"ဘယ်လို သားနဲ့ Jungkook နဲ့ကချစ်သူတွေဖြစ်နေကြတယ်ဟုတ်လား"
Taehyung တို့အိမ်ရဲ့အောက်ထပ်က ထမင်းစားစားပွဲမှာ Taehyung မေမေနဲ့ Taehyung တို့နှစ်ယောက်ထိုင်နေကြရင်း Taehyung မေမေဆီမှထွက်လာတဲ့အသံဟာ အနည်းငယ်ကျယ်လောင်လှသည်...
"ဟုတ်ပါတယ်မေမေ...အဲ့တာ မေမေ့ဘက်ကသဘောထားဘယ်လိုရှိလဲ သိချင်လို့ပါ..."
"ဟုတ်ပါတယ် အန်တီ...ကျွန်တော် Tae ကိုပျော်အောင်ထားမှာပါ...သူဘယ်တော့မှကျွန်တော့်ကြောင့် စိတ်မဆင်းရဲစေရပါဘူး..."
Taehyung မေမေက မျှော်လင့်တကြီးနဲ့သူမကိုကြည့်နေရှာတဲ့ ကလေးနှစ်ယောက်ကို ဘာပြောရမှန်းမသိဖြစ်နေသည်...ဒီခေတ်ကြီးမှာ ဒါတွေဟာမဆန်းဘူးဆိုပေမယ့် သူမမှာ သားလေးတစ်ယောက်ပဲရှိတာ...Jungkook လေးနဲ့ယူရင် သူမမြေးလေးမချီရတော့ဘူး...
ပတ်ဝန်းကျင်မှာ လိင်တူချစ်သူစုံတွဲလေးတွေအများကြီးတွေ့ဖူးပေမယ့် သူမသားဟာအဲ့ထဲက တစ်ယောက်ဆိုတာကို သူမမယုံချင်သေး...မိဘတိုင်းဟာ သားသမီးကို ပုံမှန်လေးပဲကြီးပြင်းလာပြီး ပုံမှန်ဘဝကိုပဲဖြတ်သန်းစေချင်တာပါ...
ဲဒါပေမယ့် သားသမီးရဲ့ဖြစ်တည်မှုကိုလည်း လက်ခံတတ်ဖို့လိုပါသည်...မိမိသားသမီးပဲမဟုတ်လား...မိမိမှလက်မခံရင်ပိုပြောချင်ကြတဲ့ ပတ်ဝန်းကျင်မှာ မိမိသားသမီးပဲ မျက်နှာပိုငယ်ရမှာ...
သားကိုမိန်းမယူစေချင်တယ်ပဲထား...ဒါပေမယ့် သားစိတ်ချမ်းသာပါ့မလား...သားပျော်ရပါ့မလား...သူမတို့ရပ်ကွက်က လူချမ်းသာရပ်ကွက်မဟုတ်...လူတွေရဲ့ကဲ့ရဲ့တတ်တဲ့ပါးစပ်တွေက ငြိမ်နေမှာမဟုတ်ပေ...ဒီဒဏ်တွေကိုရော သားဟာသည်းခံနိုင်ပါ့မလား...
ငွေရှိပြီး သြဇာအာဏာကြီးမားတဲ့မိသားစုဆိုရင်သာ တော်ရုံတန်ရုံမဝေဖန်ရဲကြမှာ သူမတို့ကသူဆင်းရဲသားတွေ ...သားသာလိင်တူယူရင် အများတံတွေးခွက်ပက်လက်မျောတော့မည်...သူမဘယ်လိုဆုံးဖြတ်ရမလဲ...
Jungkook လေးကလည်း သားကိုသိပ်ချစ်နေတာကို သူမမြင်နေရသည်...Jungkook လေးမျက်ဝန်းတွေထဲက သားကိုကြည့်တဲ့အကြည့်တွေမှာ မိမိသားကိုကြည့်သလိုမျိုး မြတ်မြတ်နိုးနိုးနဲ့ကြင်နာတဲ့မျက်ဝန်းတွေနဲ့သာဖြစ်သည်...
YOU ARE READING
💜 The Last Lover 💜 (Completed)
Fanfictionဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆိုတာက အရေးမကြီးပါဘူး အဆုံးသတ်ထိ ဘယ်သူကအနားမှာရှိပေးချင်လည်းဆိုတာပဲအရေးကြီးတာပါ... KimNamjoon#MinYoongi#JeonJungkook#KimTaehyung 18.8.2021 ဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆ...