"မနက်ဖြန်သွားတော့မှာလား"
"ဟုတ်ကဲ့ Hyg..."
"Hyg ကသိပ်ခွင့်မပြုချင်ပေမယ့် ကတိပေးရမယ် အကယ်၍ အဲ့ဒီကောင်လေးရဲ့အချစ်ကိုမရနိုင်ဘူးဆိုရင် France ကိုပဲအပြီးပြန်လာရမယ်"
"ဟုတ်ကဲ့ပါ Hyg ရဲ့"
Jungkook သူ့အားစိတ်မချပဲ တဖွဖွမှာနေတဲ့ Hoseok Hyg ကိုကြည့်ကာ ကတိပေးမိသည်...
မိဘတွေမရှိတော့တဲ့ Jungkook ကိုငယ်ငယ်လေးကတည်းကရင်းစောင့်ရှောက်ခဲ့တဲ့ Hoseok Hyg...Jungkook နဲ့တစ်ဝမ်းကွဲတော်တာကြောင့် မွေးချင်းမရှိတဲ့ Hoseok Hyg က ညီလေးအရင်းလို စောင့်ရှောက်ခဲ့သည်...Hoseok Hyg က France မှာပန်းချီပြခန်းဖွင့်ထားတဲ့ ပန်းချီပညာရှင်...Jungkook ကိုငယ်ငယ်ကတည်းက Paris မြို့ရဲ့နာမည်ကြီး University ဖြစ်တဲ့ Schiller International University မှာ Art Major ကိုအထူးပြုပြီးပညာသင်ကြားစေခဲ့သည်...ပန်းချီဆွဲဝါသနာပါတဲ့အတွက် Hoseok Hyg နဲ့အတူ ညီအစ်ကိုနှစ်ယောက်လုံး ပန်းချီပြခန်းကိုဦးစီးခဲ့သည်...
Hoseok Hyg က Korea နဲ့ France ကပြားဖြစ်ပြီး...Jungkook က Korea လူမျိုးစစ်စစ်ဖြစ်သည်...Jungkook မေမေနဲ့ Hoseok Hyg မေမေနဲ့က ညီအစ်မဖြစ်သည်...ဘူဆန်မှာမွေးတဲ့ Jungkook ကမိဘတွေဆုံးပြီး ငယ်ငယ်ကတည်းကရင်း Hoseok Hyg ဆီလိုက်လာခဲ့တာကြောင့် လွန်ခဲ့တဲ့နှစ်က ဘူဆန်ကိုအလည်ခနပြန်ခဲ့သည်....
Korea ရောက်တုန်းမထင်မှတ်ဘဲ အမှတ်တမဲ့တွေ့ဆုံခဲ့ရတဲ့ ကောင်လေးတစ်ယောက်...ထိုကောင်လေးရဲ့ပုံလေးကိုကောက်ရခဲ့ပြီးတဲ့နောက် ထိုကောင်လေးနောက်ပဲ Jungkook အရိပ်လိုလိုက်နေခဲ့သည်...
သုံးလလောက်ထိ Jungkook ပြန်မလာတာကြောင့် Hoseok Hyg က ကျန်းမာရေးမကောင်းဘူးလို့ပြန်ညာခေါ်ခဲ့သည်...ဒီလိုနဲ့ Paris ကိုပြန်ခဲ့ရပေမယ့် ထိုကောင်လေးကိုမမေ့နိုင်တဲ့ Jungkook ဟာ ထိုကောင်လေးပုံတူပန်းချီတွေဆွဲနေခဲ့သည်...
Hoseok Hyg က သူ့ပုံစံကိုရိပ်မိတာကြောင့် တစ်နှစ်အကြာထိ Korea ကိုပြန်မလွှတ်ခဲ့ပေ...ဓာတ်ပုံလေးတစ်ပုံပဲရှိတဲ့ Jungkook က ညတိုင်းထိုကောင်လေးကိုလွမ်းတိုင်း သူတွေ့ခဲ့ရတဲ့ပုံရိပ်လေးတွေကိုဆွဲထားသည်...
ဘတ်စ်ကားမှတ်တိုင်မှာဝင်တိုက်မိပြီး သူ့ကိုတစ်ချက်မှမော့မကြည့်တဲ့ကောင်လေး...ထိုကောင်လေးရှိတဲ့ Coffee ဆိုင်ကိုသွားထိုင်တုန်းက သူ့ဆီအစားအစာတွေလာချပေးတဲ့ကောင်လေး...စက်ဘီးလေးစီးပြီးအိမ်ပြန်တတ်တဲ့ကောင်လေး...ပန်းဆိုင်ကနေ Lilac ပန်းအိုးလေးဝယ်ပြီးပျော်နေတဲ့မျက်နှာလေးနဲ့ပြန်သွားတဲ့ကောင်လေး...နောက်ရက်မှာပဲ လမ်းမထက်ကခုံတန်းလေးပေါ်မှာငိုရှိုက်နေခဲ့တဲ့ကောင်လေး...ပန်းချီကားချပ်စုစုပေါင်း ၅ ချပ်ဆွဲထားခဲ့သည်...
YOU ARE READING
💜 The Last Lover 💜 (Completed)
Fanfictionဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆိုတာက အရေးမကြီးပါဘူး အဆုံးသတ်ထိ ဘယ်သူကအနားမှာရှိပေးချင်လည်းဆိုတာပဲအရေးကြီးတာပါ... KimNamjoon#MinYoongi#JeonJungkook#KimTaehyung 18.8.2021 ဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆ...