ထုံးစံအတိုင်း ဆိုင်ကိုရောက်ရောက်လာတတ်တဲ့ချာတိတ်လေး...သူလာပြီဆိုရင် ဟိုဘက်လမ်းဘက်ကိုမျက်နှာမူထားတဲ့စားပွဲဝိုင်းမှာထိုင်မယ် ..ပြီးရင် တစ်ခါလေးတောင်မှ မသောက်ကြည့်တဲ့ Coffee တစ်ခွက်ကိုမှာမယ်...တစ်ခါတစ်လေ တစ်ဖက်လမ်းဘက်ကိုကြည့်ပြီးပြုံးနေတတ်တယ်...
အဲ့ဒီကလေးကို သူသတိထားမိနေတာကြာပြီ...ချစ်စဖွယ်မျက်နှာလေးက တစ်ခါမြင်လိုက်တာနဲ့ တစ်သက်မမေ့ချင်စရာကောင်းသည်...သူလာပြီဆို Yoongi မှာ အလုပ်ထဲအာရုံစိုက်ဖို့သိပ်မလွယ်...မိဘတွေက ကော်ဖီခြံပိုင်တာမလို့ သူဒီဆိုင်ကိုဖွင့်ထားတာ...သူ့လက်ရာ Coffee ဆိုနာမည်ကြီးလွန်းလှသည်...ဒါပေမယ့် ဒီကလေးက တစ်ခါမှမသောက်ပေ..
အခုလည်း ထိုကလေးနားသူကိုယ်တိုင်ကော်ဖီခွက်သွားချပေးသည်...ဝန်ထမ်းတွေကိုမှာထားပြီးသား အဲ့ဒီကလေးဆိုင်လာတိုင်း သူပဲဝန်ဆောင်မှုလုပ်ပေးမယ်ဆိုတာကို...
သတင်းစာတစ်ခုကိုသဲကြီးမဲကြီးဖတ်နေတဲ့ မျက်နှာနုနုလေးကို Yoongi ငေးကြည့်နေရင်း ထိုကလေးလက်ထဲက သတင်းစာမျက်နှာကို အပေါ်စီးကနေအကဲခတ်လိုက်မိသည်...အချိန်ပိုင်းအလုပ်ခေါ်ယူတဲ့စာမျက်နှာကို ဖတ်နေတာတွေ့လိုက်သည်...
Yoongi ကောင်တာဘက်ပြန်လာကာ ဝတ်ထားတဲ့ Apron ကိုချွတ်လိုက်ရင်း သီးသန့်ခန်းထဲဝင်ခဲ့သည်...Yoongi လက်တွေက laptop ပေါ်ပြေးလွှားနေကာ ခနအကြာ ထွက်လာတဲ့ မိတ္တူစာရွက်လေးကိုကြည့်ရင်းပြုံးမိသည်...
ဒါဒီကလေးကို နေ့တိုင်းမြင်ရဖို့သူ့အခွင့်အရေးပင်ဖြစ်လေသည်....
................
"Hyg..."
ကျောင်း Uniform လေးနဲ့ Photo Studio ထဲဝင်လာတဲ့ကောင်လေး...Namjoon ကိုတွေ့တော့ပြုံးပြနေကာ Hyg လို့ နှုတ်ခမ်းလေးလှုပ်ရုံမျှနှုတ်ဆက်သည်....
"ကောင်လေး ဘယ်ကနေ ..."
"ကျောင်းကအပြန်တန်းဝင်လာတာ စာမေးပွဲဖြေဖို့ Form တင်ရမှာမလို့ Hyg ဆီ ဓာတ်ပုံလာရိုက်တာ "
"အော်....စာမေးပွဲက နီးပြီလား..."
"ဟုတ်...."
"ခနနော် ကောင်လေး..."
Hyg က ဝန်ထမ်းကောင်လေးတစ်ယောက်ကိုခေါ်ကာ Taehyung ပုံကိုသေချာရိုက်ပေးလိုက်ဖို့ပြောသည်...Taehyung ဓာတ်ပုံရိုက်နေတုန်း Hyg ph လာတာနဲ့အနားကထွက်သွားတော့ Taehyung မျက်နှာလေးညှိုးကျသွားသည်....
YOU ARE READING
💜 The Last Lover 💜 (Completed)
Fanfictionဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆိုတာက အရေးမကြီးပါဘူး အဆုံးသတ်ထိ ဘယ်သူကအနားမှာရှိပေးချင်လည်းဆိုတာပဲအရေးကြီးတာပါ... KimNamjoon#MinYoongi#JeonJungkook#KimTaehyung 18.8.2021 ဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆ...