Part-15

1.8K 261 35
                                    

Jungkook နဲ့ Taehyung ရုပ်ရှင်ကြည့်ပြီးပြန်လာတဲ့တစ်လမ်းလုံးဘာစကားမှမဆိုမိကြ...သိသိသာသာအနေခက်နေတဲ့ Tae ‌ကြောင့် Jungkook အလိုက်တသိလေးဘေးနားကနေတိတ်တိတ်လေးနေပေးလေသည်...

အိမ်ရောက်တော့ တံခါးသော့ခတ်ထားတာ‌ကြောင့် နှစ်ယောက်သားအံ့ဩသွားသည်...ညရှစ်နာရီဆိုတဲ့အချိန်မှာ Taehyung မေမေကဘယ်သွားပါသနည်း..

"Taehyung ရေ..."

ဘေးအိမ်ကအန်တ်ီကြီးက Taehyung တို့နားထိလျှောက်လာကာ ...

"မင်းမေမေကမှာသွားတယ် သူအသီးဒိုင်နဲ့နယ်ဘက်လိုက်သွားရမှာမလို့ နှစ်ရက်သုံးရက်လောက်ကြာမယ်တဲ့ဈေးအပြည့်စုံဝယ်ထားပေးတာမလို့ အတူချက်စားကြတဲ့ ရော့ဒီမှာအိမ်သော့ "

"ဟုတ်ကဲ့"

Taehyung လက်ထဲသော့ထိုးပေးကာ တစ်ဖက်ခြံထဲပြန်ဝင်သွားတဲ့အဒေါ်ကြီးကို Taehyung ရော Jungkook ပါမျက်စိတဆုံးလိုက်ကြည့်မိနေရင်း...

"ဟို ဒါဆိုညစာကို ကျွန်တော်တို့ သွားဝယ်ကြမလား"

"ကိုယ်ချက်ကျွေးပါ့မယ်"

Jungkook ကပြုံးပြီးပြောလာတာကြောင့် Taehyung ခေါင်းငြိမ့်လိုက်ရင်း...

"ကျွန်တော်ရော ကူမယ်လေ..."

"Tae ကမီးဖိုချောင်ထဲဝင်ဖူးလို့လား"

"မဝင်ဖူးပေမယ့် မေမေချက်တာတွေ့ဖူးတယ်လေ"

"အော် ok လေ.. ဒါဆိုကိုယ်အောက်ထပ်မှာအရင်ပြင်ဆင်ထားမယ် Tae ရေအရင်ချိုးလိုက်လေ.."

"ဟုတ်..."

အပေါ်ထပ်ကို Taehyung တက်သွားတော့ Jungkook လည်းမီးဖိုထဲဝင်လာခဲ့သည်...အေပရွန်အနီကိုဝတ်ဆင်လိုက်ရင်း ဘာချက်ရမလဲကြည့်တော့ ရေခဲသေတ္တာထဲ ကင်မ်ချီတွေအသားတွေတွေ့တာ‌ကြောင့် ကင်မ်ချီထမင်း‌ကြော်ရယ် ကြက်ဥကြော်ရယ် ပဲပိစပ်ဟင်းရည်ရယ်လုပ်ဖို့ဆုံးဖြတ်လိုက်သည်..

Paris မှာနေတုန်းက Hoseok Hyg ဆီကနေ Korea ဟင်းချက်နည်းအနည်းငယ်သင်ထားတာ‌ကြောင့် ဟင်းချက်ရတာ Jungkook အတွက်သိပ်မခက်ခဲ... Jungkook ကြက်ဥကြော်နေတော့မှ အောက်ထပ်ရောက်လာတဲ့ Tae ... Jungkook ကကျောပေးထားတာတောင် နှာခေါင်းထဲရနေတဲ့ အသီးရေမွှေးရနံ့သင်းသင်းလေး‌ကြောင့် Tae အနားရောက်လာပြီမှန်းသိလိုက်ရသည်....

💜 The Last Lover 💜 (Completed)Where stories live. Discover now