Part-4

1.9K 250 12
                                    

Taehyung စာမေးပွဲဖြေတဲ့နောက်ဆုံးနေ့ Hyg လာကြိုပေးမယ်ပြောထားတာမလို့ တက်ကြွနေမိသည်...ဘာသာအားလုံးကိုဖြေဆိုနိုင်တာမလို့ စာမေးပွဲမအောင်မှာစိတ်မပူရတော့...

စာမေးပွဲခန်းထဲကထွက်လာကာ Hyg စောင့်နေတဲ့ ကျောင်းရှေ့ခပ်လှမ်းလှမ်းက အပင်အောက်လျှောက်လာခဲ့သည်...

ဟောတွေ့ပါပြီ...ကားရှေ့ဖုံးကိုမှီကာ စမတ်ကျစွာရပ်နေတဲ့ Hyg...သားရေဂျာကင်အနက်ရောင်ကိုဝတ်ဆင်ထားကာ မျက်မှန်အကြည်လေးတပ်ထားတဲ့ Hyg ကရှင်းသန့်ချောမောနေလေသည် ....

Taehyung ပြုံးကာ Hyg နားလေးအပြေးသွားတော့...

"ဖြေနိုင်ခဲ့တယ်မလား ကောင်လေး..."

"ဟုတ်...."

၆ ရက်လုံး Hyg ရဲ့စာသေချာကျက်ဆိုတဲ့စကားလေးကြောင့် Taehyung moti တွေရပြီး ဖြေနိုင်ခဲ့တာကိုတော့ ထည့်မပြောဖြစ်တော့ပါ...Hyg မောင်းတဲ့ကားပေါ်လိုက်ပါလာရင်း Hyg မျက်နှာကိုခိုးခိုးကြည့်ကာ ရင်ခုန်နေမိပြန်သည်...Hyg ကိုမြင်တိုင်း Taehyung နှလုံးသားကထိန်းမရအောင် ခုန်ပေါက်နေတော့သည်...

ကားထဲမှာမွှေးပျံ့နေတဲ့ Hyg ကိုယ်သင်းရနံ့လေးက စာမေးပွဲကြောင့်စိတ်ပင်ပန်းခဲ့ရတဲ့ မွန်းကျပ်မှုတွေကို ယူပစ်သလိုပျောက်ကင်းစေသည်....Hyg ကမုန့်လိုက်ကျွေးမယ်လို့ပြောထားတာကြောင့် Hyg ကားလေး ဘယ်ကိုဦးတည်လည်းသူစိတ်မဝင်စား...သူ့နားမှာရှိနေတဲ့သူဟာ Hyg ဖြစ်နေဖို့သာစိတ်ဝင်စားသည်....

Hyg ခေါ်လာခဲ့တာက ဂျပန်ရိုးရာစားသောက်ဆိုင်လေး...သီးသန့်အခန်းယူရကာ စားပွဲခုံအဝိုင်းလေးကို ကြမ်းပြင်မှာချထားပြီး တင်ပျဉ်ခွေထိုင်ပြီးစားသောက်ရတဲ့နေရာလေးဖြစ်သည် ....သီးသန့်အိမ်လေးလိုဖြစ်နေကာ တိတ်ဆိတ်အေးချမ်းနေလေသည်...

Taehyung ကြမ်းပြင်ပေါ်က အမွေးပွှကော်ဇောခင်းထားတဲ့ပေါ် ခြေချလိုက်တယ်ဆိုရင်ပဲ နူးညံ့နွေးထွေးမှုကိုခံစားရသည်...ဘေးနားက Hyg ခြေထောက်လေးတွေကိုကြည့်မိတော့ မွှေးပွကော်ဇောပေါ်က အကြောစိမ်းတွေယှက်ဖြာနေတဲ့ခြေထောက်ဖြူဖြူလေးက သေသပ်လှပစွာရှိနေလေသည် .....သူစပြီးသတိထားမိတဲ့ခြေထောက်တစ်စုံ...

💜 The Last Lover 💜 (Completed)Where stories live. Discover now