part 15 (married life )

2.4K 80 2
                                    

car parkingတွင်ကားရပ်လိုက်ပြီး
ကလေးရဲ့ လက်ကိုဆွဲကာ
Junction centerထဲသို့ဝင်ခဲ့သည်

"ဗိုက်ဆာပြီဆို ဘာစားချင်တာလဲ ကိုကို့ကလေးက "

'အင်း....ဟိုဟာ အဆင်ပြေတာတခုခုလေ '

"ဟော ဘာစားချင်မှန်း မသိပြန်ဘူးမလား"

'အပြင်ပြန်ထွက်ပြီး ဟိုနားက KFCမှာ ကြက်ကြော်စားမယ် အာလူးချောင်းကြော်ရယ်
Cola အေးအေးလေးသောက်မယ် '

"Colaမသောက်ရပါဘူး orange juiceပဲသောက် "

'သားက သောက်ချင်တာ မဟုတ်ဖူး
ဗိုက်ထဲက ဘေဘီလေးက သောက်ချင်တယ်ဆိုပြီး ပူဆာနေလို့ '

ကြည့်စမ်း အရမ်းကိုစကားတတ်တယ်
သူစားချင်တာ သူလုပ်ချင်တာဆို
မရရအောင် တောင်းဆိုတယ်
ဒီရေခဲတုံးဟာ သူလေးကြောင့် အရည်ပျော်လာခဲ့တာ

ဆိုင်ထဲတွင်

"ခုံမှာပဲ ထိုင်စောင့်နေနော်
ကိုကိုသွားမှာလိုက်မယ် "

'ဟုတ်ကိုကို '

မြတ်နိုးမောင် phကြည့်ရင်း ခုံတွင်ထိုင်စောင့်နေလိုက်သည်

ရှိန်းတေဇ ကောင်တာကနေ
မုန့်တွေကို ယူလာရင်
ပြုံးပြပြီး မြတ်နိုးမောင်စီကို လာနေသည့်အချိန်တွင်

ကောင်မလေးတစ်ယောက်က တမင်ဝင်တိုက်ခြင်းကိုရှိန်းတေဇ ခံလိုက်သည်

သူကတော့တမင်ဝင်တိုက်မှန်းမသိ
အစအဆုံးကို မြင်လိုက်ရတဲ့ မြတ်နိုးမောင်ကတော့သိသည်

'အစ်ကို တောင်းပန်ပါတယ်နော် ညီမ မမြင်လိုက်လို့ပါ '

"ရပါတယ် ခင်ဗျာ "

ဝန်ထမ်းကောင်မလေးက
'အစ်ကို ဒါတွေကိုဘယ်လိုလုပ်လိုက်ရမလဲ '

"ပစ်လိုက်ပါ ကျွန်တော်ကို အသစ် ပြန်လုပ်ပေးပါ"

'အစ်ကို ညီမ ပိုက်ဆံရှင်းပေးပါရစေ
ပြီးတော့ အဝတ်အစားလည်း လိုက်ဝယ်ပေးလို့ရမလား'

"မလိုပါဘူး ရပါတယ် "

'အဲ့တာဆို ညီမသုတ်ပေးမယ်နော်'ဟုဆိုကာ
အနီးနားက တစ်ရှူးကိုယူပြီး ခွင့်ပြုချက်မရပဲ
ရင်ဘတ်ကိုသုတ်ပေးနေစဉ်

Doctor is mine (Complete )Where stories live. Discover now