Part 11

2.8K 91 2
                                    

ရှိန်းတေဇနဲ့ မြတ်နိုးမောင်တို့ရဲ့ relationshipဟာချစ်ကြည်နှုး တေ့တေတူးနေရင်းနဲ့ အချိန် 2လခန့်ကြာမြင့်သွားသော်အခါ

March လ  တက္ကသိုလ်စာမေးပွဲတွေ ပြီးဆုံးသွားပြီမို့မြတ်နိုးမောင် အိမ်မှာပဲ အိပ်လိုက်စားလိုက်နဲ့ သာယာနေစဉ်

🎶🎵You are my sunshine
         My only sunshine .....🎵🎶
'ဟင် မေမေဆက်တာပါလား '

နယ်မှ မြတ်နိုးမောင်ရဲ့ မိခင် phခေါ်ချင်းဖြစ်သည်

'ဟယ်လို မေမေ '

"သား နွေရာသီပိတ်ရက်ကလေး အိမ်ပြန်လာပါအုံးလားသားရယ်
မေမေ ကော ဖေဖေကောက လွမ်းနေပြီ
ရန်ကုန်မာ ပျော်နေတာလားသား "

'ပြန်လာချင်ပေမယ့် မေမေရယ် ရန်ကုန် သင်္ကြန်လေး ကိုကိုနဲ့အတူ လည်ချင်လို့လေ
ဟီးဟီး '

"သား တေဇရော နေကောင်းရဲ့လား
မေမေတို့စီ phတောင်မဆက်ဖူး "

'ကောင်းတယ် မေမေ သူက တော့ အိမ်နဲ့ဆေးရုံကူးနေရတာပါပဲ
Friday တစ်ရက်ပဲနားတယ်လေ'

"သား တေဇလည်း သူ့ဒယ်ဒီ လုပ်ငန်းတွေကို ဦးစီးရင်တောင် အေးဆေးထိုင်စားလို့ရတာကို
စေတနာ့ ဆရာဝန်လေး လုပ်နေတာ
မေမေတော့ဂုဏ်ယူတယ် သူတို့မိဘတွေအစား "

'ဟွန့် မေမေကလည်း သားကရော
သားကိုရော ဂုဏ်မယူဘူးလား '

"မေ့မေ့သားအလိမ္မာရယ် အိမ်သာ ပြန်ခဲ့ပါ လွမ်းလှပြီ "

'ဟုတ် သားပြန်လာခဲ့မယ်နော်
တာ့တာ့ ချစ်တယ်နော်မေမေ '

'ဟင် မေမေနဲ့ ph ပြောနေတာကို ဇွတ် ဖုန်းတွေခေါ်ထားတယ်ထင်တယ်
Missed call တွေ တစ်စီတစ်တန်းဝင်လာပါရောလား ပြန်မခေါ်ရင် သူကောက်အူံးမယ် '

မြတ်နိုးမောင် ရှိန်းတေဇ စိတ်ပူနေတာကိုသိတဲ့အတွက် ချက်ချင်းပဲ phပြန်ခေါ်လိုက်ရာ

"ကလေး ဘယ်သူနဲ့ ပြောနေတာလဲ
ကိုကိုခေါ်နေတာကြာလှပြီကွာ
စိတ်ပူလို့သေတော့မှာပဲ "

'မေမေနဲ့ပါ ကိုကိုရဲ့
မေမေက အိမ်ပြန်လာခိုင်းနေတယ် '

"ဟာ မပြန်ရဘူး ကိုကိုမခွဲချင်ဘူး
ခွဲလည်းမခွဲနိုင်ပါဘူး
ကိုကိုခွင့်ရမှ အတူတူ ပြန်ကြမယ် "

Doctor is mine (Complete )Where stories live. Discover now