part 3

4.2K 157 0
                                    

Canteenရောက်တော့မနက်စာ စားချိန်မို့ လူများလှသည်
လွတ်တဲ့ဝိုင်းတစ်ခုကိုရှာပြီး ကျွန်တော်တို့နှစ်ယောက်ထိုင်လိုက်သည်

"ကဲ မြတ်နိုးက အခုမှနေကောင်းကာစမို့ အစာပျော့တာလေးစားရမယ်နော်
မြတ်နိုး ဘာစားချင်လဲ ကိုကိုမှာပေးမယ်လေ"

မြတ်နိုးမောင် menu ကဒ်ကိုကြည့်ရင်း...

'အင်...ကြက်ပေါင်းခေါက်ဆွဲလေးစားချင်တယ် ကိုကို '

"ဟုတ်ပြီ

ကြက်ပေါင်းခေါက်ဆွဲတစ်ပွဲပေးနော်
ကြက်သွန်မိတ်တို့ ငရုပ်ကောင်းတို့မထည့်နဲ့
ခေါက်ဆွဲကိုလည်း ပျော့ပျော့လေးဖြစ်အောင်လုပ်ပေးပါနော်

ပြီးတော့ နွားနို့တစ်ခွက်နဲ့ ပေါင်မုန့်ကြက်ဥကြော်တစ်ပွဲ

အမြန်လုပ်ပေးနော်

အစ်ကို့ ညီလေးက ၉နာရီအတန်းရှိလို့ပါ "

ကိုကိုက ကျွန်တော်မကြိုက်တာတွေကို ဂရုတစိုက်မှာပေးနေတာကို ကျေနပ်ပေမယ့်
ကျွန်တော့်ညီလေးလို့ ပြောလိုက်တာကိုတော့
သိပ်ဘဝင်မကျ
ကောင်မလေးတွေက ကိုကို့ကို ကြည့်လိုက်
တီးတိုးပြောနေလိုက်နဲ့မြင်တော့
ကျွန်တော့်စိတ်က ပိုလို့မကြည်တော့ပါ

'ကိုကို နောက်တစ်ခါဆို သားကို ကားပါကင်ထိပဲပို့တော့
ကန်တင်းမှာလည်း လိုက်မထိုင်နဲ့
ကားပေါ်ကိုမဆင်းနဲ့ဗျာ '

"ဟော ..ကိုကိုဘာအမှားလုပ်မိလို့လဲ"

'ကိုကိုက ကိုကို့ကို ဝိုင်းကြည့်နေကြတာကို
သဘောကျနေတာလား
သားမကြိုက်ဖူး သူတို့ ကိုကို့ကို ကြည့်နေကြတာသား  လုံးဝမကြိုက်ဖူး ကိုကိုရာ '

မြတ်နိုးသဝန်တိုနေမှန်း ကျွန်တော်သိလိုက်ပါပြီ
သူကျွန်တော့အပေါ် ဘယ်လိုသဘောထားလဲဆိုတာကို နားလည်လိုက်တဲ့အတွက်
ကျွန်တော်တစ်ချက်ပြုံးမိသည်
ပြီးတော့ ကျွန်တော်သူ့ကို စချင်သည့်အတွက်

"ကြည့်ပါစေပေါ့ မြတ်နိုးရဲ့ ကိုကိုက ချောလို့ကြည့်တာနေမှာပေါ့
ကျောင်းရောက်တုန်း ကိုကို့ကို ကောင်မလေး တစ်ယောက်လောက်နဲ့ မိတ်ဆက်ပေးပါလားဟင် "

မြတ်နိုးရဲ့နှုတ်ခမ်း တစ်တောင်လောက်ထော်လာပြီး မျက်မှောင်ကျုတ်ခါ

'ကိုကိုက သားအပိုင်ပဲဖြစ်ရမယ်
ဘယ်သူနဲ့မှ မိတ်မဆက်ပေးနိုင်ပါဘူး
သားပဲကိုကို့ကိုရအောင်ယူမှာ
မသိဘူး ကိုကို့ကို သားချစ်တယ် '

သဝန်တိုစိတ်ရယ် ကိုကိုတခြားသူစီပါသွားခဲ့ရင်ဆိုတဲ့အတွေးရယ်ကြောင့် ကျွန်တော့်အချစ်တွေဖွင့်ဟမိသွားသည်

ရှိန်းတေဇ Pov...

ဘယ်သူမှသာမရှိရင် ကျွန်တော် နှုတ်ခမ်းဆူပြီး‌
‌ဒေါသတွေနဲ့ သူ့ခံစားချက်တွေကို ဖွင့်ပြောနေတဲ့ကောင်လေးကို
ဆွဲနမ်းမိမှာအမှန်ပင်
သူ့အသက် ၁၈နှစ်ပြည့်မှ ကျွန်တော်ဖွင့်ပြောဖို့ လုပ်ထားခဲ့ပေမယ့်
အခြေအနေတွေကပြောင်းသွားကာ
ကျွန်တော်ကသာ propose အလုပ်ခံလိုက်ရသည်

"ကိုကိုက အမြဲတမ်း မြတ်နိုးလေးရဲ့အပိုင်ပါဗျာ
ကိုကို့မြတ်နိုးလေးကို ကိုကိုချစ်ကြောင်း အိမ်ရောက်မှ တဝကြီးပြောမယ်
အခု စိတ်မတိုနဲ့တော့
ဟော မုန့်ရောက်လာပြီ
ဖြေးဖြေးစား "

'ပြီးရော ကိုကို့ ကိုသားပိုင်ပြီမလား
ကတိနော် ကတိ '

"ပိုင်ပါတယ် ဗျာ ...ဟုတ်ပြီလား" ဟုဆိုကာ
လက်ဖမိုးလေးကိုယူကာ နမ်းလိုက်မိသည်

'ဟာ ကိုကိုကလည်း သူများတွေကြည့်နေကြပြီ '

ကျွန်တော့အကောင်ပေါက်လေး ရှက်သွားရှာကာ မျက်နှာတခုလုံး ပန်းသီးပမှာရဲနေရှာသည်.....

Doctor is mine (Complete )Where stories live. Discover now