Part-5

1.9K 260 44
                                    

Namjoon ကောင်လေးကိုရှောင်နေခဲ့မိသည်....ကောင်လေးကို သူမချစ်သင့်ဘူးဆိုတာသိရက်နဲ့ ..သူထိန်းချုပ်နေတဲ့ကြားက ကောင်လေးရဲ့အပြုအမူလေးတွေ သူနဲ့တွေ့ရင် မတည်ငြိမ်တဲ့မျက်ဝန်းလေးတွေ ရှက်နေတတ်တာလေးတွေကို သူလျစ်လျူမရှုနိုင်ခဲ့ပေ....

Namjoon မှာလက်ထပ်ဖို့ထိ ရည်ရွယ်ထားတဲ့ချစ်သူရှိသည်.....မိဘတွေလည်းသဘောတူကာ Namjoon ချစ်သူက နိုင်ငံခြားမှာပညာတော်သင်သွားနေတာမလို့ Namjoon နားမရှိခြင်းသာဖြစ်သည်....

ကောင်လေးကတော့ ညတိုင်း Message ပို့နေကျဖြစ်ကာ တစ်ခါတစ်လေ တွေဝေနေတတ်တဲ့ Namjoon က စာမပြန်ဖြစ် ....ဒီကောင်လေးကိုသူမငြိတွယ်ဖို့ကြိုးစားခဲ့သည်..သို့ပေမယ့် အမှတ်မထင်နီးစပ်ခဲ့တာလေးတွေ...ကောင်လေးရဲ့ရိုးသားတဲ့စိတ်လေးတွေက Namjoon နှလုံးသားကိုတုန်လှုပ်စေသည်...

Namjoon သိပါသည်...ကောင်လေးသူ့ကိုချစ်နေတယ်ဆိုတာ မလိမ်တတ်တဲ့ကောင်လေးမျက်ဝန်းတွေက သူ့ကိုကြည့်ရင် တောက်ပနေတတ်တာ...ကောင်လေးကိုသာ စောစောသိရခဲ့မယ်ဆိုရင် Namjoon တွေဝေမနေဘဲ အနားကိုခေါ်ထားမည်ဖြစ်သည်...ချစ်သူရှိနေပါတယ်လို့ ကောင်လေးကိုမပြောရက်.... သူ့ကြောင့်အရမ်းခံစားသွားရမှာစိုးရိမ်သည်...အဲ့တာထက်ကောင်လေးသူ့အနားကို တွယ်ကပ်မနေတော့မှာ ကောင်လေးသူ့ကိုမချစ်တော့မှာပိုစိုးရိမ်နေမိသည်...

သူဒီတိုင်းတွဲလိုက်လို့ရပေမယ့် ၁၆ နှစ်အရွယ်သာရှိသေးတဲ့ မရင့်ကျက်သေးတဲ့ကောင်လေး နှလုံးသားကိုဒဏ်ရာမရစေချင်ပါ...ပြီးတော့ သူ့လိုလူနဲ့ ကောင်လေးကမထိုက်တန်...ကောင်လေးက အရမ်းကိုမှအဖြူထည်လေးရယ်....

Namjoon အတွေးတွေများနေရင်း Ph ထဲဝင်လာတဲ့ message လေးတစ်စောင်...

"Hyg...ဘာတွေလုပ်နေလဲ...message လေးပြန်ပို့ဖို့တောင်မအားဘူးလား Hyg ရယ်..."

Namjoon ဖတ်ပြီး ပြန်မပို့ဖြစ်ပါ...အခြေအနေတွေမလွန်ခင် သူထိန်းချုပ်ချင်ပါသည်....

...မင်းကို ကိုယ်ဘယ်လိုလုပ်ရပါ့မလဲ ကလေးရယ်...

Namjoon ရေချိုးမလို့ ရေချိုးခန်းဝင်ရန်ပြင်နေတော့ ထမြည်လာတဲ့ ph...Contact က Name ကြောင့် နှုတ်ခမ်းတို့ပြုံးသွားရကာ အလျင်အမြန် ph ကိုင်လိုက်သည်...

💜 The Last Lover 💜 (Completed)Where stories live. Discover now