Taehyung လမ်းမထက်မှာငိုနေမိသည်...ပထမဆုံးစချစ်မိတဲ့အချစ်ဟာ ပိုင်ရှင်ရှိနေပြီးသားတဲ့လား...သူသိခဲ့မယ်ဆိုရင် သူများချစ်သူအပေါ်စိတ်တွေယိမ်းယိုင်ခဲ့မှာမဟုတ်ပေ...Hyg သူ့ကိုပြောပြဖို့ကောင်းသည်...Hyg မှာချစ်သူရှိတယ်ဆိုရင်လည်း ဘာလို့ Taehyung ကိုကြင်ကြင်နာနာဆက်ဆံပေးခဲ့တာလဲ...ဘာလို့ကောင်းပေးခဲ့တာလဲ...အခု Taehyung ရင်ထဲနာကျင်နေရသည်..
ရှေ့ဆက်ပြီးဘယ်လိုလုပ်မလဲ...Hyg ကိုသူမေ့ပစ်ရမှာလား...မေ့ပစ်ဖို့ရောလွယ်ပါ့မလား...Hyg ကိုမြင်မြင်ချင်းချစ်ခဲ့တာ...တစ်နေ့တစ်ခြား Hyg ကိုစောင့်ကြည့်ရင်း အချစ်တွေပိုတိုးတိုးလာခဲ့တာ...အခုခံစားချက်က Hyg ပေါ်ချစ်ရသလောက်နာကျင်နေရသည်...
..ချစ်သူလက်ကိုတွဲပြီး ပြုံးနေလိုက်တာများ Hyg ရယ်...
Ph လာနေတာကိုသိပေမယ့်လည်း မကိုင်ချင်တော့...Taehyung ကမ္ဘာကြီးပျက်သုဉ်းသွားသလိုခံစားရသည် ...ညတိုင်းရေးခဲ့ဖူးတဲ့ ဒိုင်ယာရီစာအုပ်လေးကိုအားနာသည်...ညတိုင်းပို့ဖြစ်နေတဲ့ message တွေကိုအားနာသည်...Hyg နဲ့ချစ်သူဖြစ်ရင် ပေးဖတ်ဖို့ ...Hyg ကိုစက္ကန့်မလပ်သတိရနေတယ်ဆိုတာတွေသိစေဖို့..အဲ့ဒီလို Taehyung အချစ်တွေက Hyg အတွက်အပိုတွေဖြစ်နေခဲ့တာတဲ့လား...
Message ပို့ထားပေမယ့် ပြန်စာမလာတဲ့အခါ ခံစားရတဲ့နာကျင်မှုမျိုး....Ph ခေါ်နေခဲ့ပေမယ့် Ph မအားတဲ့အခါ ဘယ်သူနဲ့များပြောနေမလဲဆိုပြီး ပူလောင်စေတဲ့ခံစားချက်မျိုး...လျစ်လျူရှုခံရတဲ့အခါ အားငယ်လာတတ်တဲ့ သိမ်ငယ်စိတ်မျိုး...အရူးလိုမျိုးငိုနေခဲ့ရလည်း Hyg ရဲ့စကားလေးတစ်ခွန်းများကြားရရင် ပြုံးပျော်သွားရသည်...နှလုံးသားတစ်ခုလုံးစုတ်ပြတ်သတ်တဲ့အထိငိုကြွေးခဲ့လည်း Hyg ကိုတွေ့ရင်သက်သာသည်...
Taehyung နှလုံးသားထဲမှာရော ခေါင်းထဲမှာပါ Hyg ဆိုတဲ့လူသားကပြည့်နေသည်...အခြားဘယ်သူ့အတွက်မှနေရာမရှိခဲ့ ....Hyg ကိုမေ့ပစ်ဖို့သူဘာလုပ်ရမလဲ...တစ်စုံတစ်ယောက်ရဲ့နှစ်သိမ့်မှုကိုလိုအပ်သည်...တစ်စုံတစ်ယောက်ရဲ့ထွေးပွေ့မှုကိုလိုအပ်သည်...တစ်စုံတစ်ယောက်ရဲ့ရင်ခွင်ထဲအားရပါးရငိုချပစ်ချင်သည်...
လမ်းမထက်မှာ အရူးလိုငိုနေတဲ့ Taehyung ကိုဘယ်သူမှအရေးမလုပ်ကြပေ...ခုံတန်းလေးတစ်ခုကိုတွေ့တော့ အားပြတ်စွာထိုင်ချမိသည် ....ငိုထားရလွန်းလို့ နှာသီးဖျားလေးတွေနီရဲနေသည်...မျက်ခွံလေးတွေမို့နေသည်...ခုံတန်းပေါ်မှာပုံ့ပုံ့လေးထိုင်နေတဲ့ ပုံရိပ်လေးနား သွားသင့်မသွားသင့်စဉ်းစားနေတဲ့ ကောင်လေးတစ်ယောက်လည်းရှိသည်...
YOU ARE READING
💜 The Last Lover 💜 (Completed)
Fanfictionဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆိုတာက အရေးမကြီးပါဘူး အဆုံးသတ်ထိ ဘယ်သူကအနားမှာရှိပေးချင်လည်းဆိုတာပဲအရေးကြီးတာပါ... KimNamjoon#MinYoongi#JeonJungkook#KimTaehyung 18.8.2021 ဘယ်သူကအချစ်ဦးဖြစ်ခဲ့တယ် ဘယ်သူကချစ်တတ်အောင်သင်ပေးခဲ့တယ်ဆ...