part 16 (married life)

2K 73 1
                                    

နှစ်ယောက်သား လိုချင်တာတွေ လိုအပ်တာတွေဝယ်ပြီး
အိမ်သို့ ပြန်လာခဲ့ကြသည်....

'အန်တီမြ အသီးအနှံတွေကို ရေခဲသေတ္တာထဲမှာ သိမ်းပြီး
ကျန်‌တာတွေကို သူ့နေရာနဲ့သူထားပေးပါအုံးနော် '

'ဟုတ်ပြီ သားလေး အန်တီမြ လုပ်ပေးထားလိုက်မယ်
သားတို့ ညနေစာ ဘာစားကြမလဲ
ဘာချက်ပေးရအုံးမလဲ '

'ထွေထွေထူးထူး စားချင်တာ မရှိပါဘူး
အဆင်ပြေတာပေါ့
သားတို့ သွားနားတော့မယ်နော် ပင်ပန်းလာလို့'

"ကလေး လာ ကိုကိုချီမယ်
ခြေထောက်လေးတွေညောင်းနေတယ်ဟုတ်"

'ဟုတ် ကိုကို ချီ
သားခြေထောက်တွေ ညောင်းနေရောပဲ
ပြီးရင် နှိပ်ပေး ဟီး'

"ဟုတ်ပါပြီခင်ဗျာ"

ရှိန်းတေဇက မြတ်နိုးမောင်ကို ချီပြီး အပေါ်ထပ်သို့ တက်သွားချိန်
အန်တီမြကတော့ ပြုံးပြီးသာ ကြည့်နေသည်

သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်က အံ့ဩဖို့ကောင်းတယ်မဟုတ်လား

အခန်းထဲကို ရောက်တော့ မြတ်နိုးမောင်ကို ကုတင်ပေါ်သို့ ဖြေးညှင်းစွာ ချပေးလိုက်ပြီး
ရှိန်းတေဇလည်း ဘေးမှာ နေရာယူကာ လှဲလိုက်သည်

"ကိုကို ဗိုက်ကလေးကို ကြည့်ချင်တယ် "

'ကြည့်ပေါ့ ကိုကိုရဲ့ ခွင့်တောင်းစရာလိုလို့လား'

မြတ်နိုးမောင်ရဲ့ ဗိုက်ပူပူသေးသေးလေးက
၄လ ပဲ ရှိသေးတာမို့
အရမ်းတော့ မထွက်ပေမယ့်
ပုံမှန်ထက်တော့ ပူနေတာသိသာသည်

ရှိန်းတေဇ ဗိုက်ပေါ် ခေါင်းလေးတင်ကာ
ကပ်ပြီး နားထောင်ရင်း
လက်ဖြင့် ပွတ်ကြည့်ကာ

"သားသားလေးလား မီးမီးလေးလား မသိပေမယ့်
ဒယ်ဒီ့ ဘဝထဲကို ရောက်လာမယ့်
ရင်သွေးလေးကို ဒယ်ဒီ အရမ်းချစ်တာပဲ
ချောချောမွေ့မွေ့နဲ့ မွေးနိုင်ဖို့
ဒယ်ဒီ အတက်နိုင်ဆုံး ကြိုးစားမယ်
ဒယ်ဒီကလေးလေးဟာ လူ့လောကာ အလယ်မှာ
မျက်နှာ မငယ်ရစေဖို့ ဒယ်ဒီကြိုးစားရမယ်
ကလေးရယ် "

'ကိုကို ကလေးက နားလည်ပါ့အုံးမလား'

"အဲ့လိုပဲ စကားလေးတွေပြောပေးမှ အပြင်ထွက်လာတဲ့အခါ ကိုကို့အသံကို မှတ်မိကြမှာပေါ့ ကလေးရဲ့ "

'ကိုကို က သားနဲ့ ကလေး ဘယ်သူ့ကို ပိုချစ်မှာလဲ'

"ဟောဗျာ ...အချစ်ခြင်း မတူဘူးလေ "

'မရဘူး ပြောကွာ'

"ကိုကို့ ကလေးကို ပိုချစ်မှာပေါ့"

'ရှင်းအောင်ပြောလေ သားကလည်း ကိုကို့ကလေးလေ ဗိုက်ထဲကလည်း ကိုကို့ကလေးပဲလေ ဘယ် ကလေးကို ပြောတာလဲ '

"ဗိုက်ထဲက ကလေးကို ပိုချစ်တယ်ဗျာ"

'သွား ...သားအနား လာမကပ်နဲ့ ဝေးဝေးသွား'

"မကပ်ပါဘူး ကိုကိုက ဗိုက်လေးနားပဲ ကပ်တာ"

'အေးပါ ပြောထား ညစာငတ်မယ် ကြည့်လုပ်'

"ညစာလား မငတ်ပါဘူး အန်တီမြ ချက်ကျွေးတာပဲကို"

'အေး ပြီးရော အဲ့တာပဲစား'

"စတာ စတာ ကိုကို က ကလေးကိုပဲစားမှာ ဟီး"

'သွား သူများကို စိတ်မဆိုး ဆိုးအောင်း လိုက်လိုက်စနေတာ'

"တချိန်လုံး သွားခိုင်းနေတာ ကိုကိုက ဘယ်သွားရမှာလဲ "

'သွားချင်တဲ့ နေရာကိုသွား '

"မသွားပါဘူး ကိုကို့ မိန်းမလေးနားမှာပဲ ကော်လိုကပ်နေမှာ
ကိုကို့ မိန်းမလေး ညောင်းနေတာ နှိပ်ပေးရအူံးမယ် "

'ဘာ မိန်းမတုန်း ယောင်္ကျားလေးနော် ယောင်္ကျားလေး '

"ဟုတ်ပါပြီ အာ့ဆို ကိုကို့ ယောင်္ကျားလေး ပေါ့"

.........

Doctor is mine (Complete )Where stories live. Discover now