Part-28 (Final)

4.8K 330 52
                                    

August D Cafe ထဲသို့ဝင်လာတဲ့ Taehyung....လက်ထဲမှာပါလာတဲ့ ဖိတ်စာခရမ်းနုရောင်လေးကို တစ်ချက်ကြည့်လိုက်ရင်း...

"Hyg တို့ Yoongi Hyg ရှိလား"

အလုပ်တူတူလုပ်ခဲ့ဖူးတဲ့ ဝန်ထမ်းကောင်လေးတွေကိုမေးလိုက်တော့....

"Taehyungie....အလုပ်ထွက်မယ်ဆိုတာတောင်‌‌ပြောမသွားဘူး အဆင်‌ပြေရဲ့လား...အခုဘာတွေလုပ်နေလဲ..."

သူ့ကိုခင်မင်စွာမေးလာတဲ့ Hyg တွေကို Taehyung ပြုံးပြလိုက်ရင်း...

"ကျွန်တော်အဆင်‌ပြေပါတယ်...အခုက Yoongi Hyg ဆီသက်သက်လာခဲ့တာ..."

"Boss ကရှိတယ် အနောက်က.."

"ကလေး...."

ခေါ်သံ‌ကြောင့် Taehyung လှမ်းကြည့်တော့ မျက်လုံးချင်းစုံတာနဲ့ပြုံးပြလာတဲ့ Yoongi Hyg.... Taehyung ပြန်ပြုံးပြလိုက်ရင်း အနားလျှောက်သွားလိုက်သည်...

"ကလေး ကိုယ့်ဆီတမင်လာတာလား...ကိုယ့်ကိုစိတ်မဆိုးတော့ဘူးမလားဟင်...ကိုယ်ကလေးကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပါတယ်...ph ဆက်တော့လည်းမရဘူး...အိမ်ကိုလည်းမသိရဘူး..."

Taehyung မျက်နှာလေးကိုကြည့်ပြီး စကား‌တွေတရစပ်‌ပြောလာတဲ့ Yoongi Hyg...

"အရင်ဆုံး အခန်းထဲဝင်ရအောင်ပါ..."

Taehyung ရှေ့ကနေ Yoongi ရဲ့နားခန်းထဲဝင်လာတော့ နောက်ကနေလိုက်လာတဲ့ Yoongi...

"ကလေး ထိုင်ဦးလေ...ခနလေးနော် ကိုယ်ကလေးသောက်ဖို့ စတော်ဘယ်ရီ..."

"တော်ပါတော့...ကျွန်တော်ဒီကိုလာတာ ဒါလေးလာပေးတာပါ..."

Taehyung လက်ထဲကဖိတ်စာခရမ်းနုရောင်လေးကိုကြည့်ရင်း အံ့ဩနေတဲ့ Yoongi ဟာ ချက်ချင်းပင်ပြုံးလိုက်ရင်း....

"ကလေးမွေးနေ့ပွဲလား...အဲ့တာ‌ကြောင့် ကိုယ့်ကိုလာဖိတ်တာလား.."

"မဟုတ်ဘူး လက်ထပ်ပွဲ...ကျွန်တော်လက်ထပ်တော့မှာ Yoongi Hyg...Hyg မှာလည်း Park Jimin ရှိနေတာပဲ....ဘာလို့ကျွန်တော်ပြန်လာမယ်လို့တွေးနေရတာလဲ...Hyg ကျွန်တော့်ကိုအားမနာဘူးလား"

Taehyung စကားတွေ‌ကြောင့် Yoongi Hyg ကနာကျင်စွာကြည့်လာရင်း...

"ကိုယ် Jimin နဲ့လက်မထပ်ရသေးဘူး...သူသိတယ် ကိုယ်သူ့ကိုမချစ်တာ...သူကချစ်လာတဲ့အထိစောင့်မယ်တဲ့...ကိုယ် မင်းကိုပဲမျှော်လင့်နေခဲ့တာ...ကိုယ်မင်းကိုပဲချစ်နေခဲ့တာပါ ကလေးရယ်..."

💜 The Last Lover 💜 (Completed)Where stories live. Discover now