Part-10

1.9K 235 12
                                    

Yoongi ကားလေးက Daegu မြို့ကိုဦးတည်မောင်းနှင်နေသည်...ကားပေါ်မှာပါလာတဲ့ကလေးကတော့စိတ်လှုပ်ရှားနေပုံရသည်...Yoongi ဆီလာတုန်းကလည်း စားစရာတွေထည့်လာတဲ့အိတ်တစ်လုံးကိုဆွဲလာသေးသည်...Seoul ကနေဆို အတော်လေးမောင်းရဦးမှာမလို့ ဘေးနားက ကလေးမပျင်းစေရန် Yoongi စကားတွေလျှောက်ပြောနေရသည်...

"ကလေး ညကညဥ့်နက်မှအိပ်တာလား အိပ်ရေးမဝတဲ့ပုံပဲ..."

"ဟုတ်တယ် Yoongi Hyg နဲ့ Daegu သွားရမှာကိုတွေးပြီး ပျော်နေလို့...ကျွန်တော်တစ်ခါမှမရောက်ဖူးဘူးရယ်..."

"ဟုတ်လား...အာ့ဆိုခနအိပ်လိုက်လေ ရောက်ရင်ကိုယ်နှိုးမယ်..."

"ဟုတ်ကဲ့ ဒါနဲ့လေ Yoongi Hyg...Daegu မှာနာမည်ကြီးတဲ့ မျှော်စင်လေ ရှိတယ်မလား..တောင်တွေဘက်မသွားဘဲ ဒီတိုင်းအဲ့ကိုပဲလိုက်ပို့လို့မရဘူးလားဟင်..."

"ကလေးသွားချင်ရင်ကိုယ်လိုက်ပို့မယ် 83 Tower တဲ့ ညဆိုတကယ်လှတာ..."

"Wow...အရမ်းပျော်စရာကောင်းမှာပဲ..."

Yoongi ကလေးရဲ့တလက်လက်တောက်ပနေတဲ့မျက်ဝန်းလေးတွေကြောင့် စိတ်ချမ်းသာရသည်...သူ့အနားမှာနေတိုင်း ကလေးကိုပြုံးပျော်စေချင်သည်...

Yoongi တို့ Daegu ရောက်တော့ နေ့လည်ထမင်းစားချိန်တောင်ရောက်နေပြီဖြစ်သည်...Yoongi Duryu Park ကိုပဲဝင်လိုက်သည် ....Duryu Park ကနေ ကလေးပြောတဲ့ 83 Tower ကိုလှမ်းမြင်နေရသည် ....ပန်းခြံမှာလျှောက်လည်ပြီးရင် ညနေစောင်းတာနဲ့ Tower ပေါ်တက်ဖို့စီစဉ်ထားသည်....

Taehyung ကားပေါ်ကနေဆင်းတာနဲ့ Duryu Park ရဲ့လှပတဲ့ရှုခင်းကြောင့် အံ့သြပျော်ရွှင်သွားရသည်...ပန်းရောင်စုံဖူးပွင့်နေကာ ပန်းခြံထဲလာလည်ကျတဲ့ လူတွေနဲ့စည်ကားနေလေသည်...ခပ်လှမ်းလှမ်းကမြင်နေရတဲ့ Tower အမြင့်ကြီးနဲ့ပန်းခြံနဲ့ကလိုက်ဖက်ညီတဲ့ရှုခင်းဖြစ်သည်...လတ်ဆတ်တဲ့လေကြောင့် တစ်လမ်းလုံးကားစီးလာခဲ့ရတဲ့ညောင်းညာမှုတွေကပြေပျောက်သွားသလိုပင်...

"Yoongi Hyg အရင်ဆုံးသင့်တော်တဲ့နေရာတစ်ခုရှာပြီးထိုင်ရအောင် ဗိုက်ဆာနေပြီမလား...ကျွန်တော့်မှာမုန့်တွေပါလာတယ်..."

Yoongi ပင်ပန်းပုံမရတဲ့ကလေးအသံလေးကြောင့် ပြုံးလိုက်ရင်း ကလေးလက်ထဲကအထုတ်ကိုဆွဲယူလိုက်ကာ ခုံတန်းလေးတွေရှိတဲ့ဘက်ဆီလျှောက်သွားမိသည်...လှပတဲ့အဖြူရောင်ပန်းတွေပွင့်နေတဲ့အပင်ကြီးအောက်က ခုံတန်းလေးကလွတ်နေတာကြောင့် ကလေးလက်ကိုဆွဲကာထိုနေရာသို့သွားထိုင်ခိုင်းလိုက်ရင်း...

💜 The Last Lover 💜 (Completed)Where stories live. Discover now