဲလိုက်သည်
ဒါက ငါ့အပိုင်ဆိုတဲ့ ပုံစုံမျိုးနဲ့ပေါ့

ကန်တင်းမှာလည်း ဘယ်လိုတွေ Jကိုက်မလဲဆိုတာ နောက်တပိုင်းတွင် ဆက်ရန်ရှိ......




Doctor is mine (Complete )Where stories live. Discover now