မင်္ဂလာပွဲလည်းပြီးမြှောက်သွားပြီမို့
ရှိန်းတေဇရဲ့ နဲ့ မြတ်နိုးမောင်ရဲ့ နှစ်ဖက်မိဘတွေ ပြန်ကြတော့မည်ဖြစ်သည်'သားလေး မွေးခါနီးရင် မေမေတို့တစ်ခေါက်ပြန်လာခဲ့မယ်နော်
စိတ်ချမယ်နော်သား''မေမေ့သားကိုစိတ်ချပါ ကိုကိုလည်းရှိတယ်
အန်တီမြလည်းရှိတယ် သားကိုအကုန်လူံးက ဂရုစိုက်ကြပါတယ် '"သား တေဇ မာမီ့ သားမက်လေးကို သေချာဂရုစိုက်နော် မာမီ့ မြေးဦးလေးကို တွေ့ဖို့ ပြန်လာခဲ့မာ"
"အင်းပါ မာမီရဲ့ မာမီမပြောလည်း သားက ဂရုစိုက်ပြီးသားပါနော်
ကဲပါ ဟိုမာ ဒယ်ဒီတို့ စောင့်နေတာ ကြာလှပြီ
သွားရလာရအုံးမှာနဲ့ အချိန်နှောင်းပါအုံးမယ် ""နောက်တစ်ခါဆို အဲ့အဖိုးကြီးတွေကို ထားခဲ့ပြီး
ဒို့နှစ်ယောက်ပဲ လေယာဉ်နဲ့လာကြရအောင် သီတာရေ "'ဟုတ်ပါ့ နုနုရယ် အဲ့အဖိူးကြီးတွေက စိတ်ရှည်တာမဟုတ်ဖူး ' ရယ်လျက် မြတ်နိုးမောင်ရဲ့မိခင်က ပြန်ပြောသည်
"ကဲ မာမီတို့လည်း ပြန်သွားပြီ
ကိုကိုလည်း ခွင့်ရက်ရှည် ရထားတာမို့
ငါ့ကလေးလေး ဟန်းနီးမွန်း ထွက်ချင်လား
နှစ်ဖက်မိဘတွေက ကိုကိုတို့ကို
လှူတာ တန်းတာအပြင်
မင်္ဂလာ လက်ဖွဲ့အဖြစ် ပိုက်ဆံတွေအများကြီး လက်ဖွဲ့ထားတာ
ဘယ်မှာသူံးချင်လဲပြော"'ဘယ်မှမသွားချင်ဘူး ဗိုက်ထဲက ကလေးကိုပဲဂရုစိုက်ရမယ်
လေယာဉ်လည်း မစီးချင်ဘူး
ကားလည်းမစီးချင်လို့ ခရီးမထွက်ချင်ဘူး
ကိုကိုနဲ့ အိမ်မှာပဲ အတူအချိန်ဖြုန်းမယ်
Shoppingထွက်မယ်
ရုပ်ရှင်ကြည့်မယ်
Dateလုပ်ကြမယ် '"ဗိုက်ထဲက ကိုကို့ အကောင်လေး ပေါက်လာရင်တော့ နိုင်ငံတစ်ခုခုကို မိသားစုတွေ သွားကြတာပေါ့ "
'အခု ထမင်းစားကြမလား
အန်တီမြ ဘာချက်ထားလဲမသိဘူး
သွားကြည့်ကြမယ် လာ .....အန်တီမြ သားတို့ကို ထမင်းပြင်ပေးပါ
ဆာနေပြီ ရယ် ''အကုန် ကြတ်ပြီ ထည့်ရုံပဲရယ်
ခဏစောင့်ငါးကြင်းလေးကို ကြော်ပြီး ပြန်နှပ်ထားတယ်
ကြက်သားဆီပြန်တစ်ခွက်နဲ့ ဝက်သနီချက်လေးကို သားတေဇ မာမီချက်ပေးသွားတာ
သူ့သားအကြိုက်တဲ့
အသားဟင်းက သုံးမျိုး
ချဉ်ပေါင်ရွက်ဟင်းရည်
ငါးပိရည် တို့စရာအစုံပဲ'ကိုကိုရေ လာတော့ အကုန်အစုံပဲ ခင်းပြီးပြီ'
စားပွဲဝိုင်းကို ရှိန်းတေဇ ရောက်လာတော့
ဆီပြန်ဟင်းတွေကိုမြင်ပြီး ပျို့တက်လာသည်"အန်တီမြ အသားဟင်းပန်းကန်ဖယ်ပေးပါ
မစားချင်ဘူး ကျွန်တော်
မမြင်လည်းမမြင်ချင်ဘူး"'ဘာလို့လဲ သား
သားမာမီ ကိုယ်တိုင်လေ သားအကြိုက်ဆိုပြီး ချက်ပေးသွားတာရယ်
မမနု သိရင် စိတ်မကောင်းဖြစ်နေအူံးမယ်'"အန်ချင်လို့ ခဏ သွားအန်လိုက်အူံးမယ်"
' သား မြတ်နိုး ကိုယ်ဝန်ဆောင်တာတစ်လျှောက် ပျို့တာ အန်တာ ဖြစ်လား'
'ဟင့်အင်း သားက အေးဆေးပါပဲ
ဟင် ကိုကိုများ ဗိုက်ကြီးနေသလား''တေဇဗိုက်ကြီးတာမဟုတ်ပဲ
သူက သားအတွက် ပျို့အန်ပေးတာ
သားက ကံကောင်းလိုက်တာ
တေဇ လေးက သားကိုတော်တော်ချစ်ရှာတယ်'(Readersလေးတို့သိမှာပါ ကိုယ့်ယောက်ျားက မိန်းမကိုချစ်ရင် မိန်းမအစား ကိုယ်ဝန်ဆောင်တွေရဲ့ လက္ခဏာတွေ ပြတတ်တယ်တဲ့ )
YOU ARE READING
Doctor is mine (Complete )
Romanceboy love mmsub အro တလိုင်းပဲရေးမှာပါ ကိုယ်တိုင်ကလည်း မုန်တိုင်းတွေမကြိုက်သူမို့ လေပြေတွေပဲ ပေးချင်သူပါ ၁၆နှစ်အရွယ် တက္ကသိုလ်ကျောင်းသားလေး နဲ့ ၂၆နှစ်အရွယ် ဆရာဝန်ပေါက်စလေးတို့ရဲ့ တအိမ်ထဲနေတဲ့ သွေးမတော်သားမဆက် ညီအစ်ကိုတွေကနေ ဘယ်လိုတွေပြောင်းလဲသွားကြ...