Extra- 2 💐

3.2K 69 2
                                    

သားလေး ဘုန်းပြည့်တေဇမောင်က
အသက်၅နှစ်အရွယ်ရောက်လာပြီမို့
စကားတတ်ပြီး လူလည်ပန်ကာ ဖြစ်တာမို့
ဖိုးဖိုး ဖွားဖွားတွေရဲ့အချစ်တော် ဖြစ်နေရရှာသည်။

အကုန်လုံးကအလိုလိုက်ထားတာမို့
သားက တော်တော်လေး ဆိုးတဲ့ထဲပါတာပေါ့
မဆိုးပဲရှိရော့မလား အဖိုးအဖွားတွေပါမက
သူ့ဒယ်ဒီကပါ မျက်ရည်အကျမခံ
လိုချင်တာဆို ချက်ချင်း ရအောင်လုပ်ပေးကြ
ငါ့သားလိုချင်တာ ဖြစ်ချင်တာ ဘာမဆို ရအောင်လုပ်ပေးမှာတဲ့လေ
ဒီက လူက ဗီလိန်လူကြမ်းကြီးကိုဖြစ်လို့
အခုလည်း ကျောင်းပိတ်ရက်ကလေး
အိမ်မှာ နေရတာကို
သူ့သူငယ်ချင်းအိမ်မသွားရလို့ ကိုယ့်ကို ဂျစ်တိုက်နေတာမှ အသံကိုပြဲလို့

"ပါပါး ခေါ်ပေး ကိုးကိုခေါ်ပေး ဗြဲ..."

"သားသား ပါပါးပြောတာ နားထောင်လေ
ဒယ်ဒီက သားသားအတွက် စက်ရုပ်ကြီး သွားဝယ်နေတာ ပြန်လာရင် အရုပ်ကြီးနဲ့ဆော့ရမာလေ"

"ဘားမှ မလိုချင်ဘူး ကိုး ကိုပဲလိုချင်တာပါဆို
အဟင့်...."

ကားသံကြား‌ပြီး သူ့ဒယ်ဒီ ပြန်လာမှန်းသိတော့
ချက်ခြင်း လုံးတုန်းတုန်းနဲ့ ထပြေးကာ
ကားပေါ်က ဆင်းလာတဲ့ လူကို ကပ်ကာ ချွဲတော့သည်။

"ဟာ ငါ့သားပါးမှာ မျက်ရည်တွေရွှဲလို့ပါလား
ငါ့သား မျက်ရည် ကျအောင် ဘယ်သူက လုပ်သလဲပြော "

"ဟင့်....ဟင်...ပါပါးပေါ့ သားကတော့ချင်ရာကို
ကိုးကိုမခေါ်ပေးဝူး ဟင့်"

"အော် ဒယ်ဒီခေါ်ပေးမှာပေါ့ အမလေး
ငါ့သားလေး တိတ်တိတ် မွ
ဒယ်ဒီအချစ်ဆုံးလေးက လိမ္မာတယ်နော်
ခုက နေတွေပူနေတာ သားရဲ့
အခုချိန် ကိုးလာဆော့ရင် ဖျားမှာပေါ့
သားက ကိုး ဖျားတာကို လိုချင်လို့လားပြော"

"ဟင့်အင်း...လိုချင်ဝူး ကိုးဖျားရဝူး"

"အာ့ဆို ဒယ်ဒီသားလေးက လိမ္မာတယ် တရေးအိပ်လိုက်နော်  ညနေကျသားလေး အိပ်ယာနိုးရင်
ကိုးနဲ့သားကို ခေါ်ပြီး ဒယ်ဒီ မြို့ပတ်ပြီး ကားမောင်ပေးမယ်ဟုတ်ပြီလား"

"ဟုတ် ဒယ်ဒီ ဒယ်ဒီ့ကို သားသားချစ် မွ"

သူ့ဒယ်ဒီနဲ့ကျ အဆင်ကိုချောလို့
လည်းပင်းကို ဖက်ကာ အိပ်သွားတော့သည်။

"ကလေးရယ် သားလေးကို ဘာကြောင့် ငိုတဲ့အထိ ထားရတာလဲ"

"အော် ရှင့်ရဲ့သားက ဒီလောက်ဆိုးပေတေနေတာ ကျုပ်က ဘယ်လို ထားရမှာလဲ"

"ကိုကို့သားက ပြောရင်ရပါတယ်ကွာ
ကလေးက စိတ်မရှည်တာပါ
အေးပေါ့လေ ကလေးက ကလေးပြန်ထိန်းနေရတာကို ကိုကိုနားလည်ပါတယ်ကွာ"

"လူကိုနော် စမနေနဲ့ လာ သားကိုသွားသိပ်မယ်
ကိုကို ချီထားတာ ညောင်းနေရောပေါ့
သားကိုယ်ကြီးက အခုဆို ချီရတာ မနိုင်တော့ဘူး"

သားကို ကုတင်ပေါ်မှာ ဖြေးဖြေးလေး ချတာတောင် အအိပ်စက်တဲ့ သားက ချက်ချင်းမျက်လူံးကဖွင့်ကြည့်

ကျွတ်ကျွတ်ကျွတ်  နဲ့ ချော့မြူသံလေးလုပ်ပြီး
သားပါးစပ်ထဲ နို့လေးတေ့ပေးတော့မှာ
နို့တစ်ဖက်ကို ကိုင် တစ်ဖက်ကို စုတ်ရင် မျက်လုံးလေးက ပြန်မှေးစဉ်းကာ အိပ်သွားသည်။

သားကနို့ဘူးသာ ပြတ်သွားပေမယ့်
နို့မထွက်တဲ့ သူ့ပါပါးရဲ့ နို့ပြားပြားလေးကိုတော့
တော်တော်လေး စွဲလမ်းသည်။
အိပ်နေရင်းတောင် လက်က လိုက်စမ်းသေးတာ
တော်တော်လေး အိပ်မောကျသွားမှာသာ လွှတ်ပေး‌သည်။မိခင်နို့ မစို့ရတဲ့ သားလေးကို
စိတ်မကောင်းတာကြောင့် မြတ်နိုးမောင်လည်း
ဒီအကျင့်လေးကို မဖျောက်ပေးဖြစ်ပေ

"ကလေး ကိုကိုလည်း စို့ချင်တယ် "

"ရှူး...ကိုကို သားကို ဒီမှာ သိပ်နေတယ်လေ"

"သားက အိပ်သွားပါပြီ ကိုကို့ ဘက်လှည့်တော့ "

"နေ့လယ်နေ့ခင်းကြီးကို ဘယ်လို ဖြစ်နေတာလဲ
လူကိုအတင်းလိုက်ကပ်နေ"

"ကိုကို့မှာ အလုပ်အားတဲ့အချိန်လေးပဲ ပြေးကပ်ရတာ ငြိုငြင်တာလားပြော"

"မငြိုငြင်ရက်ပါဘူးဗျာ ဘဝမှာ ဒီသားလေးနဲ့ ကိုကိုသာ ရှိရင် ဘာမှမလိုဘူး "

"ကိုကိုကတော့ အခု ကလေးကို လိုအပ်နေပြီ "

"အာ ....ကိုကိုနော် မဆိုးနဲ့ကွာ ...ဘေးမှာ သားအိပ်နေတယ်လေ "

"တော်တော်ဖြစ်နေလို့ပါကွာ......."

You've reached the end of published parts.

⏰ Last updated: Jan 03, 2022 ⏰

Add this story to your Library to get notified about new parts!

Doctor is mine (Complete )Where stories live. Discover now