နောက်တနေ့မနက်
"အန်တီမြရေ ကျွန်တော်ဆေးရုံသွားတော့မယ်နော်
မြတ်နိုးက ကျွန်တော့်အခန်းမှာ အိပ်နေတာ
သူ့ကိုသွားမနှိုးနဲ့နော်
ကျောင်းပိတ်ရက်လေး အိပ်စေချင်လို့
ပြီးတော့ သူ့အတွက် မနက်စာနဲ့ နေ့လည်စာကို သေချာလေးဂရုစိုက်ပေးပါ
ကျွန်တော် ညနေမှ ပြန်ရောက်မှာမို့ "ရှိန်းတေဇ စိတ်မချနိုင်ပေ
ဖြစ်နိုင်ရင် ဆေးရုံကိုပါ အတူခေါ်သွားပြီး
မျက်စိရှေ့မှာပဲ ထားချင်သည်ဒီအလုပ်ကိုလည်း ပိုက်ဆံအတွက်မဟုတ်ပဲ
ဝါသနာ အရ လုပ်ကိုင်နေရသည်မို့
မစွန့်လွှတ်ချင်'အေးပါ သားရယ် စိတ်ချပါ
မြတ်နိုးလေးက လိမ္မာပါတယ် '"စိတ်ချမယ်နော် ကျွန်တော်သွားပြီ "
ဆေးရုံတွင်
'ဟျောင့် တေဇ မျက်နှာက မှိုရထားတဲ့ မျက်နှာနဲ့ မင်းဒီနေ့ တနေကုန် ပြုံးရွှင်လို့ပါလား '
ရှိန်းတေဇရဲ့ ကျောင်းနေဖက်သူငယ်ချင်း
စည်သူမင်းမှ ပြောချင်ဖြစ်သည်"မှိုရတာမဟုတ်ဖူး စည်သူရေ ချစ်သူရတာ ချစ်သူ "
'အံမယ် မင်းက တရက်လေး ဆေးရုံမလာတာ
မြန်လှချီလား ငါမှန်းရမယ်ဆိုရင်
ဟို ကလေး မလား '"အေးပေါ့ကွာ ငါချစ်နေတာ သူပဲရှိတာကို "
'ဟားဟား ..မင်းကတော့ဖြစ်ရမယ်
ကလေးကို မုန့်ပေးကြိုက်ပြန်ပြီ
လက်ကတော့သွက်သားနော် '"ငါကချိန်နေတာ ကြာပြီဆိုပေမယ့် သူကအရင်ဖွင့်ပြောတာကွ
ငါ့ကလေးလေးရုပ်ရည်က မိန်းကလေးတွေတင်မဟုတ် ယောင်္ကျားလေးတွေကပါ ကြွေမယ့်ရုပ်ရည်လေး ငါသာမူလိုက်ရင် သူများနောက်ပါသွားမှ ရင်ကျိုးမခံချင်လို တစ်ခါတည်း အပိုင်သိမ်းလိုက်တာပါကွာ "' ဘာလဲ မင်းက သူ့လုပျိုရည်လေးပါ ရပြီးသွားပြီလား '
" ဟျောင့် personal တွေမမေးကြေးနော် "
'အေးပါကွာ သူငယ်ချင်း အချင်းချင်းတောင် တွန့်တိုနေ မင်းအကြောင်းငါမသိတာ ဘာများရှိနေသေးလို့လဲ
လာပြီးတော့ '

YOU ARE READING
Doctor is mine (Complete )
Romanceboy love mmsub အro တလိုင်းပဲရေးမှာပါ ကိုယ်တိုင်ကလည်း မုန်တိုင်းတွေမကြိုက်သူမို့ လေပြေတွေပဲ ပေးချင်သူပါ ၁၆နှစ်အရွယ် တက္ကသိုလ်ကျောင်းသားလေး နဲ့ ၂၆နှစ်အရွယ် ဆရာဝန်ပေါက်စလေးတို့ရဲ့ တအိမ်ထဲနေတဲ့ သွေးမတော်သားမဆက် ညီအစ်ကိုတွေကနေ ဘယ်လိုတွေပြောင်းလဲသွားကြ...